#foodies
#ecency
#d-buzz
#palnet
Hello „ all my friends.
Today „ my breakfast is boild green beans & indian flag bread.
ယနေ့ ကျမ၏ နံနက်စာ breakfast ကတော့ ပဲပြုတ် နှင့် နံပြား ဖြစ်ပါသည်
ယနေ့ကတော့ အိပ်ရာစောစောနိုးသဖြင့် လေ့ကျင့်ခန်းလုပ် လမ်းလေျာက်မည်ဟု စိတ်ကူးနှင့် အိမ်တခါးဖွင့်ပြီး လမ်းမထွက်လိုက်သည်နှင့်
ပဲနံပြား ငချိတ်ပေါင်း ဆိုသည့်စျေးသည်နှင့် တည့်တည့်တိုးပါသည်
ထိုကြောင့် ယနေ့နံနက်ခင်းအစားအစာကိုတော့ ပဲပြုန်နှင့် နံပြားစားရန်အ ဝယ်ယူခဲ့ပါသည်
ယခင်အချိန်တွေက နံနက်စောစော ပဲ နံပြား ငချိတ်ပေါင်းစားချင်ပါက စျေးသည်ကို "လာပါအုံး" ဟုခေါ်ယူဝယ်စားရသည်မှာလွယ်ကူပါသည် ပဲပြုတ်ရောင်းသည့်စျေးသည်များ နံနက်စောစော တွင် ထိုသူတို့ လမ်းေျကေ်၍အော်ရောင်းသည့် "ပဲပြုတ် "ဆိုသည့်အသံက အိမ်ရှေ့မရောက်ခင် ၁ဖာလုံခန့်အကွာ မှာကတည်း စတင်ကြားရပြီး သည့်အချိန်မှ အိပ်ရာမှထ၍ ပိုက်ဆံယူ တံခါးဖွင့် ဝယ်ယူချိန်ရရှိပါသည်
ယခုများတွင်တော့ ပဲပြုတ်ဝယ်ယူရန် အဆင်သင့် တခါးဖွင့်စောင့်နေတာတောင် " ပဲပြုတ်" ဟူသည့် အော်သံနှင့်အတူ "ဝှီး "ကနဲ ဆိုင်ကယ်ဖြတ်မောင်းသွားသည်သာ မြင်လိုက်ရပြီး အော်မကြား ခေါ်မကြား မို့ မဝယ်လိုက်ရသည်ကများပါသည်
( စျေးသည်အများစုက ဆိုင်ကယ်တွေနှင့် လည်ရောင်းကုန်ကြတော့သည်)
ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင် စားရခဲမျှ ပဲပြုတ်နှင့် နံပြားအား ယနေ့ဝယ်ယူ စားသောက်ခဲ့ပါသည်
Thanks „ for all.
@mamamyanmar