သင်္ခါရသဘောသည်သာဖြစ်သည်

Words
73
Reading
1 min
Listen
Play
8y

image
အနိစ္စဝတ သင်္ခါရာ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ တေသံဝူပသမော သုခေါ။

သင်္ခါရာ= ကံ စိတ် ဥတု အာဟာရ လေးဖြာအကြောင်း
စုပေါင်းစီရင် ပြုပြင်အပ်စွာ ရုပ်နာမ်နှစ်ဝ သင်္ခါရတရားတို့သည်

ဝတ = စင်စစ်ဧကန် အမှန်အားဖြင့်

အနိစ္စာ = အမြဲမရှိကုန်။

ဥပ္ပါဒ ဝယ ဓမ္မိနော = ဖြစ်လျှင်ပျက်မြဲ မလွဲတံထွာ
ဓမ္မတာသဘော ရှိကုန်၏။

ဥပ္ပဇ္ဇိတွာ = ဖြစ်ကုန်ပြီး၍

နိရုဇ္ဈန္တိ = ပျက်စီးမသွေ ချုပ်ငြိမ်းကြရပေကုန်၏။

တေသံ = ကံ စိတ် ဥတု အာဟာရ လေးဖြာအကြောင်း
စုပေါင်းစီရင် ပြုပြင်အပ်စွာ့ ထိုသင်္ခါရတရားတို့၏။

ဝူပသမော = အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သည်။

သုခေါ= မှန်စွာမုချ ချမ်းသာလှပေ၏။ ။

အရာရာတိုင်းသည် အမြဲမရှိခြင်း
ဆင်းရဲခြင်း အစိုးမရခြင်း သဘောတရားရှိကြကုန်၏ ။

သံဝေဂ သဘောသွား အဓိပ္ပါယ်ဖြစ်ပါသည် ။

letwethondara@letwethondara
photo from google

သင်္ခါရသဘောသည်သာဖြစ်သည် | Ecency