အိမ်ပြန်ရောက်တာနဲ့ မိန်းမကိုကမန်းကတမ်းရှာမိတယ်။တွေ့ချင်လို့ရှာမှ မိန်းမကိုမတွေ့ရတော့ စိတ်ထဲနည်းနည်းတင်းသွားတယ်။ပြန်လာရင်တော့ ပြသနာရှာလိုက်အုံးမယ်လို့ စိတ်ထဲမှာတွေးထားပေမယ့် အိမ်ထဲဝင်လာတဲ့မိန်းမကိုတွေ့တဲ့အချိန်မှာတော့ ပြောရအုံးမယ်ယောက်ျားရေဆိုတဲ့ မိန်းမရဲ့စကားအောက်မှာ ကိုယ်သိချင်တာများပါမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒေါသတွေဆိုတာလည်း ကြက်ပျောက်ငှက်ပျောက်ပေါ့။
photo credit by facebook
မိန်းမရဲ့သတင်းစကားအရတော့ မောင်ချက်ကချမ်းသာတဲ့မိသားစုကဖြစ်ပီး မိဘတွေကစီးပွားရေးဘက်မှာပဲအာရုံစိုက်ထားတော့ မောင်ချက်ကိုဂရုမစိုက်နိုင်ခဲ့ဘဲ ပိုက်ဆံကိုသာလိုသလောက်ပေးသုံးထားတဲ့ အကျိုးဆက်ကတော့ ဆယ်ကျော်သက်အရွယ်မောင်ချက်တစ်ယောက် ပျက်စီးခြင်းရဲ့လမ်းပေါ်ကိုရောက်သွားတယ်။ပတ်ဝန်းကျင်ကစကားသံတွေက မောင်ချက်မိဘတွေရဲ့နားထဲကိုရောက်တဲ့အချိန်မှာတာ့ မောင်ချက်တစ်ယောက်ဆေးသမားဖြစ်သွားရှာပီတဲ့ ယောက်ျားရယ်ဆိုပီး စကားစကိုဖြစ်သွားတဲ့မိန်းမကို နားရင်းကိုဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်သွားပေမယ့်လည်း စိတ်ထဲမှာဖြစ်တဲ့ဒေါသကတော့ စိတ်ထဲမှာပဲပျောက်ကွယ်ခဲ့ရပါတယ်။
ကိုယ်သိချင်မှန်းသိရက်နဲ့ ဆက်မပြောဘဲ သူ့အလုပ်ကိုသူ မသိချင်ယောင်ဆောင်ပီး လုပ်နေတဲ့မိန်းမကို ဘယ်အချိန်မှာဆက်ပြောမလဲလို့စောင့်နေပေမယ့် မိုးသာချုပ်သွားတယ် မိန်းမကလေသံတောင်မဟတော့ပါဘူး။စပ်စုတာကိုမကြိုက်ဘူးနော် နေရာတကာစပ်စပ်စုစုမလုပ်နဲ့လို့ ဒီမြို့ကိုမိန်းမစရောက်တဲ့နေ့ကတည်းက သတိပေးထားတဲ့ကိုယ့်ကိုကိုယ် ဒီတစ်ခါတော့ အမုန်းဆုံးဖြစ်သွားခဲ့တယ်။
အေးစက်စက်လက္ဘက်ရည်တစ်ခွက်ကို ကုန်အောင်မော့သောက်လိုက်ပီး အိမ်ကိုပြန်လာခဲ့တယ်။လမ်းတစ်လျှောက်မှာတော့ မောင်ချက်တစ်ယောက်များတွေ့မလားဆိုပီး မရှိမှန်းသိရက်နဲ့ ယောင်ယမ်းပီးရှာမိသေးတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ အိမ်ရှေ့မှာကိုယ်မမြင်ဘူးတဲ့အမျိုးသမီးနှစ်ယောက်နဲ့ စကားလက်ဆုံကျနေတဲ့မိန်းမကိုတွေ့လိုက်ရတဲ့အချိန်မှာ မိန်းမတွေဒီလောက်တောင်ပဲအားနေကြသလားလို့တွေးမိတယ်။သတိထားကြည့်တော့မှ ဈေးခြင်းတွေအိမ်ပြန်မထားကြရသေးဘူးပဲဆိုတာ သိလိုက်ရတယ်။ဒါနဲ့စိတ်ထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုမအောင့်နိုင်တော့ဘဲ ခင်ဗျားတို့အိမ်ပြန်ပီးချက်ဖို့ပြုတ်ဖို့မစဉ်းစားသေးဘူးလားလို့ မေးမိခဲ့တယ်။
ကိုယ့်ဆီကစကားသံကိုကြားတော့မှ အမျိုးသမီးသုံးယောက်ရဲ့စကားဝိုင်းက အဆုံးသတ်သွားခဲ့တယ်။ဆွဲခြင်းကိုယ်ဆီဆွဲပီး ခြံဝိုင်းထဲကထွက်သွားခဲ့တယ်။မိန်းမကတော့ မျက်စောင်းထိုးပီးအိမ်ထဲကိုဝင်သွားခဲ့တယ်။ကိုယ်လည်းကိုယ်မသိရမယ့် သတင်းကိုနားထောင်မနေတော့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စုံစမ်းတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။
@leeshang
MSC -230