MobileLegends နှင့် ကျွန်တော့အတွေး အပိုင်း(2)

Words
217
Reading
1 min
Listen
Play
8y

အပိုင်း 1 ဖတ်လိုပါက ဒီမှာနှိပ်ပါခင်ဗျာ

(1)မှာ ကျွနါတော် mobile legends နဲ့ယှဉ်ပြီး အသက်မွေးရာတွင် ကျွမ်းကျင်မှု့ရှိသော အလုပ်ကို ရွေးချယ်ရန်တင်ပြခဲ့ပါတယ်။
Screenshot_20180910_195719.png
အပိုက်း(2)မှာတော့ အဖွဲ့စည်း စိတ်ဓါတ်အကြောင်းလေး ပြောပြချင်ပါတယ်။

mobile legends မှာကစားသမားဟာ မိမိကျွမ်းကျင်သော hero ကိုရွေးချယ်ပြီး ကျွမ်းကျွမ်းကျင်ကျင် ကစားပါတယ် သိုပေမယ့် သူသည် အခြား ကစားဖော်များကို အကူညီမပေး ပဲတစ်ယောက်ထဲဆော့နေပါက အစည်းပြေသော ထင်းချောင်းကဲ့သို့ ရန်သူရဲ့ အလွယ်တကူ ချေမှုန်းခြင်းကို ခံရမှာဖြစ်ပြီး ပန်းတိုင်ဖြစ်တဲ့ နိုင်ပွဲ နှင့်လွဲချော်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ရလိုလျှင် ပေးလိုက်ပါဆိုသော စကားကဲ့သို့ မိမိအသင်းဖော်များထံမှ အကူညီရရှိနိုင်ရန် မိမိမှ စတင်ပြီး အကူညီးပေးလိုက်သည်က စည်းလုံးမှုကို ပိုမိုဖြစ်စေပါသည်။စည်းလုံးလေလေ level အမြန်တက်လေလေ ဖြစ်လေသည်။level အမြန်တက်လေ ရန်သူကို အနိုင်ရဖို့ လွယ်ကူလေ ဖြစ်လေသည်။သူကပဲ ကူညီပြီး မိမိက မကူညီလျှင် စည်းလုံးမှု ပျက်ပြား သွားမည်ဖြစ်သည်။စည်းလုံးမှုပျက်လျှင် level အတက်နှေးပြီး ရန်သူ၏ တစတစ လွှမ်းမိုးခြင်းကို ခံရမည်ဖြစ်လေသည်။
FB_IMG_1536856212345.jpg
credit image source
[စကားချပ်။ ။ဤနေရာတွင် ကျွန်တော် mobile legendsကို နှစ်သက်ရသော အကြောင်းကို အနည်းငယ်ပြောပြလိုပါသည်။mobile legends ဆော့သည်မှာ မိမိမသိသောသူများနှင့်(သူငယ်ချင်းများနှင့်) စစ်မြေပြင် အတူထွက်ခြင်းဖြစ်လေသည်။အချင်းချင်း၏ ရဲဘော်ရဲဘက်စိတ်မည်မျှရှိသနည်း…မည်သို့ အမှုအကျင့်ရှိသနည်း ကို စစ်မြေပြင်တွင်သိနိုင်ပေသည်။စစ်မြေပြင်တွင် မိမိhero သေမည်ဆိုး၍ မိမိအသင်းဖော်ကို အကူညီမပေးသူသည် အပြင်လောကတွင်လဲ မိမိအတွက်သာကြည့်တက်သော သူမျိုးဟု မှတ်ချက်ပြုနိုင်သည်။အဘယ်ကြောင့်ဆိုသော် mobile legends ကဲ့သိုသော game စစ်ပွဲသော်မှ မိမိအတွက်ပဲကြည့်သူကို အပြင်လောကတွင် မည်ကဲ့ယုံကြည်မှုထားမည်နည်း။]

