We are in a bull market

Words
148
Reading
1 min
Listen
Play
3y

အခုဆိုရင် ကျွန်တော်တို့ဟာ crypto bull market ထဲကို ရောက်ရှိနေတယ်လို့ ထင်မိပါတယ်

Crypto တွေ ဒါထက် ပိုစျေးတက်လာမလား ပြန်ကျသွားမလား bull market နဲ့ ရေရှည် နေသွားမလားတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး

ဒီလို bull market မျိုးမှာ ကိုယ်ရှာဖွေထားတဲ့ crypto တွေကို USDT လို USDC လို့ စျေးအတက်အကျ မရှိတဲ့ coin တွေ ဝယ်ထားလိုက်မယ် ဆိုရင်တော့ နောင်တစ်ချိန် စျေးပြန်ကျသွားမယ့် bear market ကျရင် ကိုယ်လက်ဝယ်ကိုင်ထားချင်တဲ့ coin တွေ ပိုတိုးပွားသွားနိုင်မှာပါ

ဒါပေမယ့်လည်း စျေးက ပြန်မကျတော့ဘဲ ဒီထက်ပိုပို တက်လာရင်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်နေနိုင်ပါတယ်

ကျွန်တော် တစ်ယောက်ထဲ အမြင်အရ ပြောရရင်တော့ စျေးက တက်ပြီးရင် တစ်ချိန်ချိန်မှာ ပြန်ကျမှာပါပဲ ၆ လ ၁ နှစ်ထက် ပိုမနေနိုင်ပါဘူး (မိမိအထင်ကို ပြောခြင်း ဖြစ်ပါတယ်)

အခုဆို bitcoin စျေးကလည်း ဒေါ်လာ ၆၇၀၀၀ ကျော်နေပြီဆိုတော့ ဒီအချိန်မှာ USDT တစ်ချို့တစ်လေ ဝယ်ထားရင် စျေးပြန်ကျတဲ့အခါ အရှုံးကို ရှောင်နိုင်မယ်လို့ ယူဆမိပါတယ်

ကျွန်တော်က crypto မှာ ဆရာကြီးတော့ မဟုတ်ပါဘူး သာမန်အတွေးဖြင့် တွေးကြည့်ခြင်းသာ ဖြစ်ပါတယ် အခုဆို ကျွန်တော် ရှာဖွေလို့ ရလာတဲ့ crypto 25 ရာနှုန်းကို USDT တွေ စဝယ်နေပါပြီ

ဒါက ကျွန်တော် တစ်ယောက်တည်းရဲ့ အတွေးသက်သက်ပါ စျေးပြန်ကျသွားတဲ့အချိန်ကျ အရှုံးကာမိအောင်လို့ပါ စာဖတ်သူတို့ကို အကြံပေးတာလည်း မဟုတ်ပါဘူး ကျွန်တော်အမြင်ကို ဝေမျှခြင်းသာ ဖြစ်ပါတယ်

ဘာလို့ဆိုရင် အရင်က ကျွန်တော် ခံရပေါင်းများခဲ့ပါပြီ ကိုယ့်ရှိတဲ့ crypto ပိုင်ဆိုင်မှုတန်ဖိုးဟာ သီတင်းပတ် တစ်ပတ်အတွင် သုံးပုံတစ်ပုံပဲ ကျန်တော့တာတွေလည်း ကြုံရပေါင်း မနည်းတော့ပါဘူး

အကြံပေးတာ မဟုတ်ပါဘူး စျေးက ကျချင်လည်းကျနိုင်သလို မိုးထိအောင် ထောင်တက်ချင်လည်း တက်နေနိုင်ပါတယ် ကိုယ်ဘာသာ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ကြပါခင်ဗျာ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အမြင်ကို ပြောပြခြင်းသာ ဖြစ်ပါတယ်

စာဖတ်သူအားလုံး crypto လမ်းခရီးမှာ အောင်မြင်ကြပါစေခင်ဗျာ

8.3.2024
PWKK

We are in a bull market | Ecency