ခဏ

Words
35
Reading
1 min
Listen
Play
8y

image
ဟို ••••အဝေးကြီးကို
ငေးမောစွာကြည့်နေမိခဲ့တယ်•••••

ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်းသက်
အေးမြသောလေးညှင်းလေးတွေက
ထင်းရှုးရနံ့တွေကို သယ်ဆောင်လို့
ကိုယ့်ကိုယ် တိုးဝေ့ကာတိုက်ခတ်သွားကြ ။

ကိုယ့်ရဲ့ စိတ်တွေလဲ ခေတ္တခဏတော့
အတွေးကမ္ဘာငယ်လေးထဲမှာ
ပျော်ဝင် နစ်ဝင်သွားခဲ့တယ် ။

သတိလေးက ပြန်ဝင်လာတော့
ငါ•••စိတ်ကူးအိပ်မက်ထဲမှာပျော်ဝင်ခဲ့တာပဲ
တကယ် ဖြစ်နေခဲ့တာမဟုတ်ဘူးလို့
သိလိုက်ရတဲ့အခါ ဝမ်းနည်းခဲ့ရတယ် ။

ဘာပဲဖြစ်ဖြစ် ငါ့အနားမှာအဖော်ပြုပေးနေတဲ့
ထင်းရှုးတောကြီးနဲ့ အေးမြသောလေးပြေလေးတွေကို
ကျေးဇူးတင်ပါတယ် ။

letwethondara@letwethondara
my photo

ခဏ | Ecency