The Days Without Job

Words
121
Reading
1 min
Listen
Play
8y

ဘာလိုလိုနှင့် အလုပ်ရှိသော်လည်း အလုပ်မလုပ်ရသည်မှာ တစ်လခန့်ပင်ရှိချေပြီ။ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အပိုင်ဖြစ်သည့် ကျုံဘိုင်းကျေးရွာအုပ်စုဝင် ကြာအင်းစုကျေးရွာလေးတွင် ကျေးလက်ကျန်းမာရေးဋ္ဌာနဆောက်လုပ်ရန်အတွက် ရောက်ရှိနေသည်မှာ ရက်20ကျော်ပင်ရှိနေပြီဖြစ်သည်။ယခုအချိန်ထိလုပ်ငန်းမစရသေးပါချေ။အလုပ်သမားအဖွဲ့မရောက်ရှိသေးခြင်း၊ပစ္စည်းမစုံသေးခြင်း၊အဆောက်အဦးပုံစံနှင့်ပါတ်သတ်၍ ပြည်နယ်ရုံးမှနေပြည်တော်သို့စာတင်ထားခြင်းတို့ကဲ့သောကိစ္စရပ်များကြောင့် အလုပ်မလုပ်နိုင်သေးခြင်းဖြစ်သည်။ရွာတွင်နေရသည်မှာ အိမ်ရှင်၏ဖော်ရွေပျူငှါမှူ၊ရွာသားများ၏ဖော်ရွေပျူငှါမှူတို့ကြောင့် အဆင်ပြေသော်လည်း အလုပ်မလုပ်ရသေးသဖြင့်အလွန်ပင်ပျင်းစရာကောင်းနေချေသည်။ဖုန်းလိုင်းများမှာလည်းရှားရှားပါးပါး တယ်လီနော တစ်ခုသာမိချေသည်။အင်တာနက်လိုင်း အနည်းငယ်မျှဖြင့် အဝိုင်းလည်နေသည်ကများသည်။MPT 2Gခေတ်ပြန်ရောက်သွားသလိုပင်ထင်မိသည်။တစ်ခါတစ်လေအတန်ငယ်ဝေးသော ကျုံဒိုးမြို့ပေါ်သို့ရောက်ပါမှ အင်တာနက်လိုင်းကောင်းကောင်းသုံးရသည်။ဒါတောင် 3Gပဲရပါသေးသည်။တယ်လီနောမှပို့သော (Start using internet with 4G Data and then get 60% bonus on any top-up amount in 7 days. Received bonus validity is 3 days and can be used for internet PayAsYouGo only)
ထိုMessageသည်ကျွန်ုပ်နှင့်လားလားမှမဆိုင်သလိုပင်။သို့သော်ထိုအကြောင်းအရာကို တယ်လီနောဆိုသော Operatorကသိနေသည်လားမပြောတတ်။ကျွန်ုပ်ဆီသို့ နေ့စဉ်လိုလို ထိုMessageပင်ပို့နေချေသည်။သုံးမရပါဘူးဆိုမှ အတော်ပင်မျက်နှာပြောင်လှသည်။4Gသုံးမည်ဆိုပါက အနီးဆုံး ကော့ကရိတ်မြို့သို့ 15မိုင်ကျော်ကျော်ခန့်သွားရမည်။နေပါစေတော့ Steemit တွင်ပိုစ့်တင်ရန်အတွက် လိုင်းကောင်းလျှင်လုံလောက်ပါချေပြီ။ယခုရက်ပိုင်းအတွင်း ထိုင်နေရသည်ကများသောကြောင့် facebookသုံးရင်း ဟိုကြည့်သည်ကြည့်နှင့် Mobiဆိုသောwalletတစ်ခုကိုသိရှိခဲ့ပြီး လိုက်ပါလုပ်ဆောင်ကြည့်ခဲ့သည်။
image
သို့သော် ကံမကောင်းအကြောင်းမလှသဖြင့် ကိုယ့်သိသည့်အချိန်တွင် အပေးနည်းသွားသလို ထုတ်၍လည်းမရတော့ပါချေ။ယခင့် ယခင် အစကသိသွားသူများကတော့ ဒေါ်လာ လေးငါးခြောက်ရာ ရသွားကြလေသည်။ကျွန်ုပ်တွင်တော့ ရရှိလာသည့် $20ခန့်ကိုထုတ်ရန်ကြံစည်မိချိန်တွင်ပင် အကောင့်အားbanသွားခဲ့လေပြီဖြစ်သည်။ထိုMobi ကောင်းမှူကြောင့် ပျင်းနေသောကျွန်တော် online Cryptocurrency လောကသို့တစ်ဖန်ပြန်လည်ရောက်ရှိခဲ့ပြန်ပြီ။Freeရနိုင်သော မရေမတွက်နိုင်သည့် ICO Bountyများ၊Air dropsများကိုလိုက်လံSign upလုပ်ရင်း ဖြင့် အချိန်တစ်ရက်တာကိုကုန်ဆုံးစေတော့သည်။ရသည်မရသည်ကျွန်တော်မသိပါချေ။ရလည်းမရဖူးပါချေ။သို့သော် အားနေမည့်အတူတူ အင်တာနက်ဖိုးအကုန်ခံ၊ဖုန်းအပူခံ၍ အပျင်းပြေလုပ်ကြည့်သည်ကမဆိုးဟုတွက်မိသောကြောင့် လုပ်နေခြင်းဖြစ်သည်။ယခု တစ်ပတ်တာကာလအတွင်းတွင် ICO Bountyလေးငါးခုနှင့်၊Yendex browserတွင် Chrome Extensionသွင်း၍ BTCရသော Extensionတစ်ခု၊Telegram မှရသော Coinတစ်မျိုးနှင့် ETN free မိုင်းတူးခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ဤသို့ဖြင့် အလုပ်မရှိသောနေ့ရက်များအားကျော်ဖြတ်နေရလေသည်။
linnkhant42@linnkhant42
MSC- 022
image
credit photo original source

The Days Without Job | Ecency