နေပျော်ပါပြီလေ

Words
38
Reading
1 min
Listen
Play
9y

image

ဆူး တစ်ချောင်း
မမြင်နိုင်တဲ့ နှလုံးသားထောင့်တစ်နေရာမှာ
ဆူးနစ်နေခဲ့ပြီပဲ
နာကျင်ရကောင်းမှန်း မသိလောက်အောင်
ဖက်တွယ်နေခဲ့မိတာ

တစ်ကယ်တော့
ကိုယ့်အတ္တ ခပ်ပါးပါးလေးပါပဲ
မာနတရားနဲ့ ရောစပ် လိုက်တော့လည်း
ဒီလူ့မှာ စပ်ဖျင်းဖျင်းနဲ့

လွတ်ထွက်သွားမှာ ကြောက်ရွံ့တဲ့စိတ်နဲ့
အတင်းအကျပ် ဆုပ်ကိုင်ထားမိတော့
ကိုယ့်ကိုကိုယ် ချောင်ပိတ်သတ်မိနေသလိုပဲ
အရာရာဟာ မှုန်ရီဝေဝါး
တစ်ချက်တစ်ချက်
လျှောက်နေတဲ့ ခြေလှမ်းတိုင်းဟာ
မင်းရှိရာ ဆီသို့ဆိုတဲ့ စိတ်ကလေးနဲ့ပဲ
ကိုယ် နေပျော်ပါပြီလေ

image

MSC-047

kokyawzinphyo@kokyawzinphyo

Photo Credit; google image

နေပျော်ပါပြီလေ | Ecency