ဝမ်းနည်းနာကျင်ဖွယ်ရာ

Words
82
Reading
1 min
Listen
Play
8y

image
(photo credit.google image)
အတွေးတို့သည် ကမ္ဘာဂြိုလ်မှသည် အင်္ဂါဂြိုလ်ထိရှည်လျားဖြန့်ကျက်လျက်။အတိတ်ကို လက်လေးသစ်မျှ
ပြန်တွေးမိရုံနှင့်ပင် အသည်းခိုက်မတတ်နာကျင်ရ၏။ထိုအတွေးသည် ကျွန်ုပ်ကို နှိပ်စက်သထက်နှိပ်စက်ဆဲ၊နာ
ကျင်သထက်နာကျင်ဆဲ။ထိုနေ့လောက်၊ထိုအဖြစ်အပျက်မျိုးလောက် ဘယ်အရာကမျှ ပို၍ နာကျင်စေလိမ့်မည်ကျွန်ုပ်မထင်မိပါ။သောကတို့သည် လမ်းလျှောက်နေ
လည်း လိုက်ပါ၏၊ရေချိုးနေလည်း ကပ်ပါနေမြဲ၊ထမင်းစားလည်း၊အိပ်စက်တဲ့အခါတိုင်းလည်း ထပ်ကျပ်မကွာ
လိုက်ပါနေ၏။
ထိုအခြင်းအရာသည် ကျွန်ုပ်ကို မျက်ရည်ပင်ဝဲလာ
အောင်ဖန်တီးနိုင်၏။အံကြိတ်ဖို့ပင် အားမရှိလောက်အောင် ၄င်းသည် ကျွန်ုပ်ကို ချိနဲ့စေခဲ့ပါသည်။ထမင်းစား
သည့်အခါ၌ပင် ဝမ်းနည်းနာကျင်လွန်း၍ ထမင်းကို ဆက်မစားနိုင်ဘဲ ရပ်နားပစ်လိုက်ရမြဲ။ထမင်းမှ ဟုတ်ရိုးလား။ဘယ်အစားအသောက်မျှပင် ကျွန်ုပ်ကို စားဖို့အင်
အားမရှိလောက်အောင် အတိတ်တို့က နှိပ်စက်နေခဲ့ပါသည်။လူသားတစ်ယောက်ဖြစ်သော ကျွန်ုပ်၊အသွေးအသားတို့နှင့် ဖွဲ့စည်းထားသော ကျွန်ုပ် ဆက်ပြီး ခံစားဖို့ တကယ်ပင်အားအင်မရှိတော့ပါ။ထိုအဖြစ်အပျက်မှ အပီးရုန်းထွက်ပစ်လိုက်ချင်ပါသည်။ဖြစ်နိုင်လျှင် ကျွန်ုပ်ကိုယ်ကျွန်ုပ် အသစ်တဖန် လဲလှယ်လိုက်ချင်ပါသည်။သို့သော် ကံတရားသည် ကျွန်ုပ်ကို မျက်နှာသာမပေး၊ရုန်းထွက်ခွင့်မပေးပါ။ဆက်ပြီး နာကျင်ခံစားစေချင်ဟန်တူပါသည်။ဖြစ်သမျှအကြောင်း အကောင်းပဲ့မှတ်ထင်ဖို့ မတတ်
နိုင်ပေမဲ့ ဖြစ်လာပြီးမှတော့ကျွန်ုပ်လည်း ဘာမှလုပ်န်ုင်စွမ်းမရှိပါ။ရှိသမျှအား တင်းကာ ဆက်ပြီးခံစားဖို့ပဲ့ရှိပါတော့တယ်။ဒါပေမဲ့ အခုချိန်ထိ အူထဲ အသည်းထဲက ဝမ်းနည်းနာကျင်နေဆဲပါ။မနာကျင်ရိုးလားဗျာ။မနေ့ကထမင်း
စားတာ ထမင်းထဲက ကျောက်စရစ်ခဲ ဝါးမိတယ်လေ။
သွားတွေ ကျင်လွန်းလို့ ဘာမှကို မစားနိုင်ဘူး။ထမင်းစား
လည်း မဝါးနိုင်လို့ စားလက်စရပ်ပစ်လိုက်ရမြဲ။ကျွန်ုပ်နေရာ ဝင်ခံစားကြည့်လှည့်ကြပါဦး အရပ်ကတို့😂။

**လေးစားစွာဖြင့်
**နွေဦးသစ်
***kyawthuyein@kyawthuyein
**MSC-252

ဝမ်းနည်းနာကျင်ဖွယ်ရာ | Ecency