ဒီအသီးကတော့ သင်္ဘောင်းသီးလို့ခေါ်ပါတယ် မြန်မာနိုင်ငံအလယ်ပိုင်းအနောက်ခြမ်းကတောင်ရိုးတွေမှာအပေါက်များပါတယ် ကျွန်တော်တို့ငယ်ငယ်က တောင်ရိုးတွေရှိတဲ့ယောဒေသ ဆွေမျိုးတွေရှိရာအလည်သွားတော့ လမ်းမှာတအားပေါပါတယ် သူ့ရဲ့အဆံကိုစားရတာပါ ဆိမ့်ပါတယ် ကျွန်တော်တို့အရပ်ဒေသကိုပြန်ရောက်တဲ့အခါ သူငယ်ချင်းတွေကိုဝေငှပေးရတာပါ ။