"သင်မသိသော coconut oil အကြောင်း"
Coconut Oil ဆို လူတွေက ခေါင်းထည့်တဲ့ အုန်းဆီလောက်သာ ပြေးမြင်တတ်ကြပါတယ်
ဒါမှ မဟုတ်ရင်လည်း စားအုန်းဆီနဲ့ မှားတတ်ကြပြန်ပါတယ်
တကယ်တော့ Coconut Oil အမျိုးအစား ၆မျိုးရှိပါတယ်
၁) Pure Coconut Oil
ဘာမှ မသန့် စင် မပြုပြင်ထားတဲ့ သဘာဝအုန်းဆီပါ သူ့ ကို အုန်းသီးအခြောက်ကနေ ထုတ်ယူတာပါ (Dried Kernel of coconut) စစ်ယူပုံကတော့ ပုံမှန်ကြိတ်စက်နဲ့ ကြိတ်တာပါ သူ့ ကို စားဆီ၊ message လုပ်ရာမှာသုံးတဲ့အဆီ၊ အထူးသဖြင့် ခေါင်းလိမ်းဆီအဖြစ်သုံးပါတယ်
၂) Refined Coconut Oil
Refined ဆိုတဲ့အတိုင်း နံပါတ်၂အမ်ျုးအစားကတော့ သန့် စင်ပြီးသားဖြစ်ပါတယ် သန့် စင်တဲ့နည်းတွေကတော့ Bleaching/Deodorized နည်းဖြင့် Mechanically ရော Chemically အရပါ Extract လုပ်တာဖြစ်ပါတယ်
၃) Organic Coconut Oil
Organic ဆိုတဲအတိုင်း နံပါတ်၃ အမျိုးအစားကတော့ အုန်းပင်စိုက်ကတည်းက ဘာဓာတုဗေဒဆေးမှ မသုံးဘဲ သဘာဝအတိုင်း ရရှိတဲ့ အုန်းသီးကနေ ထုတ်ထားတာဖြစ်ပါတယ် အဆီအဖြစ်ထုတ်ယူရာမှာလည်း ဘာဓာတုနည်းမှ မသုံးထားဘူး
၎)Virgin Coconut Oil
နံပါတ်၎ အမျိုးအစားကတော့ အုန်းခွံမပါပဲ အုန်းသား (fresh coconut meat) ကို Fermentationလုပ် Centrifuge နဲ့ ခွဲ Enzyme action တွေကို စစ်ဆေးပြီးထုတ်ထားတာဖြစ်ပါတယ် ထုတ်တဲ့အချိန်မှာ အပူချိန်ကို အနိမ့်ဆုံးဖြစ်အောင် စိစစ်ထားတဲ့အတွက် ဆီရဲ့  အရသာနဲ့ အနံဟာ နံပါတ်၁ နဲ့  ၂ထက်ယှဉ်ရင် ပိုကောင်းတာတွေ့ ရပြီး Medium Chain Fatty Acidsမပျက်စီးစေတဲ့အတွက် Antioxidant နဲ့ Anti-microbial propertiesလို့ ခေါ်တဲ့ အရပ်ပြော ပိုးသေစေတဲ့ဂုဏ်သတ္တိကိုပေးပါတယ်
၅) Organic Virgin Coconut Oil
နံပါတ်၅ အမျိုးအစားကတော့ organic coconut ကိုနံပါတ်၎ နည်းအတိုင်းထုတ်ထားတာဖြစ်ပြီး ဈေးကွက်မှာ မရှိသလောက်ရှားပါးအမျိုးအစားပဲဖြစ်ပါတယ်
၆) Extra Virgin Coconut Oil
အဆီထုတ်ယူပုံနည်းစနစ်ကတော့ နံပါတ်၎နည်းတူဖြစ်ပြီး သူဟာ coconut မှာပါတဲ့ Medium Chain Fatty Acids တွေကို မပျက်စီးအောင် Cold pressing နည်းနဲ့ ထုတ်ယူထားတာဖြစ်ပါတယ် တခြားနည်းနဲ့ မတူ cold pressing နည်းဟာ No heat/No boliing မလို့ အဆီရဲ့  လိုအပ်တဲ့ Fatty acids chainတွေကို မပျက်စေတဲ့အတွက် တခြား Machine Pressing/Bullock or manual pressing ထက်စာရင် ပိုကောင်းတဲ့နည်းဖြစ်ပါတယ်
