နာနတ်သီးသည်bromeliad ဟုအမည်ရသောရှားပါးမျိုးနွယ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင်လူသားတို့ စားသုံးနိုင်သည့် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအမျိုးအစားပေါင်း ထောင်ဂဏန်းခန့်ရှိသော်လည်းပဲ လက်ရှိကာလအထိ စားသုံးလို့ရသည့် bromeliad နွယ်ဝင် သစ်သီးတစ်မျိုးတည်းသာ ရှိနေပါသည်။
၎င်းကတော့ နာနတ်သီး ဖြစ်ပါသည်။ ပူနွေးစွတ်စိုသောနေရာဒေသတွင်ကောင်းစွာရှင်သန်ကြပါသည်။နာနတ်သီးပင်တို့၏မြစ်ဖျားခံရာဒေသမှာတောင်အမေရိကတိုက်၏ အပူပိုင်းဇုန်ဖြစ်သည့်ဘရာဇီးလ်နှင့်ပါရာဂွေးနိုင်ငံတို့ဖြစ်ကြပါသည်။ ခရစ်စတိုဗာ ကိုလံဘတ်စ်သည် ထိုဒေသထွက် နာနတ်သီးများကို သင်္ဘောဖြင့် ကုန်သွယ်ဖောက်ကားရန်အတွက် ပေါ်တူဂီနှင့်စပိန်သို့သယ်ဆောင်လာခဲ့ပါသည်။
၎င်း နိုင်ငံများတွင် စဦးပိုင်း၌နာနတ်သီးကိုသိပ်မနှစ်သက်ကြသော်လည်းပဲ နောက်ပိုင်းတွင်နာနတ်သီးက ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တတ်သည့်သွေးရောဂါကို ပျောက်ကင်းစေနိုင်သောဆေးဘက်ဝင်အသီးအဖြစ်သိရှိလာခဲ့ချိန်မှစ၍ နာနတ်သီးသည် ရေပန်းစားလာခဲ့ပါတော့သည်။