သို့....(၂)

kyi(56)
Published in
#myanmar
Words
44
Reading
1 min
Listen
Play
8y

images (28).jpeg
Crd-org-source

ဒီနေ့လဲ မိုးတွေ
တစ်ဝေါဝေါ
ရွာနေပြန်တယ်။
ငုဝါပန်း တွေ
မိုးစက်အောက်
တဖြုတ်ဖြုတ်
ကြွေနေတုံး.. ။
မိုးညမှာ
မိုးခြိမ်းသံရော
လျှပ်စီးရော
တဂျိမ်းဂျိမ်းနဲ့
အထီးကျန်တဲ့ ညမှာ
မင်းကိုပဲ
အိပ်မက် မက်ချင်တယ်။

bb18f2fface172a7dff5699091f233af.jpg
Crd-org-source

အိပ်မက်ဆိုတာ
အိပ်မက်ပါပဲ
ကိုယ့်အိပ်မက်တွေက
ဘယ်တော့မှ
အကောင်ထည်
ပေါ်မလာနိုင်တော့မဲ့
အရာတစ်ခု။
မင်းတွက်..
ရည်ရွယ်ပြီး
ကိုယ်ဆိုတဲ့
သီချင်းသံကို
မင်းနှစ်သက်ပါ့မလား
ကိုယ် စိုးထိတ်မိပါရဲ့။
မေတ္တာ ဆိုတာလဲ
ခက်ခဲပါတယ်
အာ့လိုပဲ
ကိုယ့်အိပ်မက်တွေလဲ
ခက်ခဲနေဆဲ.....။

Author kyi@kyi

သို့....(၂) | Ecency