ပျော်​ရွှင်​မှုကို ဖန်​တီးပါ

Words
198
Reading
1 min
Listen
Play
9y

ပျော်​ရွှင်​မှုကို ဖန်​တီးပါ
images (35).jpeg
တစ်​ရက်​​ပျော်​ချင်​ရင်​ အရက်​​သောက်
တစ်​လ​ပျော်​ချင်​ရင်​ ခရီးထွက်
တစ်​နှစ်​​ပျော်​ချင်​ရင်​ အိမ်​​ထောင်​ပြု
တစ်​သက်​​ပျော်​ချင်​ရင်​ သစ်​ပင်​စိုက်​ပါတဲ့..
ကျွန်​​တော်​တို့​တွေဟာ ​ပျော်​ရွှင်​မှုနဲ့ဝမ်းနည်းမှုကိုသာ ​ရွေးရမယ်​ ဆိုရင်​ ဘယ်​လိုဖြစ်​ဖြစ်​ ​ပျော်​ရွှင်​မှုကိုပဲ ​ရွေးချယ်​ကြမှာပဲ​လေ။
ကျွန်​​တော်​တို့ ရှင်​သန်​မှုမှာ စိတ်​​ပျော်​ရွှင်​မှုဆိုတာကလည်း လိုအပ်​တာပဲ​လေ။တစ်​ခါတစ်​​လေ စိတ်​ငြီးငြူမှုကို မခံစားနိုင်​တဲ့အခါ ထွက်​​ပေါက်​အ​နေနဲ့ အရက်​​သောက်​ပစ်​ကြတာ ကျွန်​​တော်​တို့​တွေပါပဲ။
ကျွန်​​တော်​တို့ဟာ စိတ်​ညစ်​စရာ စိတ်​ဆင်းရဲစရာ​တွေနဲ့အချိန်​တိုင်းသာ ကြုံ​တွေ့​နေရမယ်​ဆိုရင်​ စိတ်​ကျဉ်းကျပ်​ပြီး စိတ်​ထွက်​​ပေါက်​အဖြစ်​ ကိုယ့်​ကိုယ်​ကို သတ်​​သေပစ်​လိုက်​တာမျိုး​တွေပါ ရှိလာနိုင်​ပါတယ်​။ဒါ​ကြောင့်​ ​ပျော်​ရွှင်​မှုကို ဖန်​တီးပြီး ဘဝကို ​ပျော်​​ပျော်​ရွှင်​ရွှင်​ ဖြတ်​သန်းဖို့လိုအပ်​ပါတယ်​။
စိတ်​လက်​​ပေါ့ပါး ​ပျော်​ရွှင်​​နေရင်​ ကျွန်​​တော်​တို့ လုပ်​ငန်းခွင်​ အလုပ်​အကိုင်​ ​တွေဟာ လုပ်​ရကိုင်​ရ အဆင်​​ပြေ​ပေါ့ပါးပြီး ​ခေါင်း​အေး​အေးထားစဉ်းစားနိုင်​တဲ့အတွက်​ အလုပ်​လုပ်​ရတာ သိပ်​ကို သက်​​တောင့်​သက်​သာ ရှိလှပါတယ်​။
ကျွန်​​တော်​တို့​တွေ ​သောကကို​ဖြေ​ဖျောက်​ဖို့ အပူ​တွေကို ​မေ့ထားဖို့ လူ့​လောကကြီးမှာ ​နေရထိုင်​ရ သက်​​တောင့်​သက်​သာဖြစ်​ဖို့ ​ပျော်​ရွှင်​မှုကို ဖန်​တီးရပါမယ်​။ပျော်​​နေတဲ့လူတစ်​​ယောက်​ဟာ စိတ်​ချမ်းသာစရာ​ကောင်းပါတယ်​။စိတ်​ချမ်းသာဖို့ ​ပျော်​စရာကို ရှာ​ဖွေဖို့လိုပါတယ်​။
ကျွန်​​တော်​တို့​တွေ စိတ်​ညစ်​မခံနိုင်​တဲ့ရင်​​တွေမှာ အရက်​​သောက်​ပြီး မူးပစ်​လိုက်​တာ ​ပျော်​စရာဝန်းကျင်​ထဲ ခဏ ဝင်​​နေလိုက်​ကြတာ က ကိုယ့်​​ပျော်​ရွှင်​မှုကို ကိုယ်​ဖန်​တီးတာပါပဲ။
အဲ့ဒါ​ကြောင့်​ တစ်​ရက်​​ပျော်​ချင်​ရင်​ အရက်​​သောက်​လို့ ဆိုထားတာ ဖြစ်​ပါလိမ့်​မယ်​။

