My Life

Words
170
Reading
1 min
Listen
Play
9y

ကျွန်တော့်အသက် ခုဆို ၂၄နှစ်ကျော် ၂၅ နှစ်ထဲကိုရောက်ပါပြီ။ ဆယ်တန်းကို ၂၀၀၉ ခုနှစ်မှာအောင်တယ်။ ကျွန်တော်တို့ရွာရဲ့တစ်ဖက်ကမ်းဖြစ်တဲ့ မြင်းမူဆိုတဲ့ မြို့ငယ်လေးမှာ ၉တန်းကစပီးတော့ တက်ရတယ်။ကျွန်တော်တို့ရွာက ရှစ်တန်းထိပဲရှိတယ်။ သင်္ကြန်အပြီး ၈ရှစ်တန်းအောင်စာရင်းတွေထွက်တော့ မိဘတွေနဲ့ခွပြီး ကျောင်းသွားတက်ရပြီ။
အတူနေစဉ်အခါက အမှတ်တမဲ့ နေခဲ့ပေမယ့် အခုလိုသွားတက်ရတော့ အားငယ်စိတ်အနည်းငယ်ရှိတာပေါ့။ သူငယ်ချင်းတွေလည်းပါတော့ တဖြည်းဖြည်းနေသားကျသွားခဲ့တယ်။..
ငွေကြေးမချမ်းသာတဲ့ကြားက ကျွန်တော့်ကို ကျောင်းထားပေးခဲ့တာတွေ ပြန်တွေးမိတိုင်းမျက်ရည်ကျမိတယ်။
ကိုးတန်းစတက်တော့ ဘော်ဒါဆောင်ကြေး၊ စားရေးသောက်ရေးအစ ဖြည့်ဆည်းပေးခဲ့ရတယ်။
ကျွန်တော်လည်း စည်းကမ်းရှိခဲ့ပါတယ်။ လိုအပ်တာလောက်ပဲ သုံးခဲ့တယ်။
သူများဝတ်သလို၊ သူများသွားသလို ဖြစ်ချင်ပေမယ့်
စာကိုပဲ အာရုံစိုက်ပီး မေ့ထားခဲ့တယ်။
ဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့တယ် ဆိုပါတော့။