အမျိုးအစားအလိုက် အသုံးဝင်ပုံလည်း အနည်းနဲ့ အများ ကွာပါတယ် Organic အမျိုးအစားတွေက ဈေးကွက်မှာ မရှိသလောက်မို့  ကျန်အမျိုးအစားတွေရဲ့ အသုံးဝင်ပုံအကြမ်းဖျင်းကတော့
ဆံပင်/message ----- Pure Coconut Oil/Refined Coconut Oil
ချက်ပြုတ် --- Refined Coconut Oil
Weight Loss/Medical Use ---- Virgin Coconut Oil/Extra Vigrin Coconut Oil
လူအတော်များများသိပ် မသိသေးတဲ့ Virgin/Extra Virgin Coconut ရဲ့ အသုံးဝင်ပုံလေးကို ပြောပြချင်ပါတယ် မပြောခင် Cold Pressing နည်းနဲ့ ထုတ်ယူတဲ့အခါမှာရလာတဲ့ coconut oil ရဲ့  ပါဝင်တဲ့ အရာလေးတွေကို ပြောရရင် အထူးသဖြင့် medium chain fatty acid တစ်မျိုးဖြစ်တဲ့ Lauric Acid လေးက ၁၀၀မှာ ၄၀ရာခိုင်နှုန်းလောက်ပါပါတယ် Lauric Acid က Fatty Acidလို့ ပြောတော့ လူတွေ အမြင်မှားနေတာက ဝ စေမယ်လို့ ထင်ရင် မှားပါလိမ့်မယ် သူဟာ ပြည့်ဝဆီဖြစ်ပြီး လူသားတွေရဲ့ ခန္ဓာကိုယ်ကို ရောက်တဲ့အခါ monolaurin လို့ ခေါ်တဲ့ အရာလေးအဖြစ်ပြောင်းသွားပြီး Bacteria နဲ့  Viruses တွေကို တန်ပြန်တိုက်ခိုက်တဲ့အစွမ်းလေးရှိသွားပါတယ် နောက် ပါဝင်တဲ့ ပစ္စည်းတွေကတော့ Linoleic Acid, Oleic Acid, Phenolic Acids or Gallic Acids (အုန်းဆီရဲ့ အနံ့ နဲ့ အရသာကို သူကပေးတာပါ) တခြား Vitamin E, Vitamin K, Iron, Betaines နောက်တခြား derivatives များစွာပါဝင်ပါတယ်
၁) Skin Care
အပေါ်ကပြောခဲ့သလိုပါပဲ တခြား Mineral Oil တွေလို အရေပြားကို ထိခိုက်မှု allergy ဖြစ်စေမှု မရှိတဲ့အတွက် Skin Care လုပ်ချင်သူတွေဟာ သူ့ ကို Lotions လို သုံးနိုင်ပါတယ် antibacterial action ရှိတဲ့အတွက် အရေပြားရောဂါများဖြစ်တဲ့ နှင်းခူတို့ ယားနာတို့ မှာသုံးနိုင်တဲ့အပြင် antioxidant action ကြောင့် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်
၂) Hair Care
Protein ဓာတ်ကြွယ်ဝတဲ့အတွက် အာဟာချို့ တဲ့နေတဲ့ ဆံသားတွေအတွက် အားဖြည့်ပေးတဲ့ဆေးစွမ်းတစ်လက်ပါ
ဆံသားစေးကပ်မှာစိုးလို့ ဆိုရင်တော့ခေါင်းမလျှော်ခင် တစ်ရက်အလို ဆံသားနဲ့ ခြောက်သွေ့ တဲ့ ဦးရေကိုလိမ်းပြီး မနကိခေါင်းလျှော်လိုက်ရင် အင်မတန်မှ အဆင်ပြေပါတယ်
၃) Heart Disease
လူတွေ မှားနေကြတာက အုန်းဆီစားရင် နှလုံးအတွက်မကောင်းဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ် အမှန်တော့ ပြည့်ဝဆီဖြစ်တဲ့ Lauric Acid ဟာ နှလုံး သွေးတိုး နဲ့ Cholesterol ထိန်းညိပေးတဲ့အပြင် မကောင်းတဲ့ အဆီLDL တွေကိုပါကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းတဲ့သူတို့  Artherosclerosis တို့ အတွက်ပါ ကောင်းစေပြီး သွေးလည်ပတ်မှုကောင်းအောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်
၎) Weight Loss
Short & Medium Chains Fatty Acidsတွေ ကြွယ်ဝတာမို့  ဝိတ်ချချင်သူတွေသာမက endocrine နဲ့ thyoid function ကိုပါ အထောက်အကူပေးပါတယ် တနည်းကတော့ သူ့ ကို ဝိတ်ကျဆေးအနေနဲ့ စားစရာမလိုပဲ သူကိုယ်တိုင်က ဝိတ်ကျစေတဲ့ အပိုဆုကိုပေးခြင်းဖြစ်ပါတယ် သူက Pancreas ကို သွားပြီး Metabolic Rate မြန်အောင်လုပ်ပေးတာကြောင့် အဝလွန်သူ အတွက်တော့ အရမ်းအသုံးဝင်တဲ့အရာပဲဖြစ်ပါတယ်
၅) Immunity
Anti Fungal,Anti Viral နဲ့  Anti Baterial အစွမ်းရှိတဲ့ Lipids တွေဖြစ်တဲ့ Laruic Acid, Caprylic Acid, Capric Acid တွေပါဝင်တဲ့ Coconut Oilဟာခုခံအားစနစ်ကိုလည်း ပိုကောင်းစေပပါတယ်
၆) Digestion
ချက်ပြုတ်ဆီအနေနဲ့ လည်း အသုံးပြုလို့ ရတဲ့ coconut oil ဟာ အစာချေမှုကိုလည်း အထောက်အပံ့ပေးတဲ့အပြင် ခန္ဓာကိုယ်ကလိုအပ်တဲ့ တခြားသော Vitamins,Amnio Acid နဲ့ Mineralsတွေ စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်
၇) Healing and Infections
အနာကျက်မြန်စေတဲ့ အာနိသင်အပြင် ပိုးသေစေတဲ့အစွမ်းလည်းရှိလို့  Diaper Rush, Athlete's foot,Ulcers, Throat Infections နဲ့  Urinary Tract Infection ဖြစ်စေတဲ့ bacteriaကို သေစေတဲ့အစွမ်းလည်းရှိပါတယိ
၈) Diabetes Control
Insulin secretion ကို အားပေးတာကြောင့် ဆီးချိုသွေးချိုသမား အတွက် တော့ အလွန်အသုံးဝင်ပါတယ်
၉)Others
အထက်ဖော်ပြပါ အချက်တွေကို အကိုးအကားမရှိရေးထားတာမဟုတ်ပါဘူး
Coconut Research Centre ဆိုတာရှိပါတယ် အသေးစိတ်သိချငိရင် အောက်ပါလင့်မှာ ဖတ်နိုင်ပါတယ်
https://www.organicfacts.net/…/health-benefits-of-coconut-o…
http://www.coconutresearchcenter.org/
Crd..Cocohealth
Credit: Mandalay Media Group