စေတနာ၏ ​​ရောင်​ပြန်​ဟပ်​သံ

Words
148
Reading
1 min
Listen
Play
8y

n-PARENTS-COOKING-628x314.jpg
ကျွန်​​တော်​တို့ မိတ်​​ဆွေအ​ပေါင်းအသင်း​ရောင်းရင်း​တွေကြားမှာ အမြဲတမ်း​ပြော​နေကြ ​ကြား​နေကြ စကား​လေးတစ်​ခွန်းရှိပါတယ်​.....။ အဲ့ဒါက "ငါစားဘူးသမျှ ထမင်းဟင်း​တွေထဲမှာ ငါ့ အ​မေချက်​​ကျွေးတယ့်​ ဟင်းကို ဘယ်​ဟင်းမှ မမှီဘူးကွ"၊ "ငါ့မိဘ ချက်​​ကျွေး​တဲ့ ဟင်းက အ​ကောင်းဆုံးပဲ" စသည့်​ စကားသံများပင်​ဖြစ်​သည်​။

ဒီစကား​တွေကို ကျွန်​​တော်​တို့ကိုယ်​တိုင်​လည်း ​ပြောခဲ့ကြသလို အခြားသူ​တွေ ​ပြောတာလည်း ကြားဘူး ကြလိမ့်​မယ်​ထင်​ပါတယ်​.....။ ဒီစကားလုံး​တွေကိုပဲ ဘာ့​ကြောင့်​ လူ​​​တော်​​တော်​များများဟာ တညီတညွတ်​တည်း​ပြောဆို​နေကြတာလည်း။ ​ဒီစကား​တွေကို​ပြော​နေသူ​တွေရဲ့ အ​မေ​၊မိဘ​တွေကို ကြည့်​လိုက်​ရင်​လည်း ကျွမ်းကျင်​စားဖိုမှုး​ကြီး​တွေ ဟင်းချက်​အနုပညာရှင်​ကြီး​တွေ မဟုတ်​ပြန်​ပါဘူး။ သာမန်​ ချက်​တတ်​ပြုတ်​တတ်​​ရုံ​လောက်သာဖြစ်​ကြပါတယ်​။ ဒါဆိုဘာ​လို့ ဒီအ​မေ၊မိဘ​တွေချက်​တဲ့ ထမင်းဟင်း​တွေက အခြား​သော ဟင်းလျာ​တွေထက်​ ပိုပြီး စွဲမက်​ဖွယ်​​ကောင်း​နေရတာလဲ။ မိဘ​တွေချက်​​ကျွေးတဲ့ ဟင်းလျာ​တွေကို ဘာလို့အမြဲတမ်းတသသဖြစ်​ပြီး စွဲလမ်း​နေရတာလဲ......။ ဒီမိဘ​တွေ ချက်​တဲ့ဟင်း​တွေထဲမှာ လျှို့ဝှက်​ထားတဲ့ ဟင်းချက်​ပစ္စည်းတစ်​ခုခုများ ပါဝင်​​နေတာလား.....။ စသဖြင့်​ ​မေးခွန်းများစွာ ထွက်​လာနိုင်ပါ​တယ်​။ အဲ့ဒီ​မေးခွန်း​တွေအားလုံးရဲ့ အ​ဖြေက​တော့ တစ်​ခုထဲပါ။

ကျွန်​​တော်​တို့ အ​မေ၊မိဘ​တွေ ချက်​တဲ့ဟင်းလျာ​တွေဟာ သာမန်​ကာလျှံကာ​လောက်​ပါပဲ။ ဘာမှ လျှို့ဝှက်​ထားတဲ့ ထူးခြားတဲ့ ဟင်းချက်​ပစ္စည်း​တွေလည်းမပါဝင်​ပါဘူး။ သာမန်​ ချက်​နည်းချက်​ဟန်​အတိုင်း ချက်​ပြုတ်​ထားတာဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီထမင်းဟင်း​တွေထဲမှာ ထူးခြားတဲ့အရာတစ်​ခု​တော့ပါဝင်​ပါတယ်​။ အဲ့တာက​တော့ ငါ့သား၊သမီး​တွေ ​ကောင်း​ကောင်းမွန်​မွန်​ အရသာရှိရှိ စားရပါ​စေဆိုတဲ့ "​စေတနာ" ပါပဲ။ အဲ့ဒီ​ စေတနာ​ကြောင့်​သာ ကျွန်​​တော်​တို့ စားဘူးသမျှအရာ​တွေထက်​ မိဘ​တွေ ချက်​ပြုတ်​​ကျွေး​မွေးတဲ့ အစားအ​သောက်​​တွေက ပိုအရသာရှိပြီး တမ်းတမ်းစွဲဖြစ်​​နေခြင်းပါ​။ ဒီ စစ်မှန်တဲ့ ​​​စေတနာရဲ့ ​ရောင်​ပြန်​က ဒီအစားအ​သောက်​​တွေ​ပေါ်မှာ သက်​​ရောက်​​နေခြင်း​ကြောင့်​ အစားအ​သောက်​​တွေဟာ သာမန်​ပင်​ဖြစ်​​သော်​ငြားလည်း တမူထူးခြား​နေခြင်းဖြစ်​ပါသည်​။

ဒါဆို ဒီလို ​စေတနာမျိုးကို ကျ​နော်​တို့လည်း မထားနိုင်​ဘူးလားဆို​တော့၊ ထားနိုင်​ပါတယ်​။ ဘာအလုပ်​ပဲလုပ်​လုပ်​ ဝတ်​​ကျေတန်း​ကျေ အကျိုးအမြတ်​ရရင်​ပြီး​ရော ဆိုတဲ့ သ​ဘောမျိုးနဲ့ မလုပ်​ပဲ ကို​ယ့်​လုပ်​ရပ်​ကြောင့်​ ကိုယ့်​ အပြု့အမူ​ကြောင့်​ အခြားသူ​တစ်​​ယောက်​ အကျိုးဖြစ်​သွား​အောင်​၊ စိတ်​ချမ်းသာသွား​အောင်​ ပြုလုပ်​သင့်​​ပေသည်​။ ဥပမာ.. ကျွန်​​တော်​တို့ စာ​ရေးကြသည်​။ proယူကြသည်​။ ဒီလို စာ​ပေဆောင်းပါးများ​ရေးရာတွင်​ proရပြီး​ရော ဆိုသည့်​သ​ဘောမျိုးမထားပဲ ကိုယ်​​ရေးထားတဲ့ ​ဆောင်းပါး​ကိုဖတ်​လိုက်​ရတယ့်​ စာဖတ်​သူအတွက်​ တစ်​စုံတစ်​ရာ အကျိုးရှိသွား​အောင် ဗဟုသုတတစ်ခုရရှိသွားေ​အာင်​​​ ကိုယ့်​ဘက်​က အနည်းငယ်​ အပင်ပန်းခံ​ ကြိုးစားအားထုတ်​ပြီး ​ရေးသားေ​ပးကြပါလို့ တိုက်​တွန်းရင်း နိဂုံးချူပ်​ပါရ​စေ.....။

altruistic2016.jpg
MSCမိသားစု၏ ​စေတနာ​မေတ္တာများလည်း မြန်​မာ့လူငယ်ေ​မာင်မယ်များအားလုံး​​ပေါ်​သို့ ကျ​ရောက်​ပါ​စေသား......။

Author By Jhon Jhon
MSC-046

စေတနာ၏ ​​ရောင်​ပြန်​ဟပ်​သံ | Ecency