တက္ကသိုလ်တက်ဖို့ လိုင်းရွေးကြ၊
မေဂျာတွေတင်ကြ သူထက်ငါ တင်နေကြချိန် ကျွန်တော့အတွက် အသင့်တော်ဆုံး ဆိုပြီးလာအကြံပေးကြတယ်။ B.Ed လျှောက်ကွာတဲ့။ မင်းနဲ့သင့်တော်တယ်တဲ့။
ရပ်ကွက်ထဲက လူကြီးတွေကရော၊ ဆရာတွေကရောအားပေးတာနဲ့လျှောက်လိုက်တယ်။
ဘာမှန်းညာမှန်းမသိဘူး။
ကျောင်းဆရာဖြစ်ဖို့ စိတ်ကူးထဲ၊ ရည်မှန်းချက်ထဲတော့မပါခဲ့ဘူး။
အင်ဂျင်နီယာတွေ၊ ကွန်ပျူတာဆိုင်ရာပညာရပ်တွေကိုပဲ ဝါသနာပါခဲ့တာ။
ဘာလိုလိုနဲ့ ကိုယ်လျှောက်ခဲ့တဲ့ B.Ed ကအထစ်အငေါ့မရှိတန်းတန်းကြီးရလာတယ်။
ကျောင်းတက်ဖို့ပြင်ရပီလေ။
တက္ကသိုလ်ကျောင်းသားလုပ်ရတော့မယ်ဆိုတော့ အသစ်အဆန်းတွေကို ကြိုတွေရင်း ပျော်တော့ပျော်တာပေါ့..ရာနှုန်းပြည့်တော့မဟုတ်ဘူး..
Money cann't make everything ဆိုပေမယ့်
အရာအားလုံးနီးပါးဖန်တီးလို့ရတယ်။
အဲ့ဒီငွေကြောင့်..........။
သူများတွေကျောင်းသွားကြပြီ။
ရွာကသူငယ်ချင်းတွေကျောင်းသွားတက်ကြပြီ။
ကျွန်တော်နဲ့မဆိုင်သလို မျက်နှာလွှဲနေခဲ့တယ်။
အဖေနဲ့အမေ..ကျွန်တော့်ထက်ပိုပြီး စိတ်ဆင်းရဲနေတာ သိတာပေါ့။ အဆင်ပြေတဲ့အချိန်သွားရလိမ့်မယ်ကွာ ဆိုပြီးမျက်ရည်တွေသုတ်ခဲ့ရတယ်။
ရွာထဲသွားတိုင်း မေးကြတယ်။
ဘယ်သူ့သား၊ဘယ်သူ့သမီးတော့ ကျောင်းသွားပြီ၊ မင်းမသွားသေးဘူးလား၊နောက်ကျနေအုံးမယ် ကောင်လေး ဆိုပြီးစေတနာနဲ့ပြောကြတယ်။ ဟုတ်ကဲ့ဦးလေး ဆိုတဲ့စကား ပြောပြောပြေးပြေးနဲ့ အဝေးတနေရာထွက်သွားခဲ့ရတယ်။
အဖေနဲ့အမေ အပူမကပ်ချင်ဘူးလေ။
ကျောင်းအပ်ဖို့ရက်ကနောက်ဆုံးရောက်တော့မယ်
လာခဲ့တော့ ဟု စီနီယာအကိုတစိယောက်က လှမ်းအကြောင်းကြားတယ်။ အဆင်ပြေပါတယ်။ အဲ့နောက်နေ့ကျွန်တော်တို့ သားဖသုံးယောက် စစ်ကိုင်းကို ချီတက်ခဲ့တယ်။
စစ်ကိုင်းမှာက
ဆွေမျိုးသားချင်းတွေလည်း အများအပြားရှိတယ်။
ချစ်ကြ ခင်ကြပါတယ်။
စီနီယာအကိုနဲ့ ကျောင်းအပ်သွားတယ်။အဖေရောပါတယ်။ ကျောင်းဆောင်တွေ ၊ ကျောင်းနားက အမျိုးသားဆောင်တွေမှာ မနေခဲ့ဘူး။ အဆောင်ဖိုး၊ ထမင်းဖိုးကမနည်းဘူးလေ။ အန်တီအိမ်မှာပဲ နေပြီးနေ့ချင်းပြန်တက်တယ်။ မနက်စောစောထပြီးဖီးဆန့် စက်ဘီးအဟောင်းလေးနဲ့ ကျောင်းကိုသွားရတယ်။ ထမင်းချိုင့်လေးလက်ကိုင်ချိတ်ပီးတော့ ၄၅ မိနစ်လောက် နင်းရတယ်။ အားငယ်စိတ်ဆိုတာ မသိကိုမသိချင်တော့တာ။ရုပ်ရှင်ထဲက တက္ကသိုလ်နဲ့လက်ရှိတက္ကသိုလ်ကွဲပြားမှုတွေကို စတင်သိရှိခဲ့တယ်။
လူတွေရဲ့အကြောင်းစပြီးသင်ခွင်ရလာပြီ။
ကျွန်တော်နဲ့ မောင်နှမဝမ်းကွဲတော်တဲ့ ညီမကဆယ်တန်းတက်နေတယ်။ ကျွန်တော်စာသင်ပေးရသေးတယ်။ညီမနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကိုလေ။
သူငယ်ချင်းတောင်ကောင်းကောင်းမွန်မွန်မရှိဘူးဗျ။
ကိုယ်ကလည်း မနက်ခင်းသွား၊ အတန်းချိန်မရှိရင်ပြန်လာတာဆိုတော့ သူငယ်ချင်းလေးငါးယေညက်လောက်ပဲရှိမယ်။ သူတို့ကိုတော့ စိတ်ထဲကကြိတ်ပြီးအားကျတယ်ဗျာ။ ဆိုင်ကယ်နဲ့ ဘာနဲ့ဆိုတော့။
ဒီလိုနဲ့ နိစ္စဓူဝ ခေါက်ရိုးကျိုးတဲ့နေ့တွေ ဖြတ်သန်းပြီး ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ ပထမနှစ် ပြီးဆုံးခဲ့တယ်။
..............
အတိတ်ကိုတူးဆွရင်း
With Respect
kyawthetaung@kyawthetaung(MSC-125)
image