ရင်နင့်ကြွေ(၁)

kyi(56)
Published in
#myanmar
Words
218
Reading
1 min
8y
Listen to this post
~1 min

IMG_20180713_063416-01-864x1152.jpeg

"ငါ့သမီးရယ် ညည်းနှယ်အေ အနှိပ်သည် ပို့ခိုင်းတာ ကျော်ရွာနဲ့ တောင်ပလူ ၁၀ခေါက်တောင် ကူးလို့ရရော့မယ်”
အိမ်ထဲ ဆိုင်ကယ်ရပ်ရပ်ချင်း မိခင်ဖြစ်သူ ပြောစကားကြောင့် ဋ္ဌေးဋ္ဌေးဦး တစ်ယောက်မျက်နှာညိုလျှက်နှင့်...
"အမေကလဲတော် အမေယူခိုင်းလိုက်တဲ့ ဖုန်းနံပတ် စောင့်နေရတာ အမေမယုံ အနှိပ်သည် ဖုန်းဆက်မေးပါလား” ဟု ခွန်းတုံ့ပြန်လေသည်။
ဒေါ်မိုးမိုး တစ်ယောက် တောင်ပလူရွာက အနင်းအနှိပ်သည် ခေါ်ပြီး အနင်းခံပြီးနောက် သမီးဖြစ်သူအား တောင်ပလူရွာသို့ ပြန်လိုက်ပို့ခိုင်းလိုက်ခြင်းပင်။ တောင်ပလူရွာနှင့် မိမိရွာဖြစ်သော ကျော်ရွာနှင့် ဆိုင်ကယ် ၁၀မိနစ်ခန့် မောင်းရုံနှင့် ရောက်နိုင်သည်။ ညနေ ၆နာရီခန့်က ပို့ခိုင်းလိုက်ရာ သမီးဖြစ်သူ ၇နာရီကျော် ခါမ ပြန်ရောက်လာသောကြောင့် ငေါက် မိခြင်းပင်။

images (11).jpeg
Crd-org-source

ဒေါ်မိုးတွင် သမီးတစ်ယောက်နှင့် သားတစ်ယောက် သာရှိလေသည်။ သမီးကြီးက ခုမှ အသက်၂၀နှင့် သားလေးက ၁၀နှစ် ၄တန်း ကျောင်းသား ။ သမီးကြီးသည် ၆တန်းရောက်သောအခါ မိမိတို့ မိသားစု စီးပွားရေး မပြေလည်လှသဖြင့် ကျောင်းမှထွက်ခါ မြေဖြူစက်တွင် အလုပ်လုပ်ရှာသည်။ ရသမျှလစာ မိခင်အား အကုန်အပ်လေ့ရှိသည်။

04lwcp8bp1yhxsxebwdd-oa5kfubn14a7e3hklut-yh1aegj92n-z-msffekhnmrdordv-r3zuabu7u6kzfskkcejc0.jpg
Crd-org-source

သို့သော် သူမတွင် မကောင်းသည့် အကျင့်က အရွယ်လေးရောက်လာသည်နှင့် ရည်းစား ထါးလိုခြင်းပင်။ မိမိအလုပ်လုပ်သည်က အထည်ချုက်စက်ရုံ တွင်ဖြစ်ပြီး မနက်ဆိုင်း ညဆိုင်း ဆင်းရသည်။ သမီးဖြစ်သူက မနက်၇နာရီခန့် အလုပ်သွား၍ ညနေ ၅နာရီခန့်ဆို အိမ်ပြန်ရောက်ပြီ။ သမီးတို့အလုပ်က ဥပုပ်နားသည်။ မိမိက စနေ တနင်္ဂနွေ နားသည်။ မိမိ အလုပ်ဆင်းရက် သူမ ဥပုပ် နေ့ကျ၍ အိမ်မာကျန်ခဲ့လျှင် မိမိမာ အလုပ်တွင် စိတ်မဖြောင့် သမီးဖြစ်သူထံ စိတ်တထင့်ထင့်ဖြင့် ဖုန်း မကြာခဏ ဆက်ရသည်။ မိမိတွင် သမီးလေးတစ်ယောက်သာ ရှိသဖြင့်လဲ စိတ်ပူမိလေသည်။

629496370-1024x1024.jpg
Crd-org-source

ဌေးဌေးဦး သည် ရုက်ရည် ချောလှသည့်ထဲ မပါစေကာမူ ညိုညိုလုံးလုံးလေးနှင့် ကြည့်ပျော်ရူပျော်ရှိလေသည်။ ဒေါ်မိုးမိုး အတွေးက လွန်ခဲ့သည့် သူမသမီး ၁၇နှစ်ကျော်လောက်သာ ရှိအုံးမည့်အချိန်သို့ ပြန်ပြောင်း တွေးမိလေသောအခါ မှတ်မျတ်ရရ သမီး ၁၇ကျော်ပီးတာ သိပ်မကြာသေးသော တချိန်က တစ်ခုသော ညနေဘက်တစ်ရက်တွင် ဌေးဌေးဦးမှ
"အမေ ကျုပ်ကို မနက်ဖြန်ကျရင် လာတောင်းမယ်တဲ့”
မိမိမာ အံ့သြစွာ
"ဟေ ငါ့သမီး ဘယ်သူက တောင်းမာတုံး”
"ကျုပ်အလုပ်က အတူအလုပ်လုပ်တဲ့သူအမေ”
" ဟော်တော် ငါ့သမီးရယ် ညည်းငယ်ပါသေးတယ်အေ မယူပါနဲ့အုံး”
မိမိပြောသော်လည်း သူမက စိတ်ပိုင်းဖြတ်ထားပုံပင်။

800px_COLOURBOX7452666.jpg
Crd-org-source

ကဲ ရှိစေတော့ မိမိဇွတ်အတင်း ပြောလို့ ခိုးပြေးရင်လဲ မိမိက သမီးရှင်မို့ မိအေး နှစ်ခါနာရအုံးမည် ။ မောင်မောင်ခေါ်တုံး ဗျာထူးတာ ကောင်းပါလိမ့်မည် ဟု တွက်မိ၍ သမီး ယူမဲ့သူအား ဘယ်က အသက်ဘယ်လောက် သူ့မိဘတွေကြောင်း မေးမြန်းရာ သားမက်ဖြစ်လာမည့် သူသည် အသက်၂၀ခန့်သာ ရှိသေးကြောင်း အထက်ဟုခေါ်သော ယခု မိမိတို့်နေသောအရပ်နှင့် အလွန်ဝေးသောနေရာမှ အလုပ်လာလုပ်သူဖြစ်ကြောင်း မနက်ဖြန်တွင် သူ့မိဘများ မပါလာနိုင်သေး သူ့အလုပ်မှ အလုပ်ရှင်လူကြီးများနှင့် လာတောင်းရမ်းမည်ဖြစ်ကြောင်း စိတ်မသက်သာစွာ ကြားရလေတော့သည်။ တစ်မိပေါက် တစ်ယောက်ထွန်းများ ဖြစ်လေပြီလားဟု ငိုရင်း သက်ပြင်း ချမိလေတော့သည်။
ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

ရင်နင့်ကြွေ(၁) | Ecency