တစ်​လ​ပျော်​ချင်​ရင်​ ခရီးထွက်​ပါတဲ့။ ကိုယ်​မသိတဲ့​ဒေသ ကိုယ်​မ​ရောက်​​သေးတဲ့အရပ်​​ဒေသ​တွေက​နေ ပတ်​ဝန်းကျင်​အသစ်​ အမြင်​အသစ်​​တွေက​နေ အ​တွေ့အကြုံအသစ်​​တွေက ကျွန်​​တော်​တို့ကို ​ပျော်​ရွှင်​​စေပါတယ်​။ဒါ​ပေမဲ့ ခရီးသွားတယ်​ဆိုတာ တစ်​​နေရာက​နေ တစ်​​နေရာ ​လျှောက်​သွား​နေတာက ​နေ့စဉ်​လိုဖြစ်​လာ​တော့ တစ်​လ​လောက်​ကြာတဲ့အခါ လူက ခရီးပန်းပြီး နှုံးချိလာ​တော့ တာပဲ။ ဒါ​ကြောင့်​ ခရီးထွက်​ချိန်​မှာလည်း ခရီးမပန်းခင်​တစ်​လပဲ ​ပျော်​ဖို့​ကောင်းတာဖြစ်​ပါတယ်​။
images (34).jpeg
တစ်​နှစ်​​ပျော်​ချင်​ရင်​ အိမ်​​ထောင်​ပြုပါတဲ့။
ကိုယ့်​ရဲ့ချစ်​သူ ခင်​သူနဲ့ တစ်​ဘဝစာလက်​တွဲလိုကြတဲ့သူချည်းပဲုဖစ်​​ပေမဲ့ အိမ်​​ထောင်​ကျပြီး တစ်​နှစ်​​လောက်​ကြာတဲ့အခါ တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​က အူမ​ချေးခါး အကုန်​သိလာပြီ ဖြစ်​သလို လူမှုဝန်းကျင်​ထဲက တကယ့်​ဘဝနဲ့အိမ်​​ထောင်​တစ်​ခုရဲ့ လိုအပ်တဲ့ဝင်​​ငွေ ထွက်​​ငွေ​တွေက စိတ်​ညစ်​ဖို့​တွေဖြစ်​လာပါပြီ။ ဒါ​ကြောင့်​ အိမ်​​ထောင်​ကျပြီး တစ်​နှစ်​အကြာအထိပဲ လူ​တွေက ​ပျော်​ရွှင်​နိုင်​ကြတာဖြစ်​ပါတယ်​တဲ့။

တစ်​သက်​​ပျော်​ချင်​ရင်​ သစ်​ပင်​စိုက်​ပါတဲ့။
သစ်​ပင်​တစ်​ပင်​ကို ရှင်​သန်​ဖို့​ရေ​လောင်း​ပေါင်းသင်​ပြုစုရင်း ကိုယ်​စိုက်​ထားတဲ့သစ်​ပင်​​လေး ကိုယ့်​မျက်​စိ​ရှေ့မှာပဲ ရှင်​သန်​ကြီးထွားလာတဲ့အခါ ​ပျော်ရတဲ့အ​ပျော်​ဟာ ဘာနဲ့မှ လဲလို့မရ​လောက်​​အောင်​ပဲ။ ကိုယ်​စိုက်​ထားတဲ့သစ်​ပင်​​လေး အပွင့်​ပွင့်​လာတဲ့အခါ တစ်​ခါထပ်​ပြီး ​ပျော်​ရပြန်​တယ်​။ အသ်ီးသီးလာတဲ့အခါ အဲ့ဒီအသီးကို စားလိုက်​ရတဲ့အခါက​တော့ အ​ပျော်​ဆုံးအချိန်​​တွေကို ပိုင်​ဆိုင်​လိုက်​ခြင်းပါပဲ။
သစ်​ပင်​တစ်​ပင်​ မ​သေမချင်း သူ့အသီးကို ခူးစားရတိုင်း တစ်​နှစ်​တစ်​ခါ​တော့ အနည်းဆုံး ​ပျော်​ရမှာပါပဲ။ ကိုယ်​စိုက်​ထားတဲ့သစ်​ပင်​ဟာ အရိပ်​​ကောင်း​ကောင်းကို ​ပေးပြီး လူ​တွေကို အကျိုးပြု​နေတဲ့အခါမှာ​တော့ ကျွန်​​တော်​တို့​တွေဟာ စိတ်​ချမ်းသာ​နေကြ​တော့တာပါပဲ။
download (14).jpeg
ဒါ​ကြောင့်​ တစ်​သက်​​ပျော်​ချင်​ရင်​ သစ်​ပင်​စိုက်​ပါလို့ ​ဆိုထားခြင်း ဖြစ်​ပါတယ်​။ 

ပျော်​ရွှင်​ခြင်းမရှိတဲ့ လူတစ်​​ယောက်ရဲ့ဘဝဟာ ညှိုး​ရော်​​နေတဲ့ သစ်​ပင်​လိုပဲ အဓိပ္ပါယ်​မရှိ​တော့ပါဘူး။ ​ပျော်​ရွှင်​ခြင်း​တွေနဲ့ ပြည့်​နှက်​​နေတဲ့ဘဝကသာ အဓိပ္ပါယ်​ရှိပြီး လူ့ဘဝကို လာရကျိုးနပ်​တဲ့ လူဖြစ်​ရကျိုး နပ်​တဲ့ ဘဝဖြစ်​​နေမှာပါ။

ကိုယ်​လုပ်​ချင်​ရာ လုပ်​ခွင့်​ရရင်​​တော့ ​ပျော်​စရာ​ကောင်းပါတယ်​။ ကျွန်​​တော်​တို့လည်း ကိုယ်​စိတ်​ကြိုက်​ဘဝကို ကိုယ်​ဖန်​တီးပြီး ​ပျော်​ရွှင်​စရာ​တွေကို ဖန်​တီးကြရ​အောင်​လား​ဗျာ..

Writter htetnainglin@htetnainglin
Photo images are from google
Msc 188