Give and Take

kyi(56)
Published in
#myanmar
Words
280
Reading
2 min
Listen
Play
8y

IMG_20180502_203622.jpg

သဘာဝဖြစ်စဉ်အရ လောကတွင် မည့်သည့်အရာမှ အလကားမရပါချေ။ လုပ်ငန်းလုပ်နေသူအဖို့ အလုပ်လုပ်သည့်အတွက် လုပ်ခလစာရရှိသည်ပင်။ ကျောင်းတက်နေသူအဖို့ စာကျက်သဖြင့် စာမေးပွဲ အောင်ခြင်းပင်။ ဘွဲ့တစ်ခုရဖို့အတွက် အချိန် ဦးဏှောက် ပေးခဲ့ရသည် မဟုတ်ပါလား..။ ထို့အတူ လုပ်ငန်းခွင်တွင်း အောင်မြင်မူ့ ရရှိစေရန် မိမိ လုပ်နိုင်နိုင်စွမ်းအား ကြိုးစားမူ့များဖြင့် တည်ဆောက်ရခြင်းပင်။

Steps-to-Success-628x353.jpg

Crd-org-source
မိမိတို့ မပေးဘဲ ရဖူးပါလား။ တစ်ကြိမ်ထက်ပို၍ မရနိုင်ပါချေ။ အကြိမ်ကြိမ်လိုချင်၍ မရနိုင်ပါပေ။ ကျွနုပ်တို့ မစိုက်ပဲ စားသုံးနိုင်ပါသလား။ ရနိုင်ပါလိမ့်မည်။ တစ်နပ်စာတော့ စားနိုင်ပါလိမ့်မည်။ တစ်ရာသီစာ စားဖို့ တစ်သက်စာ စားဖို့၊ သားစဉ်မြေးဆက်စားဖို့ စိုက်ပျိုးမှ ရပေလိမ့်မည်။ ဆိုလိုရင်းမှာ အပင်စိုက်ခိုင်းခြင်းမဟုတ်ပါ။ မိမိ နှင့် ဆက်စပ် သော အလုပ်အကိုင်နှင့် တွဲဆက် စဉ်းစားစေချင်သည်။ ဖွံဖြိုး သော စိုက်ခင်းရဖို့အတွက်တော့ မိမိတို့ မျိုးစေ့အနည်းတော့ ကြဲရပေလိမ့်မည်။

d-little-man-decides-to-give-take-render-person-holding-words-46207897.jpg
Crd-org-source

မပေးဘဲနှင့် ယူချင်လျှင် ၊ မစိုက်ပဲ နှင့် စားချင်လျှင် ထိုသူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒုက္ခရောက်ရပေမည်။ ၄င်းနှင့် ပတ်သတ် စပ်ယှက်နေသော ပတ်ဝန်းကျင်လည်း ဒုက္ခ ရောက်မည်သာပင်။ ထိုသူများအဖြစ်တော့ အရောက်မခံစေကြလိုပေ။ သဘာဝကြီး အေးချမ်းစွာ လည်ပတ်စေရန် ပေးသင့်တာပေးတတ်သော အလေ့အကျင့်ကို ကျင့်ကြံကြရပေလိမ့်မည်။ ၄င်း စိတ်ဓာက်မွေးမြူခြင်းသည်ပင် ကျွနုပ်တို့ သည် စွန့်လွှတ် အနစ်နာခံစိတ် ရှိသူများဟု ကင်းပွန်းမတပ်နိုင်ပေ။ သဘာဝကို မဖောက်ပြန် မဖျတ်စီး သည့် သဘော၊ သူတစ်ပါးအား မတရားတာ မလုပ်စေသော သဘောသာပင် ဖြစ်သည်။

helping-04.jpg
Crd-org-source

ထိုသည်ကိုပင် ကျွနုပ်တို့ အမြဲလုပ်ဆောင်နိုင်ပါမည်လား..။ လွယ်သည့် ကိစ္စတော့ မဟုတ်နိုင်ပါပေ။ မယ်ကြည် ဖတ်မိသော ဇတ်လမ်းလေးတစ်ပုဒ်ကို share လုပ်ချင်ပါသည်။ထိုဇတ်လမ်းထဲကအတိုင်းတော့ အဆိုးဆုံး ကြုံချင်မှကြုံကြလိမ့်မည်။ အနည်းငယ် အဆိုးကိုတော့ ကြုံ ဖူးကြပေလိမ့်မည်။ ထိုအချိန်တွင် ကျွနုပ်တို့ အပါအဝင် ယခု စာဖတ်နေသူများ မည်သို့ စဉ်းစား ပြီး ပြုမူကြမလဲ သိချင်မိသည်။
ဇတ်လမ်းအကျဉ်းမှာ တစ်ခါတုန်းက လူတစ်ယောက်သည် ကန္တာရထဲတွင် ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သွားလေသည်။

