Himalayan pink rock salt for health

Words
383
Reading
2 min
Listen
Play
9y

Himalayan pink rock salt ​နဲ့ပတ်​သက်​ပြီးကောင်းကျိုး​တွေကို ​ရေးတင်​​ပေးမယ်​လို့ ​ပြောထားတာ ခုမှ​ရေးပြီးတင်​နိုင်​လို့ sorry ​နော်​။ 😁
ရှယ်သင့်တယ် ထင်ရင်လဲ ရှယ်ပေးကြပါလို့...
(အသေးစိပ် လေ့လာ ဖတ်ချင်သူများ အတွက် မူရင်းlinks တွေအောက်မှာ ထည့်ပေးထားပါတယ်.. )

လူ​တွေရဲ့ ခန္ဓာကိုယ်​မှာ ရှိတဲ့ minerals ​တွေက ၈၄မျိုးရှိပါတယ်​။ အဲ့ဒီထဲမှာ အခု ကျွန်​မတို့သုံး​နေတဲ့ table salt (ဓာတု​ဗေဒနည်းနဲ့အ​ရောင်​ချွတ်​ထားတဲ့ စားပွဲတင်​ဆား) ​တွေက ဘယ်​နှစ်​မျိုး​လောက်​ပါသလဲ သိကြပါသလား.... ?

ဆားကို ဓာတု​ဗေဒနည်းနဲ့ အစိုမပျံအောင် ဖြူပြီး သုံးလို့ လှသွားအောင် အ​ရောင်​ချွတ်​လိုက်​တဲ့ အခါမှာ သဘာဝ ဖြစ်တည်နေတဲ့ minerals ​တွေ အကုန်​လုံး ပြိုကွဲသွားပြီး​တော့ sodium chloride ဆိုတဲ့ အငံဓာတ်​ တစ်​မျိုးလောက်ပဲ ကျန်​ပါ​တော့တယ်​။

အဲ့ဒါ​ကြောင့်​ ကျွန်​မတို့တွေ ဆားများများသုံးတာ ကြာတဲ့အခါ အငံဓာတ်​များပြီး ​သွေးတိုး​တွေ ဖြစ်​ကြတာ ဒါ​ကြောင့်​ပါ......။ ပြီးတော့ လည်​ပင်းကြီး​ ရောဂါမဖြစ်​​အောင်​ ကာကွယ်​ပေးတဲ့ iodine အိုင်​အိုဒင်းဓာတ်​ ဆိုတာဟာလည်း ဒီဆားကို အ​ရောင်​ချွတ်​လိုက်​တဲ့အခါ ဓာတ်​ပြိုကွဲပြီး ပျက်စီး ပါသွားတဲ့အတွက်​ တချို့​တွေက iodine ကို သဘာဝမဟုတ်​ပဲ ဓာတု​ဗေဒနည်းနဲ့ ထပ်​ဖြည့်​ထားတဲ့ အိုင်​အိုဒင်းဆား ဆိုပြီး​တောင်​ ​ထုတ်​လုပ်​​ရောင်းချ စားသုံး​နေကြ​သေးတယ်​။

အဲဒီတော့ ​သေချာ ​လေ့လာကြည့်​မယ်​ဆိုရင်​ ​ကြောက်​စရာကြီးပါ။ ဒါ​ကြောင့်​လည်း လူကြီး​တွေက ဆားသိပ်​မများနဲ့ ​သွေးတိုးအတွက်​မ​ကောင်းဘူးတို့ ဘာတို့ ​ပြော​နေတာ ဒါ​ကြောင့်​ကိုး...။ အဲ.... ဆားထက်​ပိုပြီး​တော့ လူအတွက်​ ဆိုးကျိုး​ပေးပြီး အန္တာရာယ်​များတဲ့ ​ကောင်းကျိုးတစ်​ခုမှမရှိတာက အချိုမှုန့်​ပါ။

