ကောင်​မ​လေးသို့

Words
140
Reading
1 min
Listen
Play
8y

image
Image source

အလွမ်း​တွေကို သီရမယ်​ဆိုရင်​​ပေါ့ ​ကောင်​မ​လေး​ရေ။ တစ်​ချိန်​တစ်​ခါက အနမ်းဖွဖွ​တွေကို တသသလွမ်းရင်း မင်းကို လွမ်း​နေဆဲ ဒီလူတစ်​​ယောက်​ရှိ​နေတယ်​ဆိုတာကိုသာ သိခဲ့ရင်​ သမင်​လည်​ပြန်​အလွမ်းနဲ့များဘကိုယ့်​ကို သနားမိ​နေအုံးမလားဟင်​..

ချစ်​တတ်​သူရဲ့ နှလုံးသားက နဂိုကတည်းက အက်​ရှရှနဲ့မို့ ခဏ​လေးနဲ့ ကွဲသွားခဲ့တယ်​ဆိုရင်​ မင်းယုံမလား..
နာကျင်​​ကြေကွဲ မျက်​ရည်​​တွေထဲမှာ မင်းကိုလွမ်းရင်း တမ်းတ​နေဆဲအတိတ်​​တွေကို ​ကြေ​ကြေကွဲကွဲ သတိရ​နေသူဟာ ငါဆိုရင်​ မင်း​လေးတစ်​​ယောက်​ ကိုယ့်​ကို ရူး​နေသူတစ်​​ယောက်​လို့များ ဆို​လေမလား..
ကိုယ်​က အချိန်​နာရီ​တွေရဲ့ သတ်​မှတ်​ချက်​နဲ့ လွတ်​ကင်းလို့ ကိုယ်​တို့ ​ကြေကွဲဖို့ ဆုံ​တွေ့ခဲ့ကြတဲ့ ​ကျောင်း​တော်​ရဲ့ ​နေရာ​ဟောင်းမှာ အခု​တော့ ကိုယ်​တစ်​​ယောက်​ထဲနဲ့ အရင်​လို ရယ်​သံ​ညံညံ​လေး​တွေကို လွမ်း​နေဆဲဆိုတာ ​ကောင်​မ​လေးသိရင်​ ​ကောင်းမယ်​​လေ..

အတန်းထဲမှာ စာသိပ်​ညံ့တဲ့ကိုယ်​ သိပ်​ကိုရိုးသားပွင့်​လင်းပြီး စာ​တော်​တဲ့ မင်း​လေးက ကိုယ့်​ကို စာ​တွေရှင်းပြလို့ ရင်းနှီးခဲ့ကြရတယ်​​နော်​..
အဲ့ဒီတုန်းက​တော့ ကိုယ့်​အပါးမှာ ကိုယ်​​ရံ​တော်​နတ်​သမီးတစ်​ပါး အခစားဝင်​​ရောက်​လာသလိုမျိုး ကိုယ်​ ​ခေါင်းကို​မော့ ရင်​ကို​ကော့ပြီး ​ကျောင်း​တော်အလယ်​မှာ ​မော်​ကြွားခဲ့ဖူးတာ​ပေါ့ ​ကောင်​မ​လေး​ရေ..

ရယ်​လိုက်​တိုင်း ပါးချိုင့်​​လေးတစ်​ဖက် လင်းလက်​သွားတတ်​တဲ့ မင်း​လေးရဲ့အပြုံးတိုင်းအတွက်​ ကိုယ်​ဟာ မင်းပါးချိုင့်​​လေးအတွက်​ ​ပျော်​​တော်​ဆက်​ခဲ့ရဖူးတဲ့ လူရွှင်​​တော်​ တစ်​​ယောက်​လည်း ဖြစ်​ခဲ့ဖူး​လေရဲ့..

အဲ့ဒီအချိန်​​တွေကတည်းက ကိုယ့်​နှလုံးသားမှာ နားခိုခွင့်​​ပေးခဲ့မိတဲ့ ​နေရာလပ်​​လေးဟာ မင်းတစ်​​ယောက်​ထဲအတွက်​ပါ ကာင်​မ​လေး​ရေ...

မပြည့်​စုံခြင်း​တွေနဲ့ ထုံမွှန်းထားတဲ့ ကိုယ့်​ရဲ့​လောကဓံမှာ ချစ်​ရတဲ့မင်း​လေးကိုပါ ကျိန်​စာမသင့်​​စေချင်​ခဲ့ဘူး​လေ..
image
Image source
ငွေတစ်​ခုထဲနဲ့ပြည့်​စုံရမယ့်​ဘဝဆိုရင်​ ကိုယ်​မ​ကြောက်​ပါဘူး။အချစ်​တစ်​ခုထဲနဲ့ ပြည့်​စုံရမယ်​ဆိုရင်​လည်း ကိုယ်​မမှုပါဘူး​လေ..
ကိုယ်​လိုချင်​တာက မင်း​လေးရဲ့ စိတ်​ချမ်းသာမှုနဲ့ ​ပျော်​ရွှင်​​နတေဲ့ဘဝကို​လေ..
ဒါဟာ အတ္တတစ်​ခုဖြစ်​ပါ​စေ မင်းကိုချစ်​မိတဲ့ ကိုယ့်​ချစ်​ခြင်းဟာ ​ပေးဆပ်​ခြင်းနဲ့ပြည့်​စုံချင်​သူပါ​လေ..

ကောင်​မ​လေး​ရေ
မင်း​လေးရဲ့ လင်းလက်​တဲ့အပြုံး​တွေနဲ့ တစ်​ပါးသူရင်​မှာ ထာဝရ​ပျော်​ရွှင်​​နေနိုင်​တယ်​ဆိုရင်​ ကိုယ်​ဟာ မ​မျှော်​သာ ​တော်​ရာအလွမ်းနဲ့ ​ပေးဆပ်​လို့​ပျော်​​နေမယ့်​သူပါ ​ကောင်​မ​လေး​ရေ..

တိတ်​ဆိတ်​​ကြေကွဲ​နေမိတဲ့ စာမျက်​နှာ​တွေထက်​မှာ မင်းရဲ့ ပါးချိုင့်​​လေးကို သတိတရ လွမ်း​နေမိရရုံနဲ့၊ ​ပျော်​ရွှင်​ခဲ့ဖူးတဲ့ အတိတ်​​တွေထဲမှာ ​ကောင်​မ​လေးကို သတိတရ လွမ်း​နေခွင့်​ရရုံနဲ့ ​ကောင်​မ​လေး​ရေ...
မင်းအတွက်​ ကိုယ်​ဟာ ကမ္ဘာ​မြေကြီးရဲ့ တစ်​​နေရာက​နေ ​ပေးဆပ်​ခြင်းအတ္တတစ်​ခုနဲ့​တော့ မှတ်​မှတ်​ရရ​လေး လွမ်း​နေပါရ​စေ​ကောင်​မ​လေး​ရေ..
လွမ်း​နေခွင့်​​လေး​တော့ ​ပေးပါ ​ကောင်​မ​လေး​ရေ...
image
Image source

Writter htetnainglin@htetnainglin
Msc 188

ကောင်​မ​လေးသို့ | Ecency