wahiba-desert-2.jpg
Crd-org-source

လူကလဲ စိုးရွံ့ ကြောက်လန့်စိတ်နှင့် အလွန်ပင်ပန်းနေချေပြီ။ ထိုထက်ဆိုးသည်က ရေအလွန်ဆာနေခြင်းပင်.. ။ အာခေါင်တွေ ခြောက်သွေ့လွန်းသဖြင့် ကွဲအက်ကုန်ပြီလား ထင်ရသည်။ ရေငတ်သည့်ဒဏ်ဖြင့် မိမိသေးဆုံးရမည်လား ကြောက်ရွံ့နေရလေပြီ..။

Droplets-Water.jpg

Crd-org-source

ထိုအချိန်တွင် ဟိုးအဝေးတွင် လူနေအိမ်ဟု ထင်ရသဖြင့် ဒရောသောပါး ပြေးသွားချိန် အိမ်တစ်လုံးကို ဝမ်းသာအားရ မြင်ရလေသည်။ သို့သော် လူမနေတော့သည်မှာ ကြာနေသည့်ပုံပင်..။ ခြံဝင်းထဲတွင်တော့ ရေတိုင်တစ်ခု မြင်ရသဖြင့် အပြေးသွားပြီး မောင်းတံကို တဂျောင်းဂျောင်း ဆွဲလေသည်။

1.jpg
Crd-org-source

အတော်ကြာအောင် ဆွဲသော်လည်း ရေကကျမလာပေ သူ လက်ပန်းကျလာပြီ..။ ထိုအချိန် ၄င်း မောင်းတံ အနီးတွင် ရေကရားလေး တစ်လုံးကို သူမြင်သွားသည်။ ရေကရားတွင် ဖော့ဆို့တပ်ထားပြီး အိုးနံဘေးတွင် ဤကဲ့သို့ စာရေးထားသည်။

IMG_20180502_173939.jpg

ကရားအိုး ဖော့ဆို့ ဖွင့်ကြည့်လိုက်တော့ ရေအပြည့် မြင်ရသည်။ ကရားအိုးထဲက ရေသည်မများ..။ ထိုရေကို သောက်လျှင် ရေငတ်တော့ ပြေမည်..။ ရေငတ်သေမည့်ဘေးက လွတ်မည်ဖြစ်သည်။ သို့သော် ရေကရားဘေးက မှားကြားချက်က ရှိနေပြန်သည်။

images (16).jpeg
Crd-org-source

ဘာကြောင့် ရေလောင်းထည့်ခိုင်းသည်ကို အေးအေးဆေးဆေး စဉ်းစား တွေးခွင့်ရသူအတွက်က အရှင်းလေးပင် ဖြစ်လိမ့်မည်။ သို့သော် သေလုမြောပါး.ရေငတ်လာသူက ထိုသို့ ရှင်းနိုင်ပါ့မလား.. ?? သိနေသည်ဆိုအုံးတော့ ထိုအတိုင်း လိုက်နာနိုင်ပါ့မလား???ကျွနုပ်နှင့် စာဖတ်သူသာ ထိုသူနေရာတွင်ဆို ဘာလုပ်နိုင်မလဲ ။ကရားအိုးထဲက ရေကို ရေမထွက်သော မောင်းတံထဲ သွန်ချခိုင်းနေသည် မဟုတ်ပါလား.. ။ အကယ်၍ ရေလောင်းထည့်လိုက်ပြီးမှ ရေမထွက်လာလျှင်ကော ဘယ်လိုလုပ် မလဲ?? စွန့်စားခန်းပင် ဖြစ်ချေပြီ မဟုတ်ပါလား..??

preview.jpg

Crd-org-source

မယ်ကြည့် ညီကို မောင်နှမတစ်တွေ မည်သို့ စဉ်းစား တွေးတောကြမည် သိချင်သဖြင့် ထိုနေရာတွင်ပင် ပုံပြင် ရပ်ထားလိုက်ပါမည်..။ ထင်မြင် ယူဆချက်လေးများ ပေးခဲ့ စေချင်ပါသည်။ ထင်မြင်ယူဆချက်များကို အတူ ဆွေးနွေးရန် အသင့် ရှိနေပါသည်..။ ဇတ်လမ်းထဲက ထိုသူ မည်သို့ ပြု လုပ်သည်ကိုလဲ မယ်ကြည် ဆွေးနွေး အပြီးတွင် ရေးသားပေးပါမည်ဟု ရေးသားရင်း နိဂုံးချုပ်လိုက်ပါသည်..။
Author kyi@kyi
MSC 050
received_1812282122405096.gif