ခေတ်စနစ်ရဲ့လက်ရှိအခြေအနေအပေါ် သုံးသပ်ခြင်း
ခေါင်းစဉ်ကြီးကြည့်ပြီးတော့တော့ လန့်မသွားကြပါနဲ့ဗျာ ကျနော်ပြောချင်တာက လက်ရှိ မြန်မာ့ ရုပ်ရှင်လောကရဲ့ ဖြစ်ပေါ်နေမှုတွေကိုပါ။ 23ရက်နေ့တုန်းက ၂၀၁၇အတွက် အကယ်ဒမီဆုပေးပွဲလုပ်တယ်..ရသင့်သူတွေရသွားကြတာပါပဲ။
အဲ့ဒီမှာ လူကြီးတစ်ဦးရဲ့ ကျေးဇူးတင်စကားက အသွားနည်းနည်း ထည့်လိုက်သလိုဖြစ်သွားတော့ အဲ့ဒီအသွားနဲ့ ထိသူတွေကတော့ မသိဘူး ဘေးကနေ သွေးမြင်ပြီး လန့်သူတချို့ကြောင့် ဖေ့စ်ဘုတ်လောက ပွဲဆူသွားခဲ့တယ်။ တစ်ဦးကျတော့လည်း ပြောချင်ရာ ပြောသွားတယ်လို့ ဝိုင်းအော်ကြတယ်။ တကယ်တော့ သူက အမှန်တွေပြောတာပါတဲ့.. ပြောပြန်တယ်။ သတ္တိကတော့ ဗျတ်ဝိပဲ ဘယ်သူ့မှဂရုမစိုက်ဘူး ဆိုတဲ့ပုံစံမျိုးကို ပြောသွားတာ..။
နောက်ဆက်တွဲ သတင်းကတော့ မြန်မာ့ရုပ်ရှင်လောကနဲ့ အသားမကျလှတဲ့ အနုပညာရှင်တစ်ချို့ရဲ့ ပွဲထွက်မှုအတွက် ဝေခြမ်းနေရာ မပေးချင်သူတွေရဲ့ အပြောတချို့တွေပါပဲ...။
တစ်ခါတလေ အမှားတွေ ကိုယ်က အပျက်ကိုပြောလိုက်မှ ဟိုက ပိုပြီး အရောင်တောက်သွားတဲ့ အဖြစ်အပျက်တွေဟာ ဒီကိစ္စမှာ ပိုဖြစ်နေတယ်လို့ ဆိုရပါလိမ့်မယ်။
သူတို့ပြောလိုက်မှ လူတွေ ပိုစိတ်ဝင်စားကုန်ကြပြီး ရုံဝင် လူကြပ် နိုင်ငြံးရပ်ခြားမှာ လည်း လက်မှတ်တွေ ပြတ်တဲ့အဆင့်အထိ လူတွေရဲ့ သိချင်စိတ်က ပိုပြီး ပြင်းပြသွားကြတယ် ဆိုတာ မငြင်းနိုင်တော့ပါဘူး။
ခေတ်စနစ်ရဲ့အခြေအနေအရ သတင်းသိပိုင်ခွင့်လျင်မြန်လျှာုကို ပြည်သူတွေ ခံစားလာနိုင်ကြတာ ဝမ်းသာစရာပါ။ အမှန်တရားနဲ့ အရှိကို အရှိအတိုင်း လက်ခံလာနိုင်ကြတာလည်း ဝမ်းသာစရာပါပဲ။ ဆိုးတာက ကိုယ့်ကိစ္စကိုယ်မလုပ်ပဲ သူများအရေးထဲမှာ ဝင် ဝင် ဆဲရေး တတ်နေကြတာလေး ပြုပြင်ဖို့ ကောင်းပါတယ်။ သူတို့အရှုပ် သူတို့ဘာသာ ရှင်းနိုင်ကြမှာ ဖြစ်ပေမဲ့ ဓားခုတ်ခံရသူကတော်တော် သွေးမြင်ပြီး ဟစ်အော်ကြသူတွေက များများနဲ့. မြန်မာ့ဖေ့စ်ဘုတ်လောက အုတ်အော် သောင်းနင်း ဖြစ်နေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အများကြီး တိုးတက်လာနိုင်တဲ့ အခြေအနေနဲ့ မြန်မာ့ရုပ်ရှင်ကို မြင်လိုက်ရတာတော့ ဝမ်းသာစရာပါပဲ။ ရှေးရိုးစွဲ စိတ်ဓာတ်တချို့ ရှိနေကြသေးတာလည်း စိတ်ပျက်စရာပါပဲ။
အထူးသဖြင့် သိန်းသောင်းချီတွေ သိန်းထောင်ချီတွေ သိန်းရာချီတွေ ဝတ်စားပြီး အပုတ်ကောင်တွေကို ရုပ်ဆောင် ဝတ်စားထားကြပေမဲ့ အားလုံးရဲ့ အိမ်အပြန်မှာ တကွင်းလုံး အမှိုက်တွေ ဗရပွ ကျန်ခဲ့တာကို သိမ်းနေတဲ့ လူတစ်ယောက်ရဲ့ ပုံလောက် စိတ်ချမ်းသာစရာတော့ မရှိသေးပါဘူးလေ..။
Writter @htetnainglin
Images from google
Msc 188