ဒဏ်ရာတွေဗရပွနဲ့ ငါ မလွမ်းချင်ပါဘူး ။
နုညံ့တယ်ဆိုတဲ့ အပြုံးတစ်ပွင့်
ရင်ဘက်ထဲမှာ သိမ်းထားပြီးသားပါ ။
ဘာကြောင့်များ အကြောင်းအရာတွေ
တိတ်ဆိတ်ငြိမ်သတ်သွားရတာလည်း ။
နင်ရှိနေတဲ့ အရပ်ကိုမျက်နှာမူရင်း
ငါ အလွမ်းသီချင်းတွေ ဆိုငြီးတတ်နေပြီ ။
လှပခဲ့တဲ့ အိပ်မက်တွေ ။
ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေ
တစ်ခုမှပြန်မရခဲ့ရင်တောင်
အဲ့ဒီအတိတ်ကို ငါ မမုန်းပါဘူး ။
နင်ပြောခဲ့ဖူးတယ်လေ…
" ဆုံနိုင်ခွင့်ဆိုတာ ကိုယ်ပိုင်ဖန်တီးမှုပါပဲ " တဲ့ ။
အဲ့ဒီလို ဖန်တီးမှုအနုပညာတွေ
တတ်မြောက်ဖို့ ငါက မပြည့်စုံသေးပါဘူး ။
မခိုင်လုံတဲ့ အကြောင်းတရားတွေက
ဒို့နှစ်ယောက်ကို ပိုဝေးစေတယ်ဆိုရင်
ဘယ်သူမှ အပြစ်မယူ ( မဆို ) ကြေးပေါ့ … ။
အနောက်ဝင်ရိုးရဲ့ တံခါးတွေ
ညီညာစွာမရှိလေတော့
ထွက်ခွာသွားသော လေပြေရနံ့တွေ
အဆိပ်သင့်လေပြီ ။ ဖူးပွင့်သောရနံ့တွေ သင်းပျံ့ဖို့
အပြာရောင် နှုတ်ခမ်းသားတွေ
သန့်ရှင်းဖို့လိုပြီ ။ သန့်ရှင်းလတ်ဆက်သော
နေ့ရက်တွေ ပိုင်ဆိုင်ဖို့
တို့တွေ ယုံကြည်မှုတစ်ခုတော့ လိုမည် ။
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