အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
သမိုင်း ဆရာကြီး ဒေါက်တာသန်းထွန်းက 'သမိုင်းသင်တယ်ဆိုတာ မအ အောင်' သင်တာတဲ့။ ဆရာကြီး ဆိုလိုချင်တာက တကဲ့ သမိုင်းအစစ်ကို သိရင် မအ ဘူးပေါ့။ ဒါပေမဲ့ ကိုယ်သင်တဲ့ သမိုင်းဟာ အစစ် မဟုတ်ရင် ပို အ သွားတယ်။ ပိုကန်းသွားတယ် ဆိုတာလေး ပြောချင်မိတာပါ။
ငယ်ငယ်က သူငယ်ချင်းတယောက်ရှိတယ် သူ့နာမည်က လှအောင်တဲ့။ မျက်မှန်အထူကြီး၊ စကားတထစ်တစ်နဲ့ပေါ့။ သူ့ကို သူငယ်ချင်းတွေက စတယ် 'သမိုင်းဆိုတာ လှအောင်ရေးတာလို့' သူတွေ့ ရင်စကြတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ သမိုင်းတွေ၊ ကျက်ခဲ့ရတဲ့ သမိုင်းတွေဟာ တကယ်တော့ လှအောင် ရေးထားတာ။ ဥပမာ ဒီ အင်္ဂလိပ်မြန်မာစစ်ပွဲတို့ ဘာတို့ဆို ကောင်းကောင်း လှလှလေးရေးထားတာ။ ဥပမာ - မြန်မာတို့သည် အင်္ဂလိပ်နယ်ချဲ့ကို ဘာညာဖြစ်သော်လည်း လက်နက်အင်အားခြင်း မသာသော်ကြောင့် အရုံးပေးခဲ့ရလေသည်။ စသဖြင့်ပေါ့ ၀တ္ထုတပုဒ်လို့ ကြည့်ကောင်းအောင် ဖတ်ကောင်းအောင် ရေးထားကြတာ။
ဟိုတလောက ယူကျု ပေါ်မှာ ကြည့်မိခဲ့တဲ့ ဗီဒိုလေးကြောင့် ဒီ အပိုင်းလေးကို စဉ်းစားလာ မိတာပါ။
ဒီယူကျူပေါ်က @documentary ဗီဒီယို အပိုင်းလေးက အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ မြိုပြနိုင်ငံတွေ ဖြစ်ပေါ်လာတဲ့အကြောင်းတွေကို timeline လုပ်ပြီး ဟိုး ဘီစီ ကနေ ယနေ့ခေတ်အထိ ပြသွားတာပေါ့။ ကိုယ်တွေက အရှေ့တောင် အာရှ ဆို ကိုယ့်နိုင်ငံအကြောင်းကို ဘဲ စိတ်ဝင်စားပြီး စောင့်ကြည့်တာပေါ့။ ဗီဒီယိုလေးက ဘီစီမှာ ဒီ ပုဂံတို့ ဗိသနိုးတို့ ဟန်လင်းတို့ စတဲ့ မြို့ပြနိုင်ငံတွေပေါ်ပေါက်လာတယ်ပေါ့။ အဲဒီအချိန်မှာဘဲ ဗီယက်နမ်၊ လာအို အဲဒီနေရာမှာ ခမာအင်ပါယာစပြီး ပေါ်လာတယ်ပေါ့။ အဲဒီ ခမာ အင်ပါယာပေါ်နေချိန် ပုဂံက မြို့ပြနိုင်ငံအဆင့်နော်။ အင်ပါယာ အဆင့် မဟုတ်သေးဘူး။ အနော်ရထာ ပထမမြန်မာနိုင်ငံပြီးမှ ပုဂံ အင်ပါယာအဖြစ် စလာတာ။ ဒီဘက် အေဒီပိုင်းရောက်လာမှပေါ့။ ကျွန်တော် အံဪ မိတာက ဒီ ခမာ အင်ပါယာဘဲ။ ပေါ်လာတာလည်း အစောဆုံး အချိန်ဘဲ။ အချိန်အကြာကြီး စိုးမိုးထားနိုင်တာရယ်။ အတော် အံဪဖို့ကောင်းတယ်။ ဒါကြောင့် အံကော်ဝတ်က ပုဂံထက် ပိုပြီး ကမ္ဘာကျော်တာကိုးလို့။ မြန်မာ့ယဉ်ကျေးမှုတွေကလည်း ယိုးဒယားကနေရတယ်။ ယိုးဒယားဆိုတာ ခမာအင်ပါယာ လက်အောက် အကြာကြီးနေခဲ့တာ။ ကဲပါ ပြောချင်တာက ခမာအင်ပါယာ အကြောင်း မဟုတ်ဘူး။
ကျွန်တော်တို့ ငယ်ငယ်က အလောင်းဘုရားတို့ ဘုရင့်နောင်တို့ ယိုးဒယားကို အနိုင်သိမ်းခဲ့တယ်တို့၊ ဘာတို့ဆိုတာ တအံ တသြ သင်ခဲ့တာ။ သမိုင်းကို သေချာပြန်ကြည့်ရင် တိုင်းတပါးကို နိုင်ခဲ့တာလည်း ဒါဘဲရှိတာ။ ဒါပဲရှိတော့ ဒါကိုဘဲ လှအောင် သေချာသင်ပြတာကို အဟုတ်မှတ်ပြီး 'ငါတို့ မြန်မာကွ ဆိုပြီး' အတော်အထင်တကြီး ဖြစ်ခဲ့မိတာ။ ဒီလို အရှေ့တောင် အာရှ အင်ပါယာတွေ အကြောင်း ဗီဒီယိုလေးပြလိုက်မှ 'ဟင်! ငါတို့ ဒီလောက် အထင်တကြီး သင်ခဲ့တဲ့ ယိုးဒယားကို အနိုင်သိမ်းတယ် ဆိုတာ။ ဒီ တစက္ကန့်လောက်ရှိတဲ့ ဖျက်ကနဲ့ တတ်လာတဲ့ ပြကွက် အဖြစ်အပြတ်လေးပါလား။' သူများအင်ပါယာတွေ အရှေ့တောင် အာရှမှာ အချိန်အတော်ကြာ သိမ်းပြီး လွှမ်းမိုးနိုင်ခဲ့ကြတယ် ဆိုတာ ငါတို့ မသိခဲ့ရပါလား။ ကိုယ့်အထင်က ကိုယ့်နိုင်ငံလောက် ဘယ်နိုင်ငံမှ ကိုယ်လောက် အဆင့်မရှိဘူး ကိုယ်လောက် အောင်နိုင်သူ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ အသိ အ ခဲ့ကြတာပေါ့ဗျာ။ အ အောင်လည်း ဒီလို တဘက်ပိတ် ပညာရေးလုပ်ထားခံခဲ့ရတာကိုး။
ပြောချင်တာက ကျွန်တော်လည်း သမိုင်းပညာရှင်မဟုတ်ဘူး။ မြန်မာ့သမိုင်းကို နှိမ်ပြီး မှိုချိုး မျစ်ချိုး ပြောချင် ရေးချင်တာ မဟုတ်ဘူး။ ဟို ခဏကပြောတဲ့ လှအောင် ကိစ္စ၊ သမိုင်းကို လှအောင်ရေးတော့ တခြား တကယ့် အဖြစ်မှန်တွေကို ကျော်အောင် မမြင်ခဲ့မိတဲ့အကြောင်းလေးပါ။ ပြောရရင် ကိုယ့်အဖြစ်က နွားခြေရာထဲက ဖားသငယ်လို ဖြစ်ခဲ့ရပြီး အခုမှ မြင်ဘူးတဲ့ မူးကို တယ်ကြီးပါလား ထအော်နေတဲ့ အဆင့်ပါ။ အားလုံးလဲ နွားခြေရာကို ကျော် ပြီး အပြင်ကမ္ဘာကို ကဏ္ဍစုံမှ မြင်နိုင် ထိတွေ့နိုင်ကြပါစေ။
video from Youtube , Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)