One Championship

kkmmkk(34)
Published in
#esteem
Words
94
Reading
1 min
Listen
Play
9y

နေပါဦး
လုပ်ပွဲ လုပ်ပွဲဆိုရအောင် One Championship ဆိုတာ
ယူတို့ရပ်ကွက်ထဲကလို ပီပါလေးလုံးချ ယိုင်သုံးချပ်တင်ပြီး ထိုးတဲ့ပွဲလို့များ ထင်နေတာလားဟင်။

ပြောလိုက်ရင် One Championship လောက်ကိုတောင် စာရင်းထဲမရှိတဲ့ တန်းမြင့်ပုဂ္ဂိုလ်ကြီးတွေပေါ့။
လုပ်ပွဲဟုတ်မဟုတ်သိချင်ရင် အောင်လကန်တာ ခံကြည့်ပါလား။

နိုင်ငံခြားသားခံယူထားသူက မြန်မာအလံခြုံပြီး မြန်မာတွေကို ဂျင်းထည့်နေတယ်ဆိုပဲ။
စိတ်ဓါတ်တွေက ရွံစရာကောင်းတယ်။
သူ့ဘာသာ ဘာနိုင်ငံသား ခံယူထား ခံယူထား
မြန်မာနိုင်ငံဖွား တိုင်းရင်းသားတစ်ယောက်ရဲ့
မြန်မာအလံခြုံထားတဲ့ လက်သီးတွေကို
မြန်မာလူမျိုးတွေက ဂုဏ်ယူတာ ဆန်းသလား။

တစ်သက်လုံး ရှုံးလာတဲ့ မြန်မာ့ဘောလုံးတောင်မှ
ဘယ်လောက် စိတ်ပျက်ပါတယ်ဆိုဆို
မြန်မာအသင်းဆိုတာနဲ့ နိုင်ငံတော်သီချင်းကို လည်ချောင်းကွဲမတတ်အော်ရင်း ခဏခဏစောင်သည်းကွဲ ခံနေတာလည်း ဟော့ဒီ့မြန်မာတွေပဲ။
တိုင်းပြည်ရဲ့Export ဆိုလို့ အိမ်ဖော်ပဲ ထွက်တဲ့နိုင်ငံက
အနိုင်ကို ဆာလောင်တာ ဘာသဘာဝမကျတာ ရှိလို့ပါလဲ။
မြန်မာလူမျိုးကမ္ဘာ့ချန်ပီယံဆိုတာ ဘယ်လောက်နားဝင်ချိုတယ်မှတ်လဲ။

ဂျင်းမက ကြက်သွန်ဖြူဖြစ်ဖြစ် မိဿလင်ဖြစ်ဖြစ်
သူ့ပေးတဲ့ ပျော်ရွှင်မှုအတွက် ကိုယ်တွေပြန်ပေးရတာ
လက်ခုတ်သံနဲ့ စိတ်ဓါတ်ပဲ။
အားနေရင် မြန်မာလူမျိုးအချင်းချင်း ဟိုဖဲ့ဒီဖဲ့
ဟိုခြေထိုးခံ ဒီခြေထိုးခံ၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့
ကမြောက်ကခြောက်တွေပဲ ရှက်ရမှာ။

လုပ်ပွဲဆိုတာ သူတို့နှမတွေကိုယ်စား စိတ်ကူးဝင်ယဉ်နေတာပဲ ဖြစ်ရမယ်။
လက်သီးတောင် ဖြောင့်အောင် မဆုပ်တတ်ဘဲ
One Championship ကို လုပ်ပွဲဆိုတဲ့ကောင်တွေကို
အောင်လခြေထောက်ငှားပြီး နားထင်တွေချည်း ဖြတ်ဖြတ်ကန်ချင်တာဆိုတာလေ ....

ပဆလ ၃
ခွက်​ဒစ်​ ပဆလ

One Championship | Ecency