အသက်ရှင်လျက်ခွဲခွာခြင်းတွေထက် အသက်မဲ့တဲ့ခွဲခွာခြင်းတွေက ပိုကောင်းမယ်လို့  စိတ်ကူးပေါက်မိတယ်
ကိုယ်မရှိတော့ဘူးဆိုတာ သူသေချာသိသွားတဲ့အတွက်
သူလုပ်သင့်တာကို သူ့အတွက်ရှေ့ဆက်လျှောက်လှမ်းရင်း ကိုယ့်ကိုလွမ်းဆွတ်မနေဘဲ ကျန်ရစ်သူဖြစ်သောသူက
ပြတ်ပြတ်သားသားဆုံးဖြတ်လို့ ရသွားမယ်လို့  ထင်မိတဲ့အတွေးမျိုး ကိုယ့်မှာရှိနေတတ်တယ်
သူသည် ကိုယ်မဟုတ်
ကိုယ်သည် သူမဟုတ်တဲ့အတွက်
ထပ်တူကျသောအတွေးဆိုတာတော့ ဘယ်ရှိနိုင်ပါ့မလဲ
@julia-rain ( author )