ရင်နင့်ကြွေ (၃)

kyi(56)
Published in
#myanmar
Words
258
Reading
2 min
8y
Listen to this post
~2 min

ရင့်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

အပိုင်း(၃)

ခေါင်းမာလှသော သမီးအား ချော့ချော့မော့မော့ ပြောဆိုရပေအုံးတော့မည်ဟု ဒေါ်မိုးမိုး သက်ပြင်းချ တွေးမိလေသည်။
ညဘက်ရောက်တော့မှ သမီးကို ခနခေါ် တိုးတိုးတိတ်တိတ် မေးရလေတော့သည်။

"သမီး ညည်းယောက်ျား သူ့အိမ်ပြန်မှာ ညည်းခေါ်နေတာဆို”

"ဟုတ်တယ်လေ အမေရယ် သူက နိုင်ငံခြားသွားမှာတဲ့ ကျုပ်က သူ့အိမ်က ဟာတေနဲ့ မနေချင်ဘူး အမေရယ် ကျုပ်ဟာကျုပ် ဒီမှာပဲ နေမယ် သူ့သူ သွားပါ့လေ့စေ”

"အော် ဒုက္ခ ငါ့သမီးရယ် ယောက်ျား ယူပီးမှတော့ သူ့ဘက် ကိုယ့်ဘက် ခွဲနေမလား နေရမှာပေါ့အေ ယောင်နောက် ဆံထုံးပါဆိုတာ သမီး ကြားဖူးသား မဟုတ်လား မရဘူး လိုက်ချင်ချင် မလိုက်ချင်ချင် လိုက်သွား ဘယ်နဲ့အေ ယူထားတာ လပိုင်းရှိသေးတာကို..”

ဒေါ်မိုးမိုး တစ်ယောက် သမီးဖြစ်သူအား ရှည်လျားစွာ ဆုံးမစကားပြောဆိုရင်း သမီးဖြစ်သူအား ကြည့်ရင်း မိမိပါ ဝမ်းနည်းလာလေသည်။ မိမိတို့မှာ သမီးလေးတစ်ယောက်သာ ရှိသည်မလို့ မျက်စိအောက်မှာ ထားချင်ပေသိ ဆိုင်သာဆိုင်လျက် သူမကို သူမ ခင်ပွန်းက ပိုင်သည် မဟုတ်ပါလား..။

images (12).jpeg
Crd-org-source

သူတို့ မသွားခင်ညကျတော့ အမေနှင့်အဖေအား ရှိခိုးကြရင်း စကားစမြည်ပြောဆိုနေကြလေသည်။
ထိုစဉ် ဌေးဌေးဦးမှ ...

"အမေ ကျုပ် မောင်လေး ခေါ်သွားမယ်တော် ကျုပ်တစ်ယောက်တည်း လိုက်သွား ပျင်းစရာကြီး မောင်လေးပါ အဖော်ရတာပေါ့ ...”

"သမီးရယ် ညည်းမောင်လေး ကျောင်းတက်နေတာကိုအေ”

"အမေရယ် သူတို့ သတင်းကျွတ်ကျောင်းရက်ရှည်လဲ ပိတ်တော့မှာကို ပြီး ကျုပ် ပြန်လိုက်ပို့မှာပေါ့ ”ဟု ပြောရင်း တဆက်တည်း

"ဖိုးသား မောင်လေး မမနဲ့ လိုက်မယ်မလား ”ဟု လှည့်မေးရာ

"ဟုတ် လိုက်မယ် မမ...တကယ်ခေါ်မှာနော် ”ဟု ပြောရင်း သားအငယ်ကောင် ပျော်နေလေသည်။

"အေးလေ သားပါပါတော့ သေချာ ရောက်မှာပေါ့ ”ဟု တွေးရင်း သားငယ်ကို သမီးတို့ လင်မယားနှင့် ထည့်ပေးလိုက်လေတော့သည်။

images (13).jpeg
Crd-ord-source

သားနှင့် သမီး မရှိတော့ ဒေါ်မိုးမိုးရော ဦးမောင်ဦးရော စိတ်ထဲ လစ်ဟာနေကြသည်။ ဖုန်းဆက်ရန်ကြတော့ သားမက်ရွာ ခေါင်လှပေသည်။ ဖုန်းလိုင်းပင်မမိ..။ သမီးရော သားပါ အလွန် သတိရလှပြီ ဘုရားရှိခိုးရင်း သားနှင့် သမီး ကျန်းမာချမ်းသာကြစေကြောင်း ဆုတောင်းရင် တစ်ညပြီး တစ်ည ကုန်လေသည်။ ဘာလိုလိုနှင့် သမီးတို့သွားပြတာ ၁၀ရက်ခန့်ပင် ရှိလေပီ မဟုတ်ပါလား..။
တစ်ရက် ဒေါ်မိုးမိုး အလုပ်က ပြန်အလာ အိမ်တံခါးကြီး ပွင့်နေလေသည်။ အိမ်ထဲမှ ...

mother-and-son.jpg
Crd-org-source

"အမေ...”ဟုသော ခေါ်သံနှင့်အတူ သားပြေးထွက်လာလေသည်။

" ဟော်တော် ငါ့သားလေး ပြန်လာပြီလား မင့်မမကော ပါလား”

" ပါတယ် အမေ သားနဲ့ မမပဲ ပြန်လာတာ ကိုကြီးပြန်မပါလာဘူး”

" အေးအေး သား ” စကားပြောရင်း သားငယ်အား ထွေးပိုက်ထားမိသည်။
အိမ်ထဲရောက်တော့ သမီးဖြစ်သူ ပင်ပန်းလာလေသလားမသိ အိပ်ပျော်နေလေသည်။ သားဖြစ်သူအား တီးတိုးမေးကြည့်မိရပြန်သည်။

"ငါ့ သား မင်းအမနဲ့ သူ့ယောက်ျားရယ် သားရောက်တဲ့ အိမ်ကလူတွေအကြောင်း အမေ့ပြောပါအုံး”

"ဟုတ် ကိုကြီးနဲ့ မမက ခနခန ရန်ဖြစ်နေကြတယ် အမေ ပြီးတော့ သားပြန်လိုက်ပို့မယ် ဆိုပြီး ပြန်လာတာ”

"ကိုကြီးက သူရောလိုက်မယ်ပြောတာ မမက နေခဲ့ခိုင်းတာ အမေ...”

"အမေ ကျုပ် ရွာထဲ သူငယ်ချင်းတွေဆီသွားအုံးမယ်...”ပြောရင်းဆိုရင်း သားဖြစ်သူ အိမ်အပြင်ဘက် သို့ ပြေးသွားလေတော့သည်။

720546.jpg
Crd-org-source

အိမ်း....သမီးနိုးလာမှပဲ ဖြစ်ကြောင်းကုန်စင်မေးရတော့မည်။အေးလေ ၇နှစ်သာ ရှိသေးသော သားက ဘယ်လို လုံးစေ့ပတ်စေ့ ပြောနိုင်ပါ့မလဲ.. တွေးရင်း ဒေါ်မိုးတစ်ယောက် သားနှင့်သမီး ဖွယ်ဖွယ်ရာရာ စားရန် မီးဖိုချောင်ဝင်လေတော့သည်။

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

ရင်နင့်ကြွေ (၃) | Ecency