အခုရက်ပိုင်အတွင်းမှာ စာရေဖို့အတွက် ကျွန်တော် တော်တော်လေးခက်ခဲနေပါတယ်။ သင်္ကြန်အတွင်းဆိုတော့ ပျင်းနေတာလဲ ပါသလို personal ကိစ္စတချို့ကြောင့် စာရေးဖို့အတွက်ကို စိတ်ကမပါဘူးဖြစ်လို့နေပါတယ်။
အခုဒီစာရေးနေရတာတောင်မှာ တော်တော်လေးကြိုးစာပြီးတော့ ရေးနေရတယ်။BTCစျေးလေးက တော်တော်လေးပြန်တက်လာနေတော့ စာပြန်ရေးဖို့အတွက် အားဖြစ်စေသလို Hive စျေးလေးကလဲ အဆင်ပြေနေတဲ့ စျေးတန်လေးမှာ ရောက်ရှိနေခဲ့တော့ စာရေးချင်တဲ့စိတ်လေးက ကြွလာခဲ့ရပါတယ်။
Personal ကိစ္စကတော့ တော်တော်လေးတော့ အဆင်ပြေအောင် ကြိုးစားနေပါတယ်။အခြေအနေတစ်ခုကို ရောက်သွားခဲ့မယ်ဆိုရင်တော့ ပုံမှန်စိတ်အခြေအနေတစ်ခုကို ပြန်လည်ဖြစ်လာအောင်ရုန်းကန်နေပါတယ်။ အခြေအနေတစ်ခုရောက်ခဲ့ရင်တော့ အရင်လို စာကိုနေ့စဥ်ရေးဖြစ်သွားမှာပါ။
အခုလပိုင်အတွင်းမှာတော့ အချိန်သိပ်မပေးရတဲ့ Game post တွေလောက် တင်ဖြစ်ခဲ့ပါတယ်။သင်္ကြန်အတွင်းမှာ ဘယ်မှာလဲ မသွားဖြစ်ပါဘူး။မသွားဖြစ်တော့ Actifi အတွက် post လဲမတင်ဖြစ်ခဲ့ဘူး။သင်္ကြန်ပြီးရင်တော့ Actifit post လဲ တင်ဖြစ်အောင်ကြိုးစားရပါဦးမယ်။
သင်္ကြန်ကိုလဲ မြန်မြန်ပြီးစေချင်လှပါပြီး။သင်္ကြန်ပြီးမှပဲ အပြင်ထွက်ပြီးတော့ စာရေးဖို့အတွက် ကုန်ကြမ်းလေးတွေလဲ ရမယ်၊Actifit အတွက်လဲ post တင်ဖို့အတွက် အဆင်ပြေသွားမယ်။သင်္ကြန်ပြီးမှပဲ အရာအလုံး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ မျော်လင့်ရမိပါတယ်။