သူသိစေ ချင်

Words
45
Reading
1 min
Listen
Play
8y

image
သူ့ ကို...
အနားမှာရှိစေချင်လိုက်တာ
ငါသူ့ ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ...
သိစေချင်လို့ ...။

သူ့ ကို....
အနားမှာရှိစေချင်လိုက်တာ ....
သူ့ နဖူးလေးကို ဖွဖွလေးနမ်းချင်လို့ ..။

သူ့ ကို....
အနားမှာရှိစေချင်လိုက်တာ....
ချစ်စကားလေးတွေ တဖွဖွပြောနေချင်လို့ ...။

သူ့ ကို....
အနားမှာရှိစေချင်လိုက်တာ....
သူ့ စကားသံလေးတွေကို ကြားချင်နေမိလို့ ....။

သူ့ ကို....
အနားမှာရှိစေချင်လိုက်တာ....
သူမျက်နှာလေးကိုမော်ဖူးချင်နေလို့ ...။

သူ့ ကို...
အနားမှာရှိစေချင်လိုက်တာ....
သူဘာလုပ်လုပ်ကိုယ်သိနေရအောင်လို့ ...။

သူ့ ကို...
အနားမှာရှိစေချင်လိုက်တာ....
ဒီဆုတောင်းတွေကို သိစေချင်နေလို့ ... ။

သူသိစေ ချင် | Ecency