ငုတ်လျှိုးသွားသည်နှင့် အတူ
သင်္ကြန်ပွဲတော်ကြီးလည်း အောင်မြင်စွာ
ပြီးမြောက်သွားခဲ့လေပြီ......။
သင်္ကြန်ပြီးသွားပေမယ့်
လမ်းမတွေထက်မှာ အဖော်မဲ့စွာ
ကျန်ရစ်နေခဲ့တာတွေက
အမှိုက်သရိုက်တွေ၊
ဘီယာဘူးခွံတွေနဲ့
အရက်ပုလင်းခွံတွေပဲပေါ့ဗျာ.....။
အချို့ကတော့ ဒီသင်္ကြန်မှာ
စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့ကြတယ်။
အချို့ကတော့ ဒီသင်္ကြန်မှာ
ဝမ်းနည်းကြေကွဲ ခဲ့ရတယ်။
အချို့တွေက ဒီသင်္ကြန်မှာ
အကျိုးအမြတ်တွေ အများကြီး ရှာနိုင်ခဲ့ကြတယ်။
အချို့ကတော့ ဒီသင်္ကြန်မှာ
ကောင်းစွာအနားယူခဲ့ကြတယ်။
အချို့ကတော့ ဒီသင်္ကြန်မှာ
ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ကြရတယ်.....။
ဒီသင်္ကြန်ကို
ဘယ်သူတွေ ဘယ်လို ပုံစံမျိုးနဲ့
ကျော်ဖြတ်ခဲ့ ကျော်ဖြတ်ခဲ့
ဒီသင်္ကြန်မှာ
ဘယ်သူတွေ ဘာတွေပဲ
လုပ်ခဲ့ လုပ်ခဲ့
အားလုံးဟာ ပြီးဆုံးလို့သွားခဲ့ပါပြီ.....။
နောက်နေ့တွေမှာတော့ အားလုံးကိုယ်စီ
နေ့စဉ် အလုပ်ခွင်တွေထဲ ပြန်ဝင်ကြရပေအုံးမည်။
နေ့စဉ်လုပ်နေကြ အလုပ်တွေ
ပြန်လုပ်ကြရပေတော့မည်။
နေ့ရက်ပေါင်းများစွာ
မနက်ဖြန်ပေါင်းများစွာမှာ
ရင်ဆိုင်ကျော်ဖြတ်ရပေအုံးမည်။
စတီးမစ် မိသားစုဝင်အားလုံး
နောင်လာမည့်နှစ်သစ်မှာ
ကြုံတွေ့ရမယ့် အခက်အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ရင်း ရည်မှန်းချက်
ပန်းတိုင်းတွေဆီ အရောက်လှမ်းနိုင်ကြပါစေ။
စတီးမစ်လမ်းကြောင်းပေါ်မှာ
အားလုံး လက်တွဲညီညီနဲ့
လဲသူကိုထူ၊ နိုမ့်သူကို စွဲတင်ရင်း
ပျော်ရွှင်ဖွယ် ရွှေရောင်နေ့ရက်တွေဆီ
အရောက်လှမ်းကြစို့လားဗျာ.........။
.........။
MSC-046
Photo Credit Google Image
Author By Jhon
@jhonnight