This content got low rating by people.

👫👬👭 ရင်ဘက် ​​မိတ်ဆွေ 👭👬👫

Words
118
Reading
1 min
Listen
Play
8y

👫👬👭 ရင်ဘက် ​​မိတ်ဆွေ 👭👬👫



လူတွေမှာ

မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့်

ရင်ဘတ် မိတ်ဆွေဆိုတာကတော့

အနည်းငယ်သာ ရှိတတ်ပါတယ်



ရင်ဘတ်မိတ်ဆွေဆိုတာ



သူ့အကြောင်းကိုယ့်အကြောင်း

ယုံကြည်စိတ်ချစွာ

ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့ရသူ

ကွယ်ရာမှာအတင်းမတုတ်သူ

ကိုယ့်ပေါ် စေတနာကောင်းထားပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ ကိုယ့်အောင်မြင်မှုအတွက်

ဝမ်းမြောက်ပေးပြီး

ကိုယ့်ကျရှုံးမှုအတွက်

စာနာဖေးမ အားပေးနိုင်သူမျိုးပေါ့



ဘဝမှာ

အပေါင်းအသင်းတွေများများရှိဖို့

လိုအပ်ပေမယ့်

ရင်ဘတ်မိတ်ဆွေကတော့

တစ်ယောက်လောက် ရှိဖို့ဆိုတာ

ခပ်​ရှားရှား.........



ငယ်ငယ်တုန်းကတော့

ကိုယ့်ကျောင်းနေဖက်

ငယ်သူငယ်ချင်းဆိုတာတွေနဲ့



ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေမယ့် ကြီးပြင်းလာတာနဲ့အမျှ

အလုပ်တွေအများကြီး

လုပ်လာတာနဲ့အမျှ



အပြိုင်အဆိုင်များတဲ့လောကကြီးမှာ ရင်ဘတ်မိတ်ဆွေဆိုတာ

တဖြည်းဖြည်းရှားပါးလာပြီး

နောက်ကျောကို ဓားနဲ့ထိုးတဲ့သူမျိုးသာ များများလာတတ်ပါတယ်



ကိုယ်က သူများထက်

ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါဘဲ



လူ့လောက သဘာဝမှာ နိမ့်ပါးနေတဲ့သူတစ်ယောက်ကိုသာ

သနားလိုက်တာလို့ ကရုဏာထားနိုင်သူများလာပေမယ့်



 ကိုယ်နဲ့ပခုံးချင်းယှဉ်လာသူ

ကိုယ့်အောက်ကနေ ကိုယ့်အထက် တက်သွားသူတွေအပေါ်မှာတော့

မုဒိတာထားဖိုဆိုတာ

ခပ်​ရှားရှား...



 မုဒိတာဟာ

အခက်ဆုံးလို့

တရားတော်တွေမှာ ဟောကြားခဲ့တာပါ အသက်အရွယ်ရှိလာတာနဲ့အမျှ လူ့စိတ်သဘာဝအမျိုးမျိုးကို

နားလည်လာရတဲ့အခါ တရားကျစရာကိစ္စတွေကိုလည်း တွေ့မြင်ကြုံဖူးခဲ့ရပါတယ်



ကိုယ့်ကို

ပညာသားတွေနဲ့ ဆက်ဆံသူလား

စိတ်ရင်းအမှန်နဲ့ ဆက်ဆံသူလားဆိုတာ ခွဲခြားတတ်လာပါတယ်



ကိုယ့်အပေါ်

ရှိသာခိုး ငြိုးလျက်ပါပဲ ဆိုတာမျိုး သဘောထားသူလားဆိုတာလည်း သိလာရတတ်ပါတယ်



တစ်ခါတစ်ခါ ကိုယ့်ကို

ညာနေတယ်ဆိုတာ သိပေမယ့်

ပက်ခနဲတုန့်ပြန်ပြောပစ်လိုက်စရာ အကြောင်းအရာစကားလုံးလည်းရှိပေမယ့် အပြုံးမပျက် ငြိမ်နားထောင်နေလိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်



သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ

ရင်ဘတ်မိတ်ဆွေရှားလာလေပါ



မယုံကြည်ရသော လူများစွာက

မယုံတတ်အောင် သင်ကြားပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ

ယုံကြည်မှုဟာ

ဘယ်လောက်အရေးပါတယ်ဆိုတာ သိမြင်လာရတတ်ပါတယ်



အဲ့ဒီအခါမျိုးမှာ

ဘာမှမသိ နားမလည်တဲ့

ငယ်ဘဝဆီက

ရင်ဘတ်မိတ်ဆွေများရဲ့တန်ဖိုးကို



လူ့ဘဝရဲ့

တန်ဖိုးအရှိဆုံးတွေထဲက

တန်ဖိုး မဖြတ်နိုင်သော အရာတစ်ခုဟာ



👫👬👭 ရင်​ဘတ်​မိတ်​​ဆွေပါ 👬👭👫


Follow me

mamaeainjal@mamaeainjal image

👫👬👭 ရင်ဘက် ​​မိတ်ဆွေ 👭👬👫 | Ecency