ကျွန်တော်နှင့် ကျေးဇူးအလှတရားများ

Words
139
Reading
1 min
Listen
Play
8y

IMG_20180325_103329.jpg

အမြဲတမ်းလိုလို ဝေဖန်ဆန်းစစ်ကြည့်တယ် ။

လောကကြီး အကြောင်း ။ လူတွေအကြောင်း ။

ကိုယ့်ဘဝအကြောင်း ။

အားလုံးကအဖြေတစ်ခုတည်းထွက်လာတယ် ။

' မတူညီခြင်း ' ပေါ့လေ ။

ဒါဆို ဘာတွေတူညီကြသလဲ ။

( အဖြေကတော့ ဝေဝါးဆဲပါပဲ ) ။

" သဘာဝတရားကြီးဆိုတာ လွန်ဆန်လို့မရပါဘူး
ကွာ " ဆိုတာ တစ်ကြောင်း ။

" လူတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ဘယ်တူညီကြ
မလည်း " ဆိုတာတစ်ကြောင်း ။

ကိုယ့်ကိုယ်ကိုကျတော့ " အင်း ဒီလိုပါပဲ အဆင်ပြေပါတယ် အဆင်မပြေပါဘူးကွာ" ဆိုတာတစ်ကြောင်း ။

အဲ့ဒီလို မျဉ်းကြောင်းများစွာ အပေါ်မှာ ကျွန်တော်
သင်ယူ လေ့လာ ရင်ဆိုင်နေရတုန်းပါပဲ ။

တော်ပါပြီလေ …

အများကြီးလည်းမတွေးချင်တော့ဘူး ။

အဝေကြီးလည်းပြေးမကြည့်တော့ပါဘူး ။

ကိုယ့်ကိုယ်ကို ရပ်တည်နေရတဲ့ ဘဝ တွေကိုပဲဝေ

ဖန် ဆန်းစစ်ကြည့်သင့်ပါတယ် ။

ဘဝမှာ - လူဖြစ်ခွင့်ပေးခဲ့တဲ့ မွေးမေမေနဲ့ ဖေဖေ

တုနှိုင်းမမှီ ကျေးဇူးတင်ပါသည်။

လူ့ဘဝ ဆိုတာ ဘယ်လိုအကြောင်းတရားမျိုးတွေနဲ့

ရပ်တည်လို့ရအောင် အသိဥာဏ်တရားတွေ

ဖန်ဆင်းပေးခဲ့တဲ့ ဆရာသမားတွေကို
ကျေးဇူးတင်ပါတယ် ။

တစ်နေ့ တစ်နေ့ အသက်ရှင်နေထိုင်ခွင့်ပေးတဲ့
လောကကြီးကို ကျေးဇူးတင်ပါတယ် ။

ဘဝ မှာ အမြင်သစ် အတွေးသစ်တွေရအောင်
လှုံ့ဆော်ပေးတတ်တဲ့ သဘာဝ တရားကြီးနှင့်
မိတ်ဆွေ အပေါင်းသင်းတွေအားလုံးကို
ကျေးဇူးတင်ပါတယ် ။

ကျွန်တော်သည်အရာရာ ညံ့ဖျင်းခဲ့တယ်ဆိုရင်

ကျွန်တော် အသုံးမကျလို့ပါ ။

ကျွန်တော်သည်

ယုတ်မာကောက်ကျစ်ခဲ့တယ်ဆိုရင်

အောက်တန်းကျတဲ့ လူစားမျိုးပါ ။

ကျွန်တော်သည် လောကကြီးအတွက်ဘဝ အတွက်

ကောင်းမွန်စွာလုပ်ဆောင်နေပါလျှင်

ကျွန်တော့်ရဲ့ မိတ်ဆွေ အပေါင်းသင်းတွေနှင်တကွ

myanmarsteemit community ရဲ့

မိသားစုဝင်အားလုံရဲ့ ကျေးဇူးကြောင့်ပါဗျာ …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

ကျွန်တော်နှင့် ကျေးဇူးအလှတရားများ | Ecency