Passive Income

Words
134
Reading
1 min
Listen
Play
5y

Hello „ all my friends.
မင်္ဂလာ ပါ

ဒီနေ့တော့ စားစရာတေ အများကြီး လုပ်စားဖြစ်သော်လည်း အစားအသောက် အကြောင်းမရေးဘဲ
အခု လက်ရှိ မမ ကြုံတွေ့နေရတဲ့ စီပွားရေး အကြောင်း အနည်းငယ် ရေးကြည့်မယ်

ယခု ကာလ အပြင်သိပ်မထွက်တော့ မိတ်ဆွေအပေါင်းအသင်း များနဲ့လည်း မဆုံဖြစ်ကြ

ခုရက်ပိုးင်း အပြင်လေး သွားသွားလာလာ လုပ်မိတဲ့အခါ မိတ်ဆွေ သူငယ်ချင်းများနှင့် တွေ့ ကြ သည့်အခါ
တစ်ယောက်ကို တစ်ယောက် မေးကြ သည့် စကားကတော့
"နင် အဆင်ပြေရဲ့ လား " ပေါ့နော်
သူးလည်းမေး ကိုယ်လည်းမေး ပေါ့ နော်
သူက ဝန်ထမ်းဆိုရင်တော့ cdm လား? non-cdm လား?
non-cdm ဆိုရင် လစာရနေသည့်အတွက် အဆင်ပြေနိုင်သည်ဟု ယူဆရပြီး cdm ဆိုရင်တော့ အခုချိန် လစာမရသည့် အတွက် အဆင်မပြေနိုင် ဆိုသည့် သဘောပေါ့ ဒါက တွေရသည့် မိတ်ဆွေက အစိုးရဝန်းထမ်း ဆိုရင်

နောက် ကုမ္မဏီဝန်ထမ်း ဆိုရင်တော့ ကုမ္မဏီ မှာဆက်လုပ်နေတယ်ဆိုရင် မပြုတ်သေးလို့နဲ့ လစာ အပြည့်ရလား တစ်ဝက်ဘဲ ရလား အဆင်ပြေရဲ့လား အဲ့လိုမေးဖြစ်ကြ တယ်

ကိုယ့်လို စီးပွားရေး သမားကိုတော့ သူတို့ မေးတဲ့ အဆင်ပြေရဲ့လား ဆိုတာမှာ အရင်းပြုတ်သွားပြီလား ရောင်းကောင်းလား မေးလာကြပါတယ်

အဲ့ဒေါ့
ဖြေချင်တာက ယခုလက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ သူအားလုံး အဆင်မပြေ နိုင်ပါလို့ ​ဖြေချင်တာပါ

စီးပွားရေးလုပ်တယ် ကုန်ပစ္စည်း ရောင်း/ဝယ် ဆိုတာ အမြတ်ရခြင်လို့ ရောင်းကြ ဝယ်ကြ စီးပွားရေး လုပ်နေကြ တာပါ

အခုကတော ရောင်းရင်းဝယ်ရင်း အရှုံးပေါ်နေတဲ့ စီးပွားရေး ပါ
ရောင်းရသလောက်အရှုံးပေါ်နေတဲ့ ခေတ်ကာလ အခြေအနေကြီးပါ

မေးကြတဲ့သူတေကို ဖြေပေးလိုက်တယ်
အဆင်ပြေ မနေပါဘူး သူငယ်ချင်းရယ် လို့

Thanks for all.

img_0.5932566729126748.jpg

mamamyanmar@mamamyanmar

Passive Income | Ecency