mobile legends တွင် ကျွန်တော်တို့ဟာ တစ်ဦးပေါ်တစ်ဦး အထောက်ပံ အကူညီပြုပြီး ပန်းတိုင်ဖြစ်သော အောင်းပွဲကို ဦးတည်သကဲ့သို့ အပြင်လောက လုပ်ငန်းခွင်တွင်လဲ တစ်ဦးကိုတစ်ဦး အပြန်လှန်ဖေးမကူညီ သင့်ပေသည်။မိမိက ပညာရပ်တစ်ခုတွင် သူများထက်ထူးချွန်ပြီး ငါတကော အလံလွှင့်ပြီး အလုပ်အတူလုပ်သူများကို ကူညီဖေးမမှုမရှိပါက မိမိမသိနားမလည်သော နယ်ပယ်တွင် ပြန်လည်ဆုံတွေ့ရပါက ၂ဆ မဟုတ်သော်မှ တန်းတူတော့ အတုံ့ပြန်ခံရမည် ဖြစ်လေသည်။

ကျွန်တော်တိုသည် အလုပ်လုပ်ရာတွင် တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ရသည်မဟုတ်ပေ။လူအများနှင့် အဖွဲ့စည်းနှင့် ပြုလုပ်ရသည်ဖြစ်လေသည်။စည်းလုံးညီညာသော အဖွဲ့သည် လုပ်ငန်းတူများကြားတွင် ပို၍အောင်မြင်လေသည်။အဖွဲ့စည်းနှင့် ကျွန်တော်တို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့ ရပ်တည်နေရလေသည်။အဖွဲ့စည်း မရှင်သန်ပါက ကျွန်တော်တို့လဲ တိုးတက်မည်မဟုတ်ပေ။ကျွန်တော်တို့ အဆင်မပြေလျှင်လဲ အဖွဲ့စည်း တိုးတက်မည်မဟုတ်ပေ။

အဖွဲ့စည်းနှင့် ကျွန်တော်တို့ ရှင်သန်နိုင်ရန် တစ်ခုတည်းသော လိုအပ်ချက်မှာ တစ်ဦးတစ်ယောက်ချင်းစီက အပြန်လှန်ကူညီးပေးခြင်းဖြစ်လေသည်။မသိမတက်သည်ကို သိတက်လာအောင်ကူညီပေးခြင်း လူမှုဒုက္ခများကို စွမ်းနိုင်သ၍ ကူညီပေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးသည် အပြန်လှန် ယုံကြည်မှုရကာ ခေါင်းဆောင် ငယ်သား အလုပ်ရှင် အလုပ်သမား မကွဲပြားတော့ပဲ အားလုံးသည် အောင်မြင်မှု ပန်းတိုင်ကို ပျေိာပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်းတင်ပြပါရစေခင်ဗျာ။

(3)internet connection
အစားသမားသည် ကျွမ်းကျင်သော hero ကောင်းမွန်သော အဖွဲ့စည်းနှင့် အတူတိုက်ပွဲဝင်ရေသော်လဲ internet connection မကောင်းသောနေရာမှပါဝင် နေရပါကလဲ ထင်သလောက် အစွမ်းပြသခွင့်(ဝါ)အောင်မြင်မှု မရှိနိုင်အောင် ခက်ခဲလှပေသည်။
download (2).jpeg
Credit image source
internet connection သည် အပြင်လောကတွင် မိမိအစွမ်းအစ ပြသနိုင်ရန် ကောင်းမွန်သော အဖွဲ့စည်းရှိပါသော်လဲ ကံကြမာ၏ မျက်နှာလိုက်မှုက မိမိဘက်တွင် မရှိသောအခါ ထင်သလောက် ခရီးမပေါက် ဖြစ်ရသည်နှင့် တူလှပေတော့သည်။
inntagawgroup@inntagawgroup

MobileLegends နှင့် ကျွန်တော့အတွေး အပိုင်း(2) | Ecency