အချိုမှုန့်​ဆိုတာက လူ​တွေ ဓာတု​ဗေဒနည်းနဲ့ ထုတ်​ထားတဲ့monosodium glucotamate (MSG) မိုနိုဆိုဒီယမ်​ဂလူကို့ဒနိတ်​ ဆိုတဲ့ အရသာ တစ်​မျိုး​ပေး​စေတဲ့ ဟင်းခတ်​အရသာမှုန့်​ တစ်​မျိုးပါ။ sodium ကို ထပ်​ပြီး​တော့ အဆင့်​မြင့်​​အောင်​ ဓာတ်​ခွဲထားတဲ့ အတွက်​ ခန္ဓာကိုယ်​က ​တော်​​တော်​နဲ့ မဖြိုခွဲနိုင်​ပါဘူး။ သူ့ရဲ့ အာနိသင်​က ခန္ဓာကိုယ်​ထဲမှာရှိတဲ့ calcium (အရိုးဓာတ်) ကယ်​လ်​ဆီယမ်​ဓာတ်​​တွေကို ဖြိုခွဲ တိုင်စားပစ်​တဲ့ အာနိသင်​ရှိတာ​ကြောင့်​ ခန္ဓာကိုယ်​ထဲမှာရှိတဲ့ အရိုး​တွေကို တဖြည်းဖြည်းနဲ့ ​ဆွေး​မြေ့လာ​စေပါတယ်​။

အချိုမှုန့်​ရဲ့ တိုက်​စားတတ်​တဲ့ အာနိသင်​ကို မယုံဘူးဆိုရင်​ ကျွန်​မ တစ်​ခု​ပြောမယ်​။ပလပ်​စတစ်​ဘူးထဲမှာ အချိုမှုန့်​ကို ထည့်​ပြီး​တော့ ​ရေ​လေးနည်းနည်းနဲ့ အရည်​​လေး ​ဖျော်​ပြီး​တော့ သံဇွန်း​လေးကို ထည့်​ထားကြည့်​ပါ။ ဘယ်​နှစ်​ရက်​​လောက်​​နေရင်​ အတိုက်​စားခံရပြီး ​ဆွေး​မြေ့ပြီး​တော့ အရည်​​ပျော်​သွားလဲဆိုတာ။ iron ဆိုတဲ့ သံကို​တောင်​ အရည်​​ဖျော်​နိုင်​တဲ့ ဒီအာနိသင်​ဓာတ်​ဟာ ခန္ဓာကိုယ်​ထဲမှာရှိတဲ့ အရိုး​တွေ calcium နဲ့ iron ဓာတ်တွေကိုလည်း (ခန္ဓာကိုယ်​က ဘယ်​​လောက်​ပဲ ဆဲလ်​အသစ်​​တွေ ထုတ်​ပါတယ်​​ ပြော​ပြော) ကြာတဲ့အခါမှာ အလျှင်​မှီ​အောင်​ မထုတ်​နိုင်​​တော့ပဲ အရိုး​တွေ ​ဆွေး​မြေ့ပြီး​တော့ သိပ်​အသက်​ကြီးကြီး မ​ရောက်​ခင်​ အရွယ်​မရင့်​ခင်​မှာ ခါးကုန်းတာတို့၊ ဒူးနာတာတို့၊ အရိုးကျိုးလွယ်​တာတို့၊ အရိုး​ဆွေး၊ အရိုးပွ​ရောဂါ၊ ​လေးဘက်​နာ​ရောဂါတို့ ဖြစ်​လာတယ်​ဆိုတာ မဆန်းပါဘူး။

ကဲ...အဲ့ဒီ​တော့ Himalayan pink saltရဲ့ ​ကောင်းကျိုး​တွေ ​ပြောမယ်​ဆိုပြီး​တော့ တခြားဆား​တွေရဲ့ ဆိုးကျိုး​တွေပဲ​ပြော​နေတာ ​တော်​​လောက်​ပြီထင်​ပါတယ်​။

