နှစ်သစ်ကူးလေပြီ ( Henry Aung )

Words
89
Reading
1 min
Listen
Play
6y

111.jpeg

မင်္ဂလာပါ။ နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများ နှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ တောင်းဆုပြုပါသည်။ နှစ်သစ်ကူးပြန်ပြီ။ ဤ ခရစ်သက္ကရဇ် ၂၀၂၀ တွင် အသစ်ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်သည် ကျွန်တော်တို့ ဘဝတွင် အမြဲတမ်း အမှတ်ရနေတော့မည် ဖြစ်ပါသည်။

အတာရေ မထိရပဲ နှစ်သစ်ကူးရသော ခုနှစ် ၊ အတာအိုးများ စီတန်းချ၍ ပရိတ်ရွတ်ခွင့် မရသော ခုနှစ် အဖြစ် တ်တမ်းဝင်သွားတော့မည် ဖြစ်ပါသည်။ အကောင်းဘက်ကတွေးကြည့်လျင်တော့ မြန်မာတပြည်လုံး သင်္ကြန်ကာလ အပျော်လွန်မှုကြောင့် ယျဉ်တိုက်မှုမရှိ ၊ ထိခိုက်နာကျင် ဒါဏ်ရာရသူများ မရှိ ၊ မူးယစ်ရမ်းကား၍ ခိုက်ရန်ဖြစ်ပွားမှု မရှိသော သင်္ကြန် အဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ မြန်မာတို့ အတွက် အတာကူးသော နှစ်ဦးကာလတွင် မင်္ဂလာရှိသော နှစ်သစ်ဖြစ်စေရန် အတွက် တစ်ဦး နှင့် တစ်ဦး မင်္ဂလာရှိသော စကားများသာ ပြောကြမြဲဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ဤစာစု အား ဖတ်မိသူအပေါင်း နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း များဖြင့် ပြည်စုံ၍ မိမိတို့ လိုအင်ဆန္ဒများ ပြည့်ဝပါစေမည့် အကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

Henry Aung (kachin)

H1.jpeg

နှစ်သစ်ကူးလေပြီ ( Henry Aung ) | Ecency