မိသားစုဟုယူဆရသော အမျိုးသားတဦးက အမျိုးသမီးလက်ကိုတွဲထားလျှက် ထိုအမျိုးသား၏အခြားလက်တဖက်တွင်ကား ကလေးငယ်တဦးကိုချီထားလေသည် ။
နေရာမှာ အပန်းဖြေသောပန်းခြံတခု ……
ပန်းပေါင်းစုံဖူးပွင့်လို့  အရောင်စုံစွာတင့်တယ်သာယာလျှက် အများသူငါ လူတကာလည်း အပန်းဖြေအလည်အပတ်နဲ့ စည်ကားလှပေသည် ။
အများသူငါ လူတကာဟုဆိုထားသည့်အတိုင်း လူဆိုးလူကောင်းသောင်းပြောင်းရောလျှက် ဝေခွဲရခက်လှပါတယ် ။ မိသားစု၃ဦးက ဒါကြောင့်လဲ လူကွဲမသွားစေရန်လက်ကိုမြဲမြဲတွဲလို့ လမ်းလျှောက်ရင်း ဟိုဒီကြည့် သတိထားသွားလာကြသည်ထင်ပါ့ ။
လူတဦးက ထိုမိသားစုအနား ရေးကြီးသုပ်ပြာလျှောက်ရင်း ဇွတ်တိုးဝင်တော့ ထိုမိသားစုလှည့်အကြည့်မှာ အမျိုးသားကို တွန်းလှဲပြီး လက်ထဲကချီထားတဲ့ကလေးအား လုယူထွက်ပြေးလေသည် ။
အမျိုးသမီးလဲ ရုတ်တရက်ဆိုတော့ မှင်သက်မိပြီး လဲသွားတဲ့အမျိုးသားကိုပွေ့ထူပြီးမှ ကလေးကိုသတိရသွားပြီး သူမကလေးအားလုယူသွားပါကြောင်း အော်ဟစ် အကူအညီတောင်းလေတော့သည် ။
အမျိုးသားကိုကြည့်တော့လည်း တွန်းလှဲသည့်အရှိန်ကြောင့် သွေးထွက်ဒဏ်ရာနဲ့မတ်တတ်မရပ်နိုင် ။ သူကိုယ်တိုင်ကလည်းကလေးနောက်ပြေးလိုက်သော်လည်း မမှီ ။ ကလေးနဲ့လုယူသူဟာ သူမမြင်ကွင်းထဲက ပျောက်သွားပြီး ပြေးလိုက်စရာ ဘယ်လမ်းကိုရွေးမတတ်အောင် အော်ဟစ်ငိုကြွေးလျှက်ပေါ့ ။
ပန်းခြံထဲဝင်လာချိန်က များပြားလှသော လူတို့ သည်လည်း ရုတ်ချည်းကွယ်ပျောက်လျှက် ကူညီသူမဲ့လေတော့ သူမဝမ်းနည်းငိုကြွေးလျှက် ခံစားရခက်လှတော့သည် ။
ကလေးနောက်သို့ ပြေးလိုက်ရင်း လမ်းစပျောက်နေသောသူမဟာ အမျိုးသားဆီပြန်ပြေးဘို့ ရာ ခြေဦးအလှည့်မှာဘဲ မိုးတွေက တအားရွာချလျှက် ပန်းခြံကြီးလဲမြင်ကွင်းထဲကပျောက် အမျိုးသားကိုလဲရှာမတွေ့ဆိုတော့ ဘယ်လောက်ထိဆိုးရွားစွာခံစားနေရသလဲဆိုတာ ပြောမပြတတ်အောင်ပါဘဲ ။
အမျိုးသမီးဟာ အကြည့်တွေပြာဝေလျှက် မူးမေ့လဲကြတဲ့မတတ်ကို သတိထားပြီး ဟိုဟိုဒီဒီထပ်အကြည့်မှာဘဲ တစုံတယောက်ဟုယူဆရသော အရိပ်ကိုလှမ်းမြင်တော့ အကူအညီတောင်းရန် လှမ်းခေါ်အော်ဟစ်ပါသော်လည်း သူမအသံမှာမထွက်တော့ပါ ။ အသံမထွက်၍ ပြေးအလိုက်မှာလည်း ခြေအစုံမှာ လှမ်း၍မရ ။
ဆိုးလိုက်တဲ့အဖြစ် ။
ခံစားရလွန်းလို့ လဲ မောဟိုက် ။
ခြေလက်တွေကလည်းလှုပ်မရ ။
သေလုမျောပါးပါဘဲ ။
ကျမကိုမှ ဒီလိုအိပ်မက် မက်ရလေတယ်
အိပ်မက်ကလေးရယ် …………
photo credit to facebook