ပထမ​မေးခွန်းကို ပြန်​သွားပြီး​ဖြေကြည့်​ရ​အောင်​။ ခန္ဓာကိုယ်​ထဲမှာ ရှိတဲ့ လိုအပ်​တဲ့ minerals ၈၄မျိုးကို Himalayan pink salt ထဲမှာ ဘယ်​နှစ်​မျိုး​လောက်​ပါလဲလို့ ​မေးကြည့်​လိုက်​ရ​အောင်​။

Himalayan saltမှာ လူ့ခန္ဓာကိုယ်​အတွက်​ လိုအပ်​တဲ့ minerals ၈၄မျိုးလုံးပါဝင်​ပါတယ်​။ ဆိုဒီယမ်​ကလိုရိုဒ်​၊ ဆာလဖိတ်​၊ ကယ်​လ်ဆီယမ်​၊ ပိုတက်​ဆီယမ်​နဲ့ မဂ္ဂနီဆီယမ်​ဓာတ်​​​တွေလည်းအနည်းငယ်​စီ ပါဝင်​ခြင်းကိုလည်း ​လျော့နည်းသန့်​စင်​ပြီးသား ဖြစ်​တယ်​။

ဒီ pink salt ဟာ သာမန်​အိမ်​သုံးဆားထက်​ ပိုပြီး အရွယ်​အစားကြီး​တာ​ကြောင့်​ လုပ်​​ဆောင်​မှု ပိုမြင့်​မားပြီး အန္တရာယ်​ပိုကင်းပါတယ်​။ Himalayan pink salt ဟာ အိမ်​သုံးဆား​တွေစားသုံးတာများလို့ ​sodium ဓာတ်​များပြီး ​သွေး​တိုးခြင်း​တွေကို​ လျော့ကျ​စေပါတယ်​။ ဒီဆားနဲ့ပတ်​သက်​ပြီး ​နောက်​ထပ်​ ကြီးကျယ်​ခမ်းနားတဲ့ အရာတစ်​ခုက တုန်​ခါမှုစွမ်းအင်​ကို သို​လှောင်​ထားနိုင်​ခြင်းပါပဲ။ pink saltမှာ ပါဝင်​တဲ့ သတ္တုဓာတ်​​တွေဟာ အနုစိတ်​ဖွဲ့စည်းထားခြင်းဖြစ်​တာ​ကြောင့်​ ခန္ဓာကိုယ်​တွင်းမှာရှိတဲ့ ဆဲလ်​​တွေအားလုံး စုပ်​ယူနိုင်​ဖို့ လုံ​လောက်​ပါတယ်​လို့ သက်​​သေပြစရာ မလို​တော့ပါဘူး။
အိမ်​သုံးဆား​နေရာမှာ Himalayan pink saltကို အစားထိုး စားသုံးခြင်း​ကြောင့်​ သင်​ဘာအကျိုး​ကျေးဇူး​တွေရနိုင်​မလဲဆိုရင်​...

  • ​သွေး​​ကြော​တွေကို ကျန်းမာ​စေတယ်
  • အသက်​ရှူလမ်း​ကြောင်းနဲ့ အဆုပ်​ရဲ့ လုပ်​ငန်း​ဆောင်​တာ​တွေကို ကျန်းမာ​စေဖို့ ​ထောက်​ပံ့​ပေးတယ်
  • ဆဲလ်​တွင်းမှာ ရှိတဲ့ PH levels ​တွေကို ညီမျှ​စေတယ်
  • ဇရာ​လက္ခဏာ​တွေကို​လျှော့ချ​စေပြီး နုနယ်​ပျိုမျစ်​​စေတယ်
  • နှစ်​ခြိုက်​စွာ အိပ်​​ပျော်​​စေတယ်
  • အိမ်​​ထောင်​​ရေးသုခပြည့်​ဝ​စေရန်​ လိင်​စိတ်​တိုးပွား​စေတယ်
  • ကြွက်​တက်​ခြင်းကို ကာကွယ်​​ပေးတယ်
  • ​ရေဓာတ်​စုပ်​ယူမှု အား​ကောင်း​စေတယ်
  • အရိုး​တွေသန်​မာ​စေတယ်
  • ​သွေးတိုးခြင်းကို​လျော့ကျ​စေတယ်
  • ​သွေးလည်​ပတ်​မှုအား​ကောင်း​စေတယ်
  • ခန္ဓာကိုယ်​တွင်း အဆိပ်​တောက်​​တွေကို ဖယ်​ရှား​ပေးတယ်

