ဝူဟန်ရိုက်ချက် လောဘတက်

htwegyi(68)
Published in
MSC
Words
82
Reading
1 min
Listen
Play
7y

image

ဝူဟန်ရောဂါ၊ ကိုဗစ်ရောဂါ၏ ရိုက်ချက်က
တော်တော်ပြင်းသည်။ နိုင်ငံတကာ
ခရီးသွားလုပ်ငန်းများကို အခက်တွေ့စေသည်။
ကုန်ပစ္စည်းများ အရောင်းအဝယ် ရပ်တန့်စေ
သည်။ တရုတ်ပြည်မှ ကုန်အဝင်အထွက်
အခက်အခဲကြောင့် ရန်ကုန်မြို့ရှိ စက်ရုံအချို့
ပြဿနာကြုံတွေ့ရသည်။

ကျွန်တော် မသိသော အခြားအချက်အလက်များ
လည်း ရှိအုံးမည်။ ယခုလောလောဆယ်မှာ
ဝူဟန်ရိုက်ချက် လောဘတက်မိတဲ့ အကြောင်း
‌ရေးပြပါမည်။ ကျွန်တော့်မိတ်ဆွေက
ပြီးခဲ့သည့် အင်္ဂါနေ့က ရွှေသွားဝယ်သည်။
သူဝယ်သည့်နေ့က ရွှေဈေးသည်
1165000ကျပ်ဖြစ်သည်။

သူဝယ်မှာက လေးကျပ်သားခန့်ဖြစ်သည်။
သူကြိုက်သည့် အထည်မရှိ၍ အော်ဒါမှာခဲ့သည်။
အဲ့မှာတွေ့လေသည်။ လက်ရှိပေါက်ဈေးနှင့်
ဈေးဖြတ်မလား၊ အထည်ရသည့်အချိန်မှ
ဈေးဖြတ်မလားဟု ဆိုင်မှ အရောင်း
ကလေးမများက မေးသည်။

Screenshot_20200313-091456_Facebook.jpg

မိတ်ဆွေက ဝူဟန်ကြောင့် ဈေးထပ်ကျမည်လား
လောဘအတွေးဖြင့် အထည်ရသည့်အချိန်မှ
ဈေးဖြတ်မည်ဟုပြောသည်။ နောက်တစ်နေ့
ညနေ 5နာရီအချိန်မှာ အပ်ထည်ရမည်ဖြစ်သည်။
နောက်တစ်နေ့ ညနေ 5နာရီ အပ်ထည်သွားရွေး
သည့်အချိန်မှာ ရွှေစျေးသည် 1208000ကျပ်
ဖြစ်နေသည်။

Screenshot_20200311-211538_Facebook.jpg

လောဘစိတ်ကြောင့် တစ်ကျပ်သားကို
43000 ကျပ် ငွေပိုပေးခဲ့လိုက်ရသည်။
နောက်နေ့ထပ်မံစောင့်ဆိုင်းပါက ဈေးထပ်မံ
တက်မည်ဆို၍ ဈေးဖြတ်ဝယ်ခဲ့သည်။
လေးကျပ်သားဖြစ်၍ စုစုပေါင်း
172000 ကျပ်ခန့် ပိုပေးလိုက်ရလေသည်။

htwegyi@htwegyi
MSC.036