ကျွန်တော် ရွာမှာမနေညက ဇာတ်တစ်ညကြည့်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်ဇာတ်ပွဲကြည့်နေစဉ် ကျွန်တော်အမှတ်မထင်၊ ဘုရားရှင်လက်ထက်တော်တုံးက အရှင်သာရိပုတ္တာရာ ဟောပြောဆုံးမခဲ့တဲ့ စကားကို သွားသတိရလိုက်မိပါတယ်၊ အရှင်သာရိပုတ္တာရာမှာ တပည့်(၅၀၀)ရှိခဲ့ပါတယ် သူတပည့်တွေထဲက အငယ်ဆုံးတပည့်တစ်ယောက်က သူ့ဆရာ အရှင်သာရိပုတ္တာရာကို ပိုက်ဆံအများကြီးရအောင်ဘယ်လိုလုပ်ရမှာလဲဆိုပြီး မေးခွန်းတစ်ခုကိုမေးခဲ့ပါတယ်၊ အရှင်သာရိပုတ္တာရာက စိတ်ရှည်လက်ရှည် သူ့တပည့်ရဲ့မေးခွန်းကို သေသေချာချာ ဖြေကြားခဲ့ပါတယ်၊ ဒီမှာတပည့် လောကမှာ ပိုက်ဆံအများကြီးလိုချင်တဲ့သူတွေက မဟုတ်တာကို အဟုတ်လုပ်ပြီးတော့လဲပြောရတယ်၊ ဟုတ်တာ မှန်နေတာကိုလဲဘဲ အမှားဖြစ်အောင်လုပ်ပြောရတယ်၊
နောက်ပြီး အထူးအားဖြင့် ဇာတ်မင်းသမီး မင်းသားတွေလို မငိုချင်ဘဲနဲ့လဲဘဲ ငိုပြရတယ် မရီချင်ဘဲနဲ့လဲ့ ရီပြရတယ်၊ ဒါကြောင်း ငါ့တပည့်သာ ပိုက်ဆံအများကြီးလိုချင်တယ်ဆိုရင်၊ ငါပြောသလိုမျိုးသာလုပ်ရလိမ့်မယ် ဆိုပြီး သူ့တပည့်ကိုဟောပြောပြခဲ့ဖူးပါတယ်၊ သူ့တပည့်က ဆရာကိုအပြစ်တင်ပြီး ထွက်သွားပါတယ်၊ အရှင်သာရိပုတ္တရာရဲ့တပည့်အပြစ်တင်တဲ့စကားကို ဘုရားရှင်ထံရောက်ရှိခဲ့ပါတယ်၊ အရှင်သာရိပုတ္တာရာရဲ့တပည့်ကို နည်းလမ်းရရှိဖို့အတွက် ဘုရားရှင်ကိုယ်တိုင် ဟောပြောပြခဲ့ပါတယ်၊ ကျွန်တော်အသိတစ်ခုရရှိခဲ့တာက လောက်ကမှာ အသက်ရှိနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကို လုပ်ချင်သလိုလုပ်ပြလိုရနေပြီးမဲ့ တစ်နေ့ကျရင် အကုန် သုသာန်ကို သွားရမှာချဉ်းပါလား၊ တစ်နေ့ကျရင် ငါတို့သေရမှာပါဘဲ ပြောရမယ်ဆိုရင်ဗျာ သေခြင်းတရားကို သတိရလိုက်တာပေါ့ဗျာ၊ ဇာတ်ပွဲ သွားကြည့်ရင် ကျန်တော်အတွက် ကုသိုလ်တစ်ခုရရှိခဲ့သလိုခံစားရပါတယ်၊ မိတ်ဆွေတို့လဲဘဲ ငွေရှာနည်းကို ကောင်းကောင်းနားလည်လိမ့်မယ်လိုမျှော်လင့်မိပါတယ်။
Written by Konyi
MSC 037