Shadow Hunter Contest. Round 136.

Words
53
Reading
1 min
Listen
Play
3y

အားလုံးမင်္ဂလာပါ။
ဂရုသို့ ပထမဦးစွာ ရေးသားခြင်းဖြစ်ပါသည်။
အားလုံးက လက်တွဲခေါ်ယူပေးပါ။
လိုအပ်ချက်များ ပြောကြားပေးပါ။

ဖော်ပြပါ စက်ဘီးသည် ယိုးဒယားနိုင်ငံမှ
ထုတ်လုပ်ထားပါသည်။ ထိုစက်ဘီး၏
သက်တမ်းမှာ နှစ်သုံးဆယ် ကျော်ပြီးဖြစ်သည်။
ကျွန်တော့်အကိုကြီးမှ အကိုငယ်ထိ လက်ဆင့်ကမ်း
စီးခဲ့သည်။ ယခုအခါ အတော်ဟောင်းနေသည်။
သို့သော် စီးလို့ရပါသည်။

ခြံထဲမှ ဟင်းနုနွယ်ပင်ဖြစ်သည်။ ထိုအပင်မှ
အရွက်များက ကြော်စား၊ ချက်စားပါက
စားကောင်းသည်။ နေ့လယ် တနာရီကျော်အချိန်
အရိပ်ကျနေသောပုံဖြစ်သည်။

ဘူးသီးစင်မှ ဘူးသီးများသီးနေသည်။
ဘူးပင်၏ အရိပ်အောက်မှာ အေးချမ်းစွာ
နားနေနိုင်သည်။ အရိပ်ဟူသမျှ အေးချမ်းစွ။
ကမ္ဘာမြေ အေးချမ်းပါစေ။
စစ်ပွဲတွေ အမြန်ဆုံးရပ်၍
ကမ္ဘာကြီး ငြိမ်းချမ်း အေးမြပါစေ။

htwegyi@htwegyi
October 9, 2023

Shadow Hunter Contest. Round 136. | Ecency