တိုးတက်​ခြင်း

Words
146
Reading
1 min
Listen
Play
9y

image
ဒီ​နေ့ပတ်​ဝန်းကျင်​ဟာ ကျွန်​​တော်​တို့ လူငယ်​​တွေကိုယ်​တိုင်​ လိုက်​မမီ​အောင်​ ရုပ်​ဝတ္ထု​တွေ တိုးတက်​​နေကြပါတယ်​။ နည်းပညာအသစ်​အဆန်း​တွေဆိုရင်​ ကျွန်​​တော်​တို့​တွေ မသိတာ​တွေအများကြီးရှိပါ​သေးတယ်​။
ကျွန်​​တော်​တို့လို စီးပွား​ရေးအရ ဆင်းရဲတဲ့နိုင်​ငံမှာ အစစအရာရာ နိမ့်​ကျ​နေတာ တိုးတက်​မှု အားနည်းလို့ပါပဲ။
ရုပ်​ဝတ္ထု​တွေ မတိုးတက်​​တော့ စိတ်​ပိုင်းဆိုင်​ရာ​တွေ တိုးတက်​သလားဆို​တော့လည်း fbတစ်​ခါ ကြည့်​မိတိုင်း ဆဲလိုက်​ကြတာ မိုးမွှန်​လို့ လိုင်းသုံးပြီးမှ ပိုပြီး​တောင်​ ရိုင်းစိုင်း​နေကြသလား ​အောက်​​မေ့ရ​အောင်​ပါပဲ။
ဘယ်​အရာမဆို တိုးတက်​ဖို့ဆိုရင်​ ကျွန်​​တော်​တို့​တွေက တိုးတက်​​အောင်​ကြိုးစားကြရမှာပဲ ဖြစ်​ပါတယ်​။ လုပ်​သမျှ​လောက်​ကို အခန့်​သား ထိုင်​စား​နေရင်​ တိုးတက်​မှုရပ်​သွားပါလိမ့်​မယ်​။
အဲ့ဒီလို မဖြစ်​ရ​အောင်​ အသစ်​အသစ်​​တွေကို တီထွင်​ဖန်​တီးပြီး အမြဲတ​စေ ရှင်​သန်​ကြီးထွား​နေ​အောင်​ ကြိုးစား​နေကြဖို့လိုပါတယ်​။
တိုးတက်​တဲ့နိုင်​ငံဟာ စာဖတ်​၍စာဖတ်​​တဲ့ နိုင်​ငံတိုင်း တိုးတက်​ကြတယ်​ လို့ ဦးသန့်​က​ပြောဖူးပါတယ်​။
image
စာဖတ်​​နေရုံမျှနဲ့ မတိုးတက်​ပါဘူး။ စာဖတ်​ပြီး ဦး​နှောက်​ အ​တွေးအ​ခေါ် အ​တွေးအကြံ​တွေကို ပွင့်​လန်းရှင်​သန်​​နေ​အောင်​လုပ်​ပြီး အဲ့ဒီစိတ်​ကူး​တွေကို လက်​​တွေ့အ​ကောင်​အထည်​​ဖော်​​နေကြမှသာ အမှန်​တကယ်​ တိုးတက်​မှာပါ။

ဒီ​​နေ့ ကမ္ဘာ​ပေါ်မှာ ဖုန်း​တွေထဲမှာ အ​ကောင်းဆုံးလို့ သတ်​မှတ်​ခံထားရတဲ့ အိုင်​ဖုန်း​ဟာ ဒီ​နေ့ပထိ အသစ်​အဆန်း​တွေကို ဖန်​တီးပြီး တိုးတက်​မှုကို ရယူ​နေတာဖြစ်​ပါတယ်​။ သူတို့ အိုင်​ဖုန်းကို လူ​တွေ သိပ်​ကြိုက်​ကြတာကလည်း အဲ့ဒီဆန်းသစ်​​နေမှု​ကြောင့်​ပါပဲ။

ဒါဟာ မရပ်​တန့်​တဲ့ ကြိုးစားမှု​ကြောင့်​ ရရှိ​နေတဲ့ တိုးတက်​မှုပဲ ဖြစ်​ပါတယ်​။အဲ့ဒီတိုးတက်​မှုနဲ့အတူ ​အောင်​မြင်​မှုကိုလည်း ရရှိ​နေတာ ဖြစ်​ပါတယ်​။

ဆန်းသစ်​မှု​တွေကို အမြဲရှာ​ဖွေ​နေပြီး အဲ့ဒီဆန်းသစ်​မှု​တွေဟာ လူ​တွေနဲ့ ဘယ်​​လောက်​အံဝင်​ခွင်​ကျ ဖြစ်​​စေသလဲ။ လူ​တွေ ဘယ်​​လောင်​ကြိုက်​ကြသလဲ ဆိုတဲ့အ​ပေါ် မူတည်ုပီး ရှာ​ဖွေသင့်​ပါတယ်​။

ကိုယ့်​ရဲ့လက်​ရှိအ​ခြေအ​နေက​နေ ​ငွေ​ကြေးပဲဖြစ်​ဖြစ်​ အသိပညာပဲပဲ ဖြစ်​ဖြစ်​ အရင်​ကထက်​ ပိုများလာတယ်​ ပိုသိလာတယ်​ ဆိုရင်​ ဒါဟာ တိုးတက်​မှုတစ်​ခုပါပဲ။
ကိုယ့်​တိုးတက်​မှုကို ကိုယ်​တိုင်​ဖန်​တီးပြီး ကိုယ့်​တိုးတက်​မှုလမ်းစကို ကိုယ့်​ဘသာပဲ ရှာ​ဖွေကြရမှာ ဖြစ်​ပါတယ်။ မူလအ​ခြေအ​နေထက်​ ယုတ်​​လျော့သွားတဲ့အဖြစ်​မျိုးကို ဘယ်​သူမှ အလိုမရှိကြပါဘူး..လူတိုင်းက​တော့ တိုးတက်​ချင်​ကြ ဖွံ့ဖြိုး ချင်​ကြတာချည်းပါပဲ။

ရုပ်​ပိုင်းဆိုင်​ရာ တိုးတက်​မှုပဲ ဖြစ်​ဖြစ်​ စိတ်​ပိုင်းဆိုင်​ရာ တိုးတက်​မှုပဲဖြစ်​ဖြစ်​ ကျွန်​​တော်​တို့​တွေဟာ ကိုယ့်​တိုးတက်​မှု​တွေကို ကိုယ့်​ဘာသာပဲ ရှာ​ဖွေကြရမှာပါ..။

ကျွန်​​တော်​တို့ ​တွေလည်း ကိုယ်​တိုင်​ ​အောင်​မြင်​ချင်​ကြရင်​ ကြိုးစားကြရမှာဖြစ်​သလို ကြိုးစားမှုရလာဒ်​ဖြစ်​တဲ့ ​အောင်​မြင်​တဲ့ တိုးတက်​ခြင်း​တွေကိုလည်း ​နောက်​ဆက်​တွဲရရှိ​နေမှာ ဖြစ်​ပါတယ်​။
image

Writter htetnainglin@htetnainglin
Msc 188
Photo credit google

တိုးတက်​ခြင်း | Ecency