ရင်နင့်ကြွေ (4)

kyi(56)
Published in
#myanmar
Words
206
Reading
1 min
8y
Listen to this post
~1 min

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅

အပိုင်း(4)

ဦးမောင်ဦးတစ်ယောက် အလုပ်က ပြန်အရောက် သမီးနဲ့သားကို တွေ့တော့ တပြုံးပြုံးနှင့်..။ ထမင်းစားသောက်ပြီး အိမ်ရှေ့ တီဗီထိုင်ကြည့်နေကြလေသည်။ သမီးဖြစ်သူမမြင်သဖြင့် အသာကြည့်မိရာ သမီးအိပ်ခန်း ထဲ မြင်သဖြင့် ဒေါ်မိုးမိုးတစ်ယောက် အသာဝင်ခဲ့လေသည်။

29571716-illustration-of-a-mother-and-daughter-arguing.jpg
Crd-org-source

"သမီး ညည်းမလဲလေ ရောက်တာနဲ့ ဒီဖုန်းပဲ ကြည့်နေတော့တ
ယ် အမေ့လဲ အခြေအနေ ပြောအုံးလေအေ”

ဌေးဌေးဦးတစ်ယောက် လှဲနေရာက ထထိုင်ပြီး

"အမေကလဲတော် ကျုပ်ဟိုမာ ပျင်းနေတာ အကြာကြီး မနေချင်ပါဘူး တစ်ယောက်ထဲ လိုက်သွား ရင် ပြန်မလာရမှာစိုးလို့ မောင်လေးပါခေါ်သွားတာ ဒါမှ ပြန်လာရမှာလေ ကျုပ်အကြံမပိုင်ဘူးလား” ဟု

ပြောရင်း တဟီးဟီး ရယ်နေလေသည်။
"
ရီမနေနဲ့ ငါ့သမီးရယ် ညည်းယောက်ျား ကရော ဘာပြောတုံး ပြန်လာတာ ကြည်ဖြူရဲ့လားအေ”

"အို အမေကလဲ သူ ကြိုက်ကြိုက်မကြိုက် ပြန်မာဘဲ သူက သမီးကို ဟိုမှာနေခဲ့ မောင်လေး သူပြန်ပို့မယ်တဲ့ ရမလားတော် အမေရယ် ကျုပ်က သူနဲ့ ရန်ဖြစ်ပြန်လာတာ ယောက္ခမတွေကတော့ ပြန်ခဲ့ဖို့ ပြောပါတယ်”

"ဒါပေမဲ့ ကျုပ် မပြန်တော့ဘူးနော် အမေ မနက်ဖြန်ကျရင် မြေဖြူစက် အလုပ်ပြန်ဆင်းမှာ သိလား..”

cute-thinking-woman-looking-away-260nw-439245706.jpg
Crd-org-source

ဒေါ်မိုးမိုး တစ်ယောက် ကြားရတာ ဘယ်လို ကြီးမှန်း မသိ သားမက်ဖြစ်သူ ဖုန်းဆက်လာမှပဲ သေချာ ပြောရအုံးတော့မည်ဟု သာ တွေးနေမိတော့သည်။

နောက်တစ်နေ့ နံနက် ဒေါ်မိုးမိုး မနက်ဆင်းမလို့ မနက်စောကြီးထ ထမင်းဟင်းချက် ပြီး သမီးဖြစ်သူအား နှိုးရင်း
"သမီး ညည်းအဖေရယ် မောင်လေးရယ်ကို ထမင်းထုတ်ပေးလိုက်အုံးနော် သမီး”
ဟု မှာပြီး အလုပ်သို့ ထွက်လာခဲ့လေသည်။ ထိုကဲ့သို့ ကူဖော်လောင်ဖက်တော့ ရလေသည်။ ဖခင်ဖြစ်သူမှာ သမီးဖြစ်သူအား မည်သည့်အပြစ်မှမမြင်သလို ဆူပူ ငေါက်ဖို့ကတော့ ဝေးဆွပင်။ မောင်ဖြစ်သူနှင့် အော်လိုက် ရန်ဖြစ်လိုက် စလိုက်နှင့် ကလေးလိုပင်။ သမီးကြီးအား ရင့်ကျက် စေချင်မိသည်။

kisspng-regret-free-content-clip-art-sad-mother-cliparts-5a870b756d4687.3913798115187997334476.jpg
Crd-org-source

ဒီလိုနှင့် ရက်မှ လသို့တိုင်ခဲ့ပြီ။ သမီးဆီမှ သားမက်အကြောင်းပြောသံမကြားသလို သားမက်ဖြစ်သူမှလဲ ဖုန်းဆက်သံလည်း မကြားခဲ့ပေ..။
နောက်မှ သိရလေသည်ကသမီးဖြစ်သူ ဖုန်းနံပါတ် ပြောင်းထားလေသည်ကိုပင်။ မိမိ သမီးဖုန်းကို ဆက်ကာမှပဲ ဖုန်းပိတ်ထားပါတယ် ဟု စက်ကပြောနေကြောင်း သမီးအားပြောကာမှ သမီးမှ

"ဟုတ်တယ်အမေ အရင်ဖုန်းကဒ် ပျက်သွားလို့ သမီး အသစ်ဝယ်ထားတာ”

ဟု ဆိုလေသည်။

images (14).jpeg
Crd-org-source

အော် ဒုက္ခပါပဲ သမီးတွက် ရတက်မအေးရသလို ကွာရှင်းထားတာ မဟုတ်ပါဘဲ ငယ်ငယ်ရွယ်ရွယ် နှင့် တခုလပ် ဖြစ်နေရှာပါလားဟု တွေးမိ ရင်မာမိပြန်သည်။ သူမကတော့ မည်သို့မှ တွေးမိပုံမပေါ်။ အလုပ်သွားလိုက် ပြန်လိုက် သူမဖုန်းသုံးလိုက်နှင့် ပျော်ပျော်ကြီး ဖြတ်သန်းနေလေတော့သည်။ သားမက်အကြောင်းမေးကြည့်တော့ အဆက်သွယ် မရှိဟု ပြောလေသည်။ နိုင်ငံခြားပဲ ထွက်သွားလေသလားမသိ မြှုပ်နေလေတော့သည်။

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

ရင်နင့်ကြွေ (4) | Ecency