ရင်နင့်ကြွေ (2)

kyi(56)
Published in
#myanmar
Words
199
Reading
1 min
8y
Listen to this post
~1 min

IMG_20180713_063257-01-864x1152.jpeg

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

အပိုင်း (2)

ဒေါ်မိုးမိုး သမီးကိုလွန်စွာချစ်ပါသည်။ သူမ သူငယ်ချင်းတွေ ဖုန်းတွေကိုင်ကြသည်ဟု ဆိုသဖြင့် သမီးမျက်နှာမငယ်စေရန် သမီးလိုချင်သော ဖုန်းအား ဝယ်ပေးသည်။ ထိုအချိန်မှစ၍ ညဘက် သမီးအခန်းကြည့်လိုက်လျှင် ညနက်ထိ ဖုန်းလေး လင်းနေသည်ကို မြင်ရလေသဖြင့် မကြာခဏ ငေါက်ငမ်းရလေသည်။ ယခု သူမ ယူမည်ဆိုသော သူကလဲ ကလေးသာသာ သူမကလဲ ကလေးသာသာ မလို့ မိမိ စိတ်ပူမိတာအမှန်။ ငယ်သောအရွယ် လှချင်ပချင်သောအရွယ်တွင် ရုတ်တရတ် အိမ်ထောင်ပြုမူ့ကြောင့် ဒေါ်မိုးမိုး တစ်ယောက် သမီးကို ချစ်သောစိတ်နှင့် နှမြောတသ ဖြစ်မိလေသည်။

cartoon-sad-lady-waving-farewell-by-toonaday-6948.jpg
Crd-org-source

ဒေါ်မိုးမိုး သမီးအိမ်ထောင်ပြုမည့်အကြောင်း သူမ ခင်ပွန်းအားပြောပြတော့ သူမခင်ပွန်းမှာ သိသိချင်းငိုရှာသည်။ ဒေါ်မိုးမိုး ခင်ပွန်း ဦးမောင်ဦး မှာ စုပေါင်းဟု ခေါ်သောကုန်တင်ကုန်ချအလုပ် လုပ်ကိုင်သူဖြစ်သည်။ ကာယသုံး၍ ဝင်ငွေဖန်တီးရသောကြောင့် လွန်စွာပင်ပန်းရှာသဖြင့် အရွယ်နှင့်မလိုက်အောင် ရုပ်ရည်က ကျရှာသည်။ အကျိုးအကြောင်း ပြောပြ၍ လက်ခံရန်သာ ရှိကြောင်း ပြောဆိုပြီးနောက် ဦးမောင်ဦးတစ်ယောက် သမီးကို စကားပင် မပြောနိုင်အောင် ဆို့နင့်နေရှာလေတော့သည်။ ဒီလိုနှင့် သမီး လူကြီးဝင်ကြ၊ ရက်သတ်မှတ်ကြနှင့် မင်္ဂလာဆောင်တစ်ဆောင် ဖြစ်မြောက်သွားခဲ့ပြီ ။ သမီးယောက္ခမများလည်း ပြန်သွားခဲ့ကြပြီဖြစ်သည်။ သမီးနှင့် သားမက်တို့ နှစ်ယောက်အတူ အလုပ်သွားကြ၊ အလုပ်ပြန်ကျနှင့် သူမ ကျေနပ်လိုက်ပါဘိ။

677144.gif
Crd-org-source

သို့သော်....သိပ်မကြာ ကတောက်ကဆ ဖြစ်နေကြသည်ကို မြင်ရသည်။ သားမက်က သားကဲ့သို့မလို့ မေးမြန်းကြည့်ရာ
"အမေရာ အမေ့သမီးက ကျုပ်က ဘေးမာအိပ်လို့ သူက သူ့ဖုန်းကြီး ကြည့်လို့ ကျုပ်ကျ ကြည့်မရအောင် ပက်စဝက်ခံထားတယ်ဗျ၊ အဲ့ဒါ သူမရိုးသားလို့ မဟုတ်ဘူးလားဗျာ ကျုပ် ကြာတော့ သည်းမခံနိုင်တော့ဘူး အမေ့သမီး ကြည့်ပြောပါအုံးဗျ”
ဘုရား ဘုရား...ဒေါ်မိုးမိုးတစ်ယောက် ဘုရားတရလေပြီ..။ သမီးကို အသာခေါ်ပြီး ဆုံးမရသည်။
"သမီးရယ် ငါ့နှယ်အေ ညည်းယူချင်လို့ ကိုယ့်ဖာသာယူထားတယ် ဘယ်သူက ပေးစားလို့လဲ ခုကျ ညည်းဒီလုပ်လုပ်ပုံနဲ့တော့ အမေတို့ အရှက်ရအောင် မလုပ်ပါနဲ့အေ.. ကိုယ့်ယောက်ျားနဲ့ကိုယ် တည့်အောင်ပေါင်းမှပေါ့ အမေတို့ အမျိုးထဲ အိမ်ထောင်နှစ်ဆက်လဲ မရှိပါဘူးအေ ငါနောက်ထက် ဒီလိုကြားလို့ကတော့ ညည်းသေမယ်မှတ်”

"အမေကလဲတော်...”

ပြောရင်း ဆုံးအောင်မပြောရပဲ ထသွားလေတော့သည်။

depositphotos_120091382-stock-illustration-angry-teacher-scolds-the-girl.jpg
Crd-org-source

အော် ဒုက္ခ ပါပဲ ဒီသမီးတစ်ယောက်နဲ့တော့ သမီးတစ်ကောင် နွားတစ်ထောင်ဆိုရိုးစကားက အလကားထားခဲ့တာ မဟုတ်မှန်း ဒေါ်မိုးမိုး တစ်ယောက် နဖူးတွေ့ ဒူးတွေ့ တွေ့လေပြီ။ ဒီလိုနှင့် သမီးတို့လင်မယား ရန်ဖြစ်လိုက်ကြ တည့်လိုက်ကြနှင့် အိမ်ထောင်သက် ၈လ ၉လအကျော် တစ်နေ့တွင် သားမက်ဖြစ်သူမှ

"အမေ ကျုပ် ကျုပ်ရွာပြန်အုံးမယ်ဗျာ အမေတို့က မလေးရှား သွားမလားဆိုပြီး ခေါ်နေတာဗျာ အဲ့ဒါ အမေ့သမီးက မလိုက်ချင်ဘူး ပြောနေတာ ကျုပ်ခေါ်နေတာကို..”

"အေးပါငါ့သားရယ် အမေပြောပေးပါ့မယ်”

ပြောသာ ပြောလိုက်ရသည်။ သမီးခေါင်းမာမူ့ကို မိမိသိပြီးသား မဟုတ်ပါလား။

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

ရင်နင့်ကြွေ (2) | Ecency