လွမ်းနေဆဲပါ

Words
30
Reading
1 min
Listen
Play
5y

မင်းထွက်သွားတဲ့နောက်ငါလေမင်းကိုဆက်ပြီးစောင့်နေတယ်
အချိန်တွေက ကုန်လွန်သွားတယ်လေ
ငါတစ်ယောက်တည်း အထီကျန်နေဆဲ
ဟောဒီအခန်းလေးက တိတ်ဆိတ်နေဆဲပါ
ငါတစ်ယောက်ထဲပါဘဲ

ပြန်တွေးကြည့်တယ် မင်းနဲ့ငါ
ဘယ်သူက အချစ်ပိုတာလဲ
ကုန်လွန်တဲ့အချိန်တွေမှာ
ပျော်စရာတွေ ရှိခဲ့တယ်လေ
အမှတ်တရတွေက မေ့မရသေးဘူး
သတိရခြင်းတွေကလည်း ငါသိမ်းထားဆဲပါ

ငါ့ဆီကို မင်းပြန်မလာတော့တာ သေချာပြီလေ
မင်းနဲ့ငါက ဝေးသွားပါပြီ
မင်းပျော်ရွှင်အောင် ငါ မစွမ်းနိင်တော့ဘူး
ငါတမ်းတနေဆဲ မင်းပြန်လာမလားထင်နေတယ်
ပြန်လာခဲ့ပါချစ်သူရေ

လွမ်းနေဆဲပါ | Ecency