စည်းလုံးခြင်း
ဘောလုံးကန်ကြမယ်ဆိုရင် အရေးအကြီးဆုံးကတော့ စည်းလုံးခြင်းပါပဲ။တစ်ယောက်ချင်း ဘယ်လောက်ပဲကောင်းပါစေ တစ်ယောက်ထဲအားနဲ့ အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
နည်းပြရဲ့ နည်းစနစ်ကောင်းတာတစ်ခုထဲနဲ့လည်း အသင်းအနိုင်မရနိုင်ပါဘူး..။ တချို့နိုင်ပွဲတွေဆို တစ်ယောက်ချင်း သိပ်မကောင်းပါပဲနဲ့ တစ်သင်းလုံး စည်းလုံးမှုအားနဲ့ အနိုင်ရသွားတာတွေလည်း ရှိပါတယ်။
မန်ယူအသင်း တစ်ချိန်က အောင်ပွဲခံခဲ့ချိန်တွေကို ကြည့်ရင် တစ်ယောက်ချင်း ကောင်းတာထက် တစ်သင်းလုံး စည်းလုံးမှုနဲ့ အောင်ပွဲခံခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။
ဖာဂူဆန်ရဲ့ နည်းစနစ်ကောင်းလွန်းတယ်ဆိုတာထက် တစ်သင်းလုံးရဲ့ စည်းလုံးမှုကို ထိန်းချုပ်နိုင်လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အခု နည်းပြကြီး မော်ရင်ဟိုနဲ့ မန်ယူအသင်းရဲ့ အောင်မြင်မှုတွေ ထင်သလောက်မရသေးတာကတော့ အသင်းရဲ့ စည်းလုံးမှုကို မထိန်းချုပ်နိုင်သေးလို့ပဲ ထင်ပါတယ်။
ပေါ့ဘာနဲ့ ကတောက်ကဆ ဖြစ်တယ် ဆိုတဲ့သတင်းမျိုးတို့ ဘယ်သူနဲ့ ကတောက်ကဆ ဖြစ်တယ်ဆိုတဲ့ အသံမျိုးတွေက အသင်းသားတွေကို စည်းလုံးမှု အားနည်းစေသေးတာဖြစ်ပါတယ်။
စည်းလုံးခြင်းတစ်ခုဆိုတာ ဘယ်လောက်အားကောင်းသလဲဆိုရင် လက်ချောင်းလေးတစ်ချောင်းချင်းစီကို လက်သီးတစ်ခုဖြစ်အောင် လုက်ပြီးတဲ့အခါ အင်အားဟာ ဘယ်အထိ ပြင်းထန်သွားတယ် ဆိုတာ သိနိုင်ပါတယ်။
လက်ဝါးပြန့်ပြီး ရိုက်လိုက်တာထက် လက်သီး ဆုပ်ပြီး လက်သီးနဲ့ ထိုးလိုက်တာ က ပိုပြီး အားပြင်းတာဟာ လက်ချောင်းလေးတွေကို စုစည်းထားလို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အဖိုးအိုနဲ့ သားသုံးယောက် ပုံပြင်က စည်းလုံးခြင်းရဲ့ သဘောကို ပြနေတာ ကျွန်တော်တို့ သိနိုင်ပါတယ်။
ထင်းချောင်းလေး တစ်ချောင်းချင်းစီ ချိုးလိုက်တဲ့အခါ အလွယ်တကူချိုးနိုင်ကြပြီးတော့ ထင်းစည်းကို ချိုးခိုင်းတဲ့အခါမှာတော့ မချိုးနိုင်ကြတော့တာ တွေ့ရမှာပါ..
ဒါဟာ စည်းလုံးခြင်းရဲ့ အားကြောင့်ပါပဲ။
ကျွန်တော်တို့ steemလုပ်ကြတဲ့အခါမှာလည်း တစ်ဦးချင်း တစ်ယောက်ချင်းနဲ့ ရပ်တည်လို့မရနိုင်တဲ့အတွက် အားလုံးက လက်သီးတစ်ဆုပ်လို ထင်းစည်းတစ်စည်းလို စုစုစည်းစည်းနဲ့ အားတစ်ခုလို ဖန်တီးပြီး ရှေ့ဆက်ကြမယ်ဆိုရင် ပိုပြီး အောင်မြင်ကြမယ် ပိုပြီး အင်အားပြင်းလာမယ်လို့ပဲပြောချင်ပါတယ်ခင်ဗျား
Writter @htetnainglin
Msc188
Photo from google images