ပဆလ၎

kkmmkk(34)
Published in
#news
Words
102
Reading
1 min
Listen
Play
9y

ပြသနာက နည်းနည်းရှုပ်ထွေးတယ် အိုင်ပီရေ ...
အားလုံး အလိမ်မခံရဖို့ အကောင့်မကျဖို့ ဆုတောင်းမေတ္တာပို့ပြီး ရင်တမမ တင်ရမှာပဲ။

ဆိုင်ကယ်ရောင်းတဲ့ ပေ့ခ်ျတစ်ခု ရှိတယ်။
လူလိမ်တွေဖွင့်ထားတဲ့ပေ့ခ်ျပေါ့။
တင်ထားတဲ့လိပ်စာက မော်လမြိုင်လိပ်စာ။
အဲ့လိပ်စာကလည်း ကောင်းရောင်းကောင်းဝယ်လုပ်စားနေတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရဲ့ လိပ်စာ။
တစ်နေ့တစ်နေ့ သူများဆိုင်ကယ်ပုံတွေ ခိုးပြီး တင်တယ်။
ဘယ်မြို့ကို အဲ့ဆိုင်ကယ်လေး ပို့လိုက်ပါပြီပေါ့။
ပုံပိုင်ရှင်ကလည်း သတိမထားမိဘူးဆိုတော့ ပြောမယ့်လူကမရှိဘူး။

အဲ့လိုပုံတွေ လိပ်စာတွေတင်ထားတော့ အလိမ်လို့ မထင်မိဘူး။
ကြိုက်တဲ့ ဆိုင်ကယ်တွေ့တော့ မှလိုက်တယ်။
(၁၇)သိန်းတဲ့... ဘဏ်ကငွေလွှဲရမယ်ပေါ့။
အိုကေပေါ့လေ... ဘဏ်အကောင့်တောင်းတော့လည်း ပေးတယ်။ အမည်တွေ မှတ်ပုံတင်တွေ အကောင့်နံပါတ်တွေနဲ့ဆိုတော့ ပိုယုံသွားတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ ဘဏ်ပိတ်ရက်ကြီး။
အဲ့ရက်မှာမှလည်း အဲ့ပစ္စည်းက ရမယ်။
Wave Money နဲ့ လွှဲခိုင်းတယ်။
အိုကေလေ.... ဘဏ်အကောင့်ဘာညာလည်း ပေးထားတာပဲ။ ပစ္စည်းကလည်း လိုချင်နေတော့ လွှဲလိုက်တယ်။
ပစ္စည်းမပို့တော့မှ ဘဏ်အကောင့်ကို စစ်လိုက်တော့
ဘဏ်အကောင့်ကလည်း အတုကြီး။
ပေ့ခ်ျကလည်း banပစ်လိုက်တယ်။
ပေ့ခ်ျမှာ သွားပြောသူမှန်သမျှခအကုန်ban တယ်။
ငွေထုတ်သွားတာလည်း မြဝတီက မဟုတ်ဘူး။
ပဲခူးမှာ သုံးနေရာခွဲထုတ်သွားတာတဲ့။
အလိမ်ခံလိုက်ရတယ် ...
အဖြစ်က ဒါပဲ။

အလိမ်ခံလိုက်ရလို့ မိတ်ဆွေ ကမောင်အေးကို အကူအညီတောင်းပြီး အခြားလူတွေ အလိမ်မခံရအောင် ပိုစ့်တင်တယ်။ လူလိမ်တွေက Reportထုတယ်။
အကောင့်လော့ချခံရတယ်။
အဲ့တော့ ကိုယ်တွေကပါ လော့ချလည်းချ
လူလိမ်တွေ ရှေ့ရောက်နေတာ လက်မခံနိုင်ဘူးဆိုပြီး
ပိုစ့်တင် အသိပေးတယ်။

လူလူချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
ခွက်​ဒစ်​-ပဆလ

ပဆလ၄ | Ecency