Nintendo Switch က X Twitter support မပေးတော့

Words
97
Reading
1 min
Listen
Play
2y

Nintendo Switch ဂိမ်းစက်က game screenshots များ videos များကို X Twitter တွင် တိုက်ရိုက် Post တင်ခွင့် မပြူတော့ကြောင်း ဆိုတယ်

ဒါပေမယ့် Facebook မှာတော့ ဆက်လက် Post တင်ခွင့် ရနေဦးမှာဖြစ်ပြီး ဒီ feature ကလည်း အနာဂတ်မှာ ရပ်ဆိုင်းဖွယ်ရာ ရှိတယ်လို့ ဆိုပါတယ်

ဒီလိုမျိုး social media တွေနဲ့ integration လုပ်ထားတာကို ရပ်ဆိုင်းတဲ့ game ကုမ္ပဏီတွေထဲမှာ Nintendo က တတိယမြောက်ပါ

Microsoft Xbox က ၂၀၂၃ ဧပြီမှာ ပထမဆုံး ရပ်ဆိုင်းလိုက်ပြီး Sony Playstation က ပြီးခဲ့တဲ့ အောက်တိုဘလမှာ ဒုတိယမြောက် ရပ်ဆိုင်းခံ့ပါတယ်

Nintendo က ပြောကြားရာတွင် ရပ်ဆိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ API Access fees များ ကြီးမြင့်လာခြင်းလည်း ပါဝင်ကြောင်း ပြောပါတယ်

စာဖတ်သူတို့ရော Nintendo Switch တို့ Microsoft Xbox တို့ Sony Playstation ကစားဖူးကြလား

ကျွန်တော်ကတော့ စာသာရေးလိုက်တာ အပြင်မှာ မြင်တောင်မမြင်ဖူးဘူး စက်တွေက ၁၄ သိန်း ၁၅ သိန်း ဆိုတော့ ဂိမ်းအတွက်နဲ့ အဲလောက် ပိုက်ဆံ အကုန်မခံနိုင်ဘူး

ဒီဆောင်းပါးလေးကို ဖတ်ချင်ရင်တော့ အောက်က လင့်မှာ ဖတ်ရှုနိုင်ပါတယ်

https://gizmodo.com/nintendo-doesnt-want-to-deal-with-x-twitter-either-1851469160