ကျွန်တော်သည် ထိုနွေဥတု၏ ဖြစ်စဉ်များကို ဂရုမပြုနိုင်ပဲ ဆိုင်ထဲတွင် အလုပ်ရှုပ်လျက်ရှိနေသည်။ ဤကဲ့သို ပူပြင်းသည့် နွေရာသီတွင် ကျွန်တော်တို့ အအေးဆိုင်ကလေးတွင် ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိနေသည်။ ကျွန်တော်တို့ ဆိုင်ကလေးသည် ရန်ကုန်ပြည်လမ်းမကြီး၏ ဘေးတစ်ဖက်တွင်တည်ရှိပါသည်။ ယခင်နှစ်တွေတုန်းက ဆိုင်ရှေ့တွင် ပိတောက်ပင်၊ ဗာဒံပင်တို့ဖြင့် အရိပ်အာဝါသကောင်းခဲ့ပါသည်။ ယခုတွင်တော့ လမ်းတိုးချဲ့မည့် စီမံကိန်းကြောင့် လမ်းနှင့်မလွတ်ကင်းသည့် အပင်များခုတ်လှဲကြရာတွင် ကျနော်တို့ဆိုင်ရှေ့မှ ထိုသစ်ပင်ကြီးများလည်း ပါသွားခဲ့လေသည်။ သစ်ပင်ဝါးပင် မရှိတော့သဖြင့် အရိပ်လည်းမရှိတော့ပေ။ အရိပ်မရှိသဖြင့် နေ့ခင်းနေ့လည့် အပူရှိန်များသည့် အချိန်တွင် မခံစားနိုင်အောင် ပူလောင်လှပေသည်။
"အရာဝတ္ထုတစ်ခု မရှိတော့မှ ထိုအရာ၏တန်ဖိုးကို ပို၍နားလည်လာပေသည်။"
သစ်ပင်ကြီးများမရှိတော့မှ ထိုသစ်ပင်ကြီး၏ တန်ဖိုးကိုသိရှိခဲ့ရပါသည်။
ထိုအပြင် ကျွန်တော်တို့တွင် အခြားသတိမပြုမိသည့် တန်ဖိုးရှိသည့်အရာများစွာ ရှိပါသေးသည်။ ထိုအရာများ၏တန်ဖိုးကို သိရှိနားလည်အောင်ကြိုးစားသင့်ပါသည်။
စတီးမစ်မိသားစုဝင်အားလုံး တန်းဖိုးရှိသည့်အရာများကို ပိုင်ဆိုင်ထားနိုင်ပြီး တန်ဖိုးသိနိုင်ကြပါစေဗျာ........။
Author By Jhon
MSC-046
Photo By Google Image