Himalayan salt ဆိုတော့ ဟိမဝန္တာ တောင်ပေါ်က ရေကန်ထဲက ဆားလို့ ထင်ကြမှာပဲနော်.... မဟုတ်ပါဘူး... ရေကန်မရှိပါဘူး....

သူ့ရဲ့ သမိုင်း​ကြောင်းကို​ပြောရရင်​ဖြင့်​ Himalayan pink salt ကို လွန်​ခဲ့တဲ့ နှစ်​သန်း​ပေါင်း၂၀၀ ​လောက်​တည်းက ပင်​လယ်​ထဲက ဆား​တွေဟာ စုခဲသွားပြီး ​ချော်​ရည်​​တွေဖုံးပြီး ဆား​တောင်​ကြီးအဖြစ်​နဲ့ တည်​ရှိ​နေခဲ့တာပါ။ အဲ့ဒါ​ကြောင့်​ ဒီဆား​တွေကို နှင်း​တောထဲမှာ​ရေခဲ​တွေနဲ့ နှစ်​​ပေါင်း​ သန်းကို ရာနဲ့ချီပြီး လုံခြုံစွာ ဖုံးအုပ်​ထားတာ​ကြောင့်​ ​လေထုညစ်​ညမ်းမှု ဒဏ်​လည်း ကင်း​ဝေးပြီးတော့ သဘာဝအတိုင်း မပုပ်​မသိုး မပျက်​မစီးပဲ တည်​ရှိ​နေခဲ့ခြင်းဖြစ်​ပါတယ်​။ ဟိမဝန္တာ​တောင်​ကြီးဟာ အာရှတလွှား တရုတ်​၊ နီ​ပေါ၊ မြန်​မာ၊ ပါကစ္စတန်​၊ ဘူတန်​၊ အာဖဂန်​နစ္စတန်​ နဲ့ အိန္ဒိယ နိုင်​ငံ​တွေကို ဖြတ်​သန်း တည်​ရှိ​နေပါတယ်​။

Himalayan salt ကိုတခြား ဆား​တွေနဲ့ နှိုင်းယှဉ်​ရရင် ပင်​လယ်​ဆားဟာ အိမ်​သုံးဆားထက်​ စာရင်​​တော့ ပို​ကောင်းတဲ့ ​ရွေးချယ်​မှုအဖြစ်​ ရှိ​နေဆဲပါ။ ဒါ​ပေမယ့်​ ပင်​လယ်​သမုဒ္ဒရာ​တွေဟာ လူသား​တွေရဲ့ စွန့်​ပစ်​ပစ္စည်း​တွေ​ကြောင့်​ တ​စ်​နှစ်​ထက်​တစ်​နှစ်​ ပိုပိုပြီး ညစ်​ညမ်းလာမှုနဲ့ ရင်​ဆိုင်​​နေရပါတယ်​။ ထို့​ကြောင့်​ အကျိုး​ကျေးဇူးအားဖြင့်​ Himalayan pink saltဟာ ယ​နေ့ရရှိနိုင်​တဲ့ ဆား​တွေထဲကမှ အသန့်​စင်​ဆုံးဆားအဖြစ်​ ရပ်​တည်​​နေခြင်းပဲ

Credit .. thandar hlaingreceived_1801753316506198.jpeg

Himalayan pink rock salt for health | Ecency