အကြောင်းဖန်လာ၏......

Words
31
Reading
1 min
9y
Listen to this post
~1 min

giphy (1).gif

အကြင်သူထံ၌
တစ်ပါးသူ၏ ချစ်ခြင်းတရားတို့
ကင်းမဲ့သွားသော အခိုက်
ထိုသူအား မေ့ပျောက်ပစ်ဖို့ရာ
အကြောင်းဖန်လာလေ၏။

အကြင်သူထံ၌
တစ်ပါးသူ၏ သစ္စာတရားတို့
မှေးမှိန်သွားသော အခိုက်
ထိုသူအား စွန့်လွှတ်ဖို့ရာ
အကြောင်းဖန်လာ၏။

အကြင်သူထံ၌
တစ်ပါးသူ၏ နှောင်ကြိုးတို့
လျော့ရဲအားပျော့လာသော အခိုက်
ထိုနှောင်ကြိုးအား ဖြေလျော့ပေးရန်
အကြောင်းဖန်လာ၏။

tenor.gif

MSC-047
kokyawzinphyo@kokyawzinphyo
Photo Credit; Google image

အကြောင်းဖန်လာ၏...... | Ecency