TAXI FIGHTER AND ME

Words
145
Reading
1 min
Listen
Play
9y

image
ဒီနေ့  စနေကျောင်းပိတ်ရက်ဆိုပေမဲ့ ကျူရှင်ရှိနေတာမို့  ခါတိုင်းလို အိပ်ရာနောက်ကျမှ ထတတ်တဲ့ ကျွန်တော်လည်း ကတိုက်ကရိုက် ပြင်ဆင်နေရတာပေါ့ မနက်စာတောင်မစားအားပဲ အမေဆီက မုန့် ဖိုးတောင်းပြီး ကားဂိတ်ပြေးလာတော့ ကားတစ်စီးမှ မရောက်လာ စောင့်ရတာလည်း စိတ်ကမရှည်တော့ဘူး
နာရီကြည့်တော့ တော်တော်နောက်ကျနေပြီ မထူးတော့ဘူးဆိုပြီး တက္ကစီ လေးငှားစီးမိပါတယ် ဇာတ်လမ်းကစတာပဲ ကားသမားလေးက ကိုယ်နဲ့မတိမ်းမယိမ်း လက်မောင်းတွေကလည်းတတ်တူးအပြည့် ဆိုတော့နည်းနည်းတော့ ဖြုံမိတာပေါ့ဗျာ ဒါပေမဲ့ ကားလည်းတားမိပြီ ဈေးလည်းပြောပြီးပြီဆိုတော့ စီးရတော့တာပေါ့ လူသာငယ်တာ ပညာကမငယ်ဘူးဆိုတဲ့အတိုင်း မောင်းတာကလည်း မိုးပျံအောင်မောင်းတယ် ပြီးရင် တွေ့သမျှကားတိုင်းကို သူက အရင်စပြီး ဆဲတာချည်းပဲ ဘာတဲ့ "ရွာမှာ နွားလှည်းမောင်းနေတာမဟုတ်ဘူး ကားကိုကားနဲ့တူအောင်မောင်း "ဆိုပြီး ကလော်နေတာ ကျွန် တော့်မှာတော့ သံဗုဒ္ဓေ ကြေးဗုဒ္ဓေ စုံအောင်ရွတ်နေရတယ် သန်လျင် တံတားဖြတ်တော့ အနောက်က ကားက ဟွန်းသံတတီတီနဲ့ ကားက တစ်လမ်းသွားကို ကျော်ဖို့ လမ်းလာတောင်းနေတော့ ကိုဟ့်ဆရာဖိုက်တာကြီး ဒေါသငယ်ထိပ်ရောက်ပြီပေါ့ကားထဲမှာ မိုးမွှန်အောင် ပေါက်ကွဲပြီး တံတားဆင်းတော့ နောက်က ကားကကျော်တတ်သွားတယ် သူလည်း အပြိုင်လိုက်တော့ ကျွန်တော့်ခဗျာ ဇီးဖြူသီး စကောထဲထည့်လှိမ့်သလို ခြေမကိုင်မိ လက်မကိုင်မိနဲ့ ချွေးစေးပါပြန်တယ် သေရမှာကြောက်တာကိုး ဒါနဲ့ ဟိုကားက လမ်းချိုးထဲ ဝင်သွားပါလေရော ကျုပ်ဆရာ ကားသမားကလည်း ကျုပ်ကိုအရင် လိုက်မပို့ ပဲ အဲ့ကားချိုးတဲ့နောက် လိုက်ချိုးတာ ကျွန်တော်တော့ ပြေးပေါက်မှားပြီ လူပေါင်းမှားပြီပေါ့ သူ့ ကိုလည်း ဘာမှ မပြောရဲဘူးဒါနဲ့ ရှေ့က ကားကရပ်ပြီး လူနှစ်ယောက်ဆင်းလာတယ် ဗလကြီးတွေနဲ့ ကျုပ်ဆရာ ကားသမားလည်း ဘေးချင်းယှဉ်ရပ်ပြီးတော့" အစ်ကိုကြီး စောနက တံတားပေါ်မှာ ဘာလို့ လမ်းတောင်းတာလဲ ညီလေးဘေးကပ်ပေးလို့ မှ မရတဲ့ဟာကို ဘယ်လိုလုပ်ပေးရမှာလည်း အဲ့ဒါလာပြောတာငိ "ဟိုဘက်ကားကိုကြညိ့လိုက်တော့ ခေါင်းခန်းမှာ ထိုင်နေတာက နပန်းသမားလိုလို လက်ဝှေ့သမားလိုလိုနဲ့ ဖိုက်တာတစ်ယောက်
ဒါကြောင့် ကျုပ်ကားသမား ဖိုက်တာ လေသံပျော့သွားတာထင်တယ် အဲ့ဒီနေ့ က လမ်းကြိုလမ်းကြားထဲဝင်ပြီး ပြန်မထွက်တတ်တော့ ကျွန်တော်လည်း ကျူရှင် မတတ်လိုက်ရဘူးကားသမား ဖိုက်တာကြီးလည်း သူ့ ဇကို ကျွန်တော်တွေ့သွားတော့ ကားခတောင် တစ်ဝက်ပဲယူပြီး ညီလေး တောင်းပန်ပါတယ်ကွာတဲ့
ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့်ရတာ ကျေးဇူးတင်မိနေပါတယ် တက္ကစီဖိုက်တာ ရေ
image

TAXI FIGHTER AND ME | Ecency