လရာသီနှင့် ပွင့်သောပန်းများ (2)

kyi(56)
Published in
#myanmar
Words
331
Reading
2 min
Listen
Play
8y

image

ပန်းတွေအကြောင်း ဆက်ရေးပြပါအုံးမယ်။ စာကလည်း ကြိုးစားရေးနေရသူပါ။ အားပေးကြပါအုံး မိတိဆွေအပေါင်းတို့..။
ကဆုန်လတွင် စံကားပန်းများ ပွင့်ကြသည်ဟု ဆို၏။ စံကားပန်းဟု ဆိုသည်နှင့် မိမိထင်သည်မှာ အနီးနားတွင်ရှိသော တရုတ်စံကားပန်းဖြူဖြူ လေးများဟု ထင်မိသည်။

image
Crd-org-source

စာဆက်ဖတ်ကြည့်သောအခါမှ မယ်ကြည် ပုဂံ၊ ပုပ္ပါး အလည်သွားတုံးက တွေ့ခဲ့သော စ့ကားဝါပန်းကို ရည်ရွယ်ကြောင်း သိလာရသည်။ ထိုမှတဆင့် စကားပန်းဟုဆိုရာ၌ စံကားဖြူ၊ စကားဝါ ၊ စကားနီနှင့် စကားစိမ်းပန်းဟူ၍ ရှိကြောင်းလည်း သိလာရသည်။ အမှန်ဆိုရရင်ဖြင့် စံကားစိမ်းပင်နှင့် စံကားနီပင်ကိုကား မမြင်ဖူးပါချေ။ သို့နှင့် google၌ တောက်တောက်တောက်နှင့် နှိပ်ကြည့်မိရာ စကားစိမ်းပန်းနှင့် စံကားနီပန်းအား မြင်တွေ့ရလေသည်။ ဗဟုသုတ ပန်းပုံများ တင်ပြလိုက်ရပါသည်။

image
စံကားနီပန်း
Crd

စံကားစိမ်းပန်း

image
Crd

ယခု ကဆုန်လတွက် စံကားပန်းကတော့ စံကားဝါပန်းကိုသာ ရည်ရွယ်သည်။ စံကားဝါပန်းပင်သည် ပေ၈၀ခန့်ထိ အမြင်ရှိသော အပင်ကြီး အမျိုးအစားပင်ဖြစ်သည်။ စကားဝါပန်းသည် အထွဋ်အမြတ်ထား ရသောပန်းဖြစ်ပြီး မွှေးပျံ့ လွန်းသော ရနံ့ရှိသည်။ စကားဝါပန်းဟု ဆိုသည်နှင့် ၁၀တန်း ကဗျာထဲတွင်ပါရှိသော ရွှေနှင့်ယိုးမှား ပန်းစံကား ဟူသော ကဗျာကို သတိရမိ ပြန်သည်။

" ᠌᠌᠌᠌᠌᠌ရွှေနှင့်ယိုးမှား ပန်းစံကား"

သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
ငယ်ကတည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နှလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
(အမည်မသိ ရှေးစာဆို)

စံကားဝါပန်းလေး ဝင်းဝါနေပုံမှာ ရွှေဟုပင် ထင်မြင်ရကြောင်း သိနိုင်သည်။

image
Crd

ထို့ပြင် ပုပ္ပါးတောင်၌ ပွင့်ကြောင်းလဲ မြင်ရသည်။ ထို့ကြောင့် ပုပ္ပါး၌ ဘာကြောင့် စံကားဝါပန်းပွင့်ရသလဲ သိချင်မိသဖြင့် ဆက်စပ် ရှာဖွေမိတော့ ပန်းပဲ မောင်တင့်တယ် မောင်နှမ သမိုင်း ကြောင်းကို ဦးဖိုးကျား ရေးသားထားတာကို ရှာဖွေ တွေ့ရလေသည်။ အချုပ်ဆိုရသော် တကောင်းပြည်တွင် ပန်းပဲမောင်တင့်တော်၏ သား မောင်တင့်တယ်သည် ခွန်အားကြီးမားသည်ဟု နာမည်ကျော်ဇောလေသည်။ ငယ်စဉ် ကပင် ဆန်တစ်စလယ်၊ ဆတ်တစ်ခွက်ချက် စားလာရင်း တဖြေးဖြေး အသက်၁၉နှစ် အရွယ်တွင် ဆန်တစ်စိတ်ချက် ကုန်သည်ဟူ၏။ ခွန်အားကြီးမားပုံကလည်း ဆင်ကို ကိုင်ပေါက် အစွယ်ချိုးနိုင်လေသည်။ ခွန်အားဗလကြီးမားပုံကို တကောင်းဘုရင်ကြားလေသော် ထီးနန်းလုမည်စိုးသဖြင့် ဖမ်း၍ သတ်စေ ဟု အမိန့်ချမှတ်သဖြင့် မောင်တင့်တယ်တစ်ယောက် ဝေးရာသို့ ပြေး၍ တော၌ပုန်းရလေသည်။ စိုးရိမ်စိတ်မကင်းသေးသော ဘုရင်သည် မောင်တင့်တယ် နှမလေး စောမယ်ယာ(မြတ်လှစွာ)ကို မိဖုရားတင်မြှောက်ပြီး သင့်မောင် ခွန်အားဗလ ပြည့်ဝသဖြင့် မြို့ဝန်ခန့်လိုသဖြင့် ခေါ်စေဟု မိန့်တော်မူသဖြင့် ယုံကြည်စွာ အကိုဖြစ်သူအား ခေါ်လာလေသည်။ ထိုအခါ ဘုရင်ဖြစ်သူကမောင်တင့်တယ်က စံကားပင်၌ချည်ပြီး ထင်းမီးသွေး အများအပြားထည့်၍ ဖိုထိုး ခံရလေသည်။ မိဖုရား သိသော် ငါ့အကို ငါ့ကြောင့်သေရသည်ဟု တွေးပြီး သူပါ မီးပုံထဲ ခုန်ချလိုက်လေတော့သည်။ ထိုမောင်နှမ သေလွန်သော် ထိုစံကားပင်၌ နတ်ဖြစ်ကြပြီး စံကားပင်တွင်း ဝင်လာသော လူရော တိရိစ္ဆာန်ပါ သေဆုံးကြသဖြင့် တကောင်းဘုရင်မှ စံကားပင်အား အမြစ်မှတူး၍ ဧရာဝတီမြစ်အတိုင်း မျောလိုက်လေတော့သည်။

image
Crd

ထိုစံကားပင်အား ပုဂံသေဉ်လည်ကြောင်မင်းက ဆယ်ယူပြီးလျှင် နတ်မောင်နှမ ရုပ်ထု ထုပြီး ပုပ္ပါးတောင်၌ ထားလေသည်။ ပုပ္ပါး တောင်အား မဟာဂီရိတောင်ဟု ခေါ်တွင်သဖြင့် မဟာဂီရိ နတ်မောင်နှမဟုလည်း ခေါ်တွင်လေသည်။ တစ်နှစ်တစ်ကြိမ်ပွဲလုပ်ပြီး ပူဇော်ပသကြသည်မှာ ယနေ့တိုင်ပင်ဖြစ်လေသည်။
ပုပ္ပါး သို့ စံကားဝါပင် ရောက်ရှိလာပုံကို သနားစရာ စိတိမကောင်းစရာ မောင်နှမမေတ္တာ ရသစုံ ရရှိလေသည်။


Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
Join eSteem Community

ဆက်ရန်
Author kyi@kyi
MSC 050

လရာသီနှင့် ပွင့်သောပန်းများ (2) | Ecency