ရပ်မနေပါနဲ့

Words
102
Reading
1 min
Listen
Play
4y

ဒီနေ့တော့ ဘာအကြောင်းရေးရမယ်မှန်းမသိဖြစ်နေတယ်။စဥ်းစားလို့မရဘူး၊ဖြစ်ချင်တော့ Splinterlands ကနေ challenge အပတ်တိုင်ခေါ်နေတော့ ထိုအတွက်စဥ်းစားပေးနေရတာ တရက်တာအချိန်က ကုန်ဆုံးသွားခဲ့တယ်။
ကိုယ်ကဝန်ထမ်းဖြစ်နေတော့ မနက်အိမ်ယာထတဲ့ အလုပ်သွားဖို့အတွက်ပြင်ရဆင်ရနဲ့ အလုပ်ထဲရောက်ပြန်တော့လဲ လိုင်းပေါ်မတက်ဖြစ်တော့ စာရေးဖို့က မတွေ့ဘူးဖြစ်ဖြစ်သွားတယ်။မတွေ့တော့ ဒီနေ့မရေးဖြစ်တော့ဘူးလို့ ထားလိုက်ပြန်တော့လဲ စိတ်ကရေးချင်နေမိတယ်။

စိတ်ကသာရေးချင်နေမိသာ ရေးစရာကမရှိ စဥ်းစားပြီးရေးမယ်ကြံတော့လဲ splinterlands က challenge ရေးပြီးသွားရင် ခေါင်းထဲမှာ စဥ်းစားလို့မရအောင်ကို ဖြစ်ဖြစ်သွားခဲ့တယ်။ Challenge အကြောင်းတင်ပြီးသွားလို့ရှိရင် ခေါင်းထဲမှာ ဘာမှမရှိတော့သလိုကို ဖြစ်ဖြစ်သွားတယ်။

Challenge မခေါ်သေးတာပဲဖြစ်ဖြစ် challenge မရှိတဲ့နေ့ရက်တွေကတော့ စာရေးဖို့အတွက်အချိန်ကလုံလုံလောက်လောက်ရှိတယ်။ဒီနေ့ဆိုရင်တော့ challenge စခေါ်နေတော့ ပထမဆုံးအနေနဲ့စဥ်းစားပြီးရေးလိုက်တာ တစ်ညနေလုံးကို အချိန်က ကုန်သွားခဲ့ရပြီးတော့ လူကလဲဘယ်လိုပြောရမလဲ နွမ်းကြသွားတယ်ပေါ့။

ဦးစားပေးအနေနဲ့ကတော့ Hive Myanmar Community အဖွဲ့သားတွေအတွက်ပေါ့ Game post တွေချည်းပဲ စဥ်းစားနေရတာဟာက HP များများစားစားလေး အချိန်အတိုအတွင်းမှာစုမိဆောင်မိချင်တာလေးစိတ်တခုပါပဲ၊ကျန်တာကတော့ သိပ်မပါပါဘူး။ဒါမှလဲ hive မှာ လူတွေတိုးလာတဲ့အခါကြတော့ သူတို့လေးတွေလဲ အချိန်တိုအတွင်းမှာ အ​ခြေအနေတခုကိုရောက်လာမှာပါ။

အခုတလောအတွင်းမှာ Hive Myanmar Community မှာစာပုံမှန်ရေးနေကျတဲ့ အကောင့်တွေက ၃ကောင့် ၄ကောင့်လောက်ပဲတွေ့ရတယ်။တချို့ကတော့ game post တွေ တခြားသော community တွေမှာရေးနေကြတယ်။Hive Myanmar Community ကတချိူ့အဖွဲ့ဝင်တွေကတော့ ရှိကိုမရှိတာလား အခြေအနေနဲ့အချိန်အခါကြောင့်လားနေ့တိုင်းတွေ့နေရတဲ့ post တွေက ဒီလူတွေချည်းပဲဖြစ်နေတယ်။

တချိူ့ကတော့ Hive Myanmar Community မှာမတင်ပဲတခြားသော community တွေမှာတင်ကြတော့လဲ ကောင်းတယ်။အဓိက ကတော့ လမ်းလျှောက်နေဖို့အရေးကြီးတယ်၊ဘယ်လိုပဲလျှောက်လျှောက် အဓိကကတော် ရပ်မနေဖို့ပဲအရေးကြီးပါတယ်။
kaunglay2@kaunglay2
23:20PM

ရပ်မနေပါနဲ့ | Ecency