ပဆလ ၃

kkmmkk(34)
Published in
#life
Words
205
Reading
1 min
9y
Listen to this post
~1 min

မိုးကောင်းက သက်ငယ်မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ ၁၀နှစ်သမီးလေး ပုံတွေတက်လာတော့
ကိုယ်ဖြင့် ကြည့်တောင်မကြည့်ရဲခဲ့ဘူး။
ပျံ့လွန်းမက ပျံ့လာမှ မကြည့်ချင် မြင်လျက်သားနဲ့ မြင်ခဲ့ရတာ။

ဒီနိုင်ငံဟာလေ သိပ်ထူးဆန်းတယ်။
မုဒိမ်းကောင်နှစ်ကောင်ရဲ့ အခွက်တွေကျ အမဲရောင်တန်းနဲ့ပိတ်ကာပေးထားပြီး
မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ ကလေးမရဲ့ မျက်နှာတွေ
ဒဏ်ရာတွေ၊ လျှို့ဝှက်အပ်တဲ့အစိတ်အပိုင်းတွေကျ မဖျက်မကာ ဒီတိုင်းတင်ကြတယ်။
ထားပါ... အဲ့လို victims ကို ထိခိုက်စေမယ့်ပုံတွေ တင်တဲ့ကိစ္စ ပြောရတာလည်း အာပေါက်နေပြီ။
ပြောတဲ့လူသာ လဲသေသွားမယ်၊ အမုန်းခံရအဆဲခံရမယ်၊ တင်တာက တင်တာပဲ။
မပြောဘူးဟေ့... မပြောဘူး 😡

၁၀နှစ်သမီးလေးခင်ဗျာ လည်ပင်းကို ဓါးနဲ့ခုတ်ခံရ
ဝါးချွန်နဲ့ အချက်ပေါင်းများစွာ အထိုးခံရ၊
ခန္ဓာကိုယ်က ရှိသမျှ အပေါက်တွေ ဓမ္မတာမဟုတ်တဲ့နည်းတွေနဲ့ပါ အဓမ္မပြုကျင့်ခံထားရပြီး သေဆုံးရတယ်။
ဓါတ်ပုံတွေထဲမှာ မြင်ရသလောက်က ကလေးမလေးက ဆန့်ကျင်ဖက်လိင်ကို မြှူဆွယ်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတောင် ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ အရွယ်လေး။ အသားဖြူဖြူဖွေးဖွေး၊ မျက်နှာလေးက ချောချောလေး။
ကိုယ် ရင်ထဲမကောင်းလိုက်တာ။

တရားခံ မုဒိမ်းကောင်နှစ်ကောင်ရဲ့ ပြစ်မှုကျူးလွန်ပုံသရုပ်ပြဗီဒီယိုဖိုင်ကို ကြည့်ပြီး စွေ့စွေ့ခုန်ဒေါသထွက်ရတယ်။
ကမကလနှစ်ကောင်က တောထဲမှာ ရွှေအိုးလိုက်ပြရတာကျနေ။
စောက်ခွက်တွေက နောင်တရတဲ့ပုံ တစ်ကွက်မှ မတွေ့ရဘူး။
ဓါးနဲ့ လည်ပင်းကို ခုတ်တယ်။ အဓမ္မကျင့်တယ်။
မသေသေးတော့ နာလွန်းလို့ ရုန်းကန်တာကို
ဝါးချွန်နဲ့ အချက်များစွာထိုးတယ်။
ဘာလို့ ဝါးချွန်နဲ့ထိုးတာလဲ မေးတော့ လုပ်နေတုန်း ငြိမ်ငြိမ်မနေလို့တဲ့။
အခွက်တွေချည်း ဖြတ်ဖြတ်ရိုက်ရမှာ။
အကောင်းအတိုင်း ဒင်းတို့ကို မြင်နေရတာကိုက စိတ်မချမ်းသာဘူး။

အခင်းဖြစ်ပွားတဲ့ ဒေသက မငြိမ်းချမ်းတဲ့ဒေသ။
ပြည်တွင်းစစ်ကြောင့် ဆင်းရဲမွဲတေနေတဲ့ ဒေသ။
အသက်၁၀နှစ်အရွယ် မိန်းကလေး တစ်ယောက်တည်း တောထဲထင်းခွေထွက်ရတာလည်း နိုင်ငံရေးပဲ။
လူစိတ်တစ်စက်မှကို မရှိတော့တဲ့ ခွေးမသားနှစ်ကောင်
အဓမ္မကျင့် လူသတ်တဲ့စိတ်တွေဖြစ်လာတာလည်း နိုင်ငံရေးပဲ။
ရင်လေးစရာနိုင်ငံတော်ကြီးလို့ပဲ ခံစားရတယ်။

သေဒဏ်ပေးပါ... မှန်ပါတယ်
၃၇၆ ကျူးလွန်နေချိန်မှာ ၃၀၂ကျူးလွန်မိရင် ခြွင်းချက်မရှိ သေဒဏ်ပဲလို့ ဖတ်ဖူးပါတယ်။
ဒီအမှုကတော့ သေဒဏ်သေချာပါတယ်။
မြန်မြန်အမိန့်ချဖို့နဲ့ တကယ်သေဒဏ်ခံရမခံရကိုပဲ စောင့်ကြည့်ရမယ်ထင်ပါတယ်။

ကိုယ်တွေးနေမိတာက ကိုယ်တို့တွေ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ရေးနေပြောနေဟောနေ ပွဲတွေလုပ်နေကြတာ တကယ်ရော ထိရောက်မှုရှိရဲ့လားလို့။
အရှင်းမရှိတာတော့ မဟုတ်ပါဘူး။ အာရုံစိုက်မှု Awarenessတော့ ဖြစ်လာစေပါတယ်။
ဒါပေမယ့် ကိုယ်တို့ရေးနေတဲ့ ဖေ့စ်ဘုတ်၊ သက်ငယ်မုဒိမ်း ကျူးလွန်နိုင်ချေရှိတဲ့ လူတန်းစားဟာ ဖေ့စ်ဘုတ် သုံးတတ်ရဲ့လား၊ ဖေ့စ်ဘုတ်သုံးတတ်ရင်ရော ရေးနေတဲ့စာတွေကို ဝင်ဖတ်ဖြစ်တဲ့၊ ရှာဖတ်တတ်တဲ့၊ ဒါမှမဟုတ် သူ့Newfeedမှာ အဲ့စာတွေပေါ်နိုင်တဲ့ လူမျိုးလား။
သက်ငယ်မုဒိမ်းဆန့်ကျင်ပွဲတွေ အများစုဟာ မြို့ကြီးပြကြီးမှာ ကျင်းပကြတာများပြီး အဲ့ဒါတွေဟာ ကျူးလွန်နိုင်ချေရှိတဲ့ လူတန်းစားဆီ သတင်းရောက်ရဲ့လား
ကိုယ်စဉ်းစားမိတယ်။

ကိုယ့်မှာ လုပ်နိုင်တဲ့စွမ်းအား မရှိလို့ရယ်...
တကယ့်တကယ်တမ်း ခုထက်ပိုထိရောက်ဖို့ဆိုရင်
ကျူးလွန်နိုင်ချေရှိတဲ့ လူတန်းစားတွေရှိတဲ့ နေရာတွေအထိ လိုက်လံဟောပြော ပညာပေးဖို့ လိုအပ်နေပြီလို့
ထင်တာပဲ။

ပြုဖူးခဲ့သော ကောင်းမှုအစုစုကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။
ကာမဘီလူး အောက်တန်းစားတွေ
ဘဝအဆက်ဆက် အဖန်ဖန်အလဲလဲသော ငရဲမှာ
အကြားမလပ် ပူပြင်းနာကျင်နေပါစေ...
သေခြင်းတရားကို လိုအပ်ချိန်မှာ မရရစေဘဲ
သေခြင်းထက်ဆိုးဝါးတဲ့ ဒုက္ခဆင်းရဲအပေါင်း
ကျရောက်ပါစေ။
ကမ္ဘာပေါ်မှ ရှိသမျှ အပြင်းထန်ဆုံးသော ကျိန်စာတွေ
ခင်ဗျားတို့အပေါ် ကျရောက်ပါစေသား။
😔😔😔
ခွက်​ဒစ်​-ပဆလ

ပဆလ ၃